U Kyaw Zay Ya
ရုပ်အရမ်းဆင်တဲ့ အမွှာညီအစ်ကိုနှစ်ဦးရှိတယ်။ အစ်ကိုဖြစ်သူမှာ
လှေအိုတစ်စီးရှိပြီး ညီဖြစ်သူမှာ ရောဂါထူတဲ့ မိန်းမတစ်ဦးရှိတယ်။ တစ်နှစ်မှာ
ညီအစ်ကိုနှစ်ဦးစလုံး ကံမကောင်းခဲ့ဘူး။ အစ်ကိုရဲ့ လှေမြှုပ်သွားခဲ့သလို
ညီရဲ့မိန်းမလည်း ဆုံးခဲ့ရတယ်။
တစ်နေ့မှာ အစ်ကိုဖြစ်သူက လမ်းမှာ မိတ်ဆွေတစ်ဦးနဲ့ဆုံခဲ့တယ်။ မိတ်ဆွေက သူ့ကို
"ညီ"လို့ထင်မှတ်ပြီး "ကျွန်တော် စိတ်မကောင်းဘူးဗျာ"
(မိန်းမဆုံးသွားတာကို>ရည်ညွှန်ြး
ဒါကို အစ်ကိုက သူ့လှေမြှုပ်သွားတာကို ပြောတယ်ထင်ပြီး "ဟုတ်တယ်ဗျာ..
ကျွန်တော်အစတည်းက သိတယ်။ သူက ရှေ့ကွဲတဲ့အပြင် နောက်မှာလည်း
အပေါက်တစ်ပေါက်ပါသေးတယ်။ အပေါက်ကနေ ရေတွေပန်းပန်းထုတ်တာ အဆိုးဆုံးပဲ။
ဟိုတစ်လောက သူငယ်ချင်းတစ်ယောက် အကြာကြီး ငှားသွားသေးတယ်။ ဒါကြောင့်ခုလို
ဖြစ်သွားရတာ"