ကျွန်တော့်ဆီလာလည်ကြသော သူငယ်ချင်းမိတ်ဆွေများကို အမြဲကြိုဆိုလျက်ပါ...ကျွန်တော်မှားတာလေးတွေ တွေ့ရင်လည်းခွင့်လွတ်ကြပါ..ကျေးဇူးတင်ပါတယ်...(စိုင်းလေး)

Tuesday, October 30, 2012

ဟာသများ



၁။ သတင်းကောင်း
ယောကျာ်းဖြစ်သူ အလုပ်က ပြန်လာသည်။ မိန်းမဖြစ်သူရဲ့ ညိုးငယ်သော မျက်နှာကို ကြည့်ကာ အိမ်တွင်
 တစ်ခုခုဖြစ်ပြီဟု သိလိုက်သည်..
ယောကျာ်း ။ ။"မကောင်းတဲ့ သတင်းနဲ့ ငါ့ကို မကြိုနဲ့ကွာ၊ ရုံးမှာ စိတ်ညစ်ရတာနဲ့ကိုပဲ ငါ့မှာ
 လုံလောက်နေပြီ"

မိန်းမ။ ။ကောင်းပြီ ရှင်ကို သတင်းကောင်းနဲ့ အရင်ပြောမယ်၊ ကျွန်မတို့ဆီမှာ ကလေးငါးယောက်
 ရှိတယ်နော်။
အဲ - လေးယောက်ဟာ ဒီနေ့မှာ ခြေထောက်ရော လက်ရော မကျိုးဘူး"
 ၂။ ဆက်စပ်နေတာကိုး
လူနာ။ ။"ဒေါက်တာ၊ ကျနော်ကို ကယ်ပါဦး၊ ညတိုင်း ညတိုင်း အိပ်မက်တစ်ခုတည်းကိုပဲ မက်နေတယ်။
ဘယ်နေရာ ကြည့်ကြည့် မီးတောက်မီးလျှံတွေကိုပဲ မြင်ရတယ်။ တစ်ကိုယ်လုံး
ပူလောင်အိုက်စပ်နေတယ် ၊ အသက်ရှုလို့လည်း မ၀ဘူး.. ဆိုးဆိုးဝါးဝါး ခံစားရတယ်
ဒေါက်တာရယ် "
ဆရာဝန်။ ။ "နေ့ခင်းမှာ ခင်ဗျား နေပူစာ လှုံတယ်ထင်တယ်"
လူနာ ။ ။ "မလှုံပါဘူး ဆရာ"
ဆရာဝန်။ ။"ဒါမှမဟုတ် မအိပ်ခင် အိပ်ရာကို သန့်ရှင်းအောင် ဖုန်တွေ ဘာတွေမခါဘူးထင်တယ်"
လူနာ ။ ။"ကျနော် အိပ်ခါနီးတိုင်း ခါပါတယ်ဆရာ "
ဆရာဝန်။ ။"ခေါင်းမြီး ခြုံအိပ်တယ်နဲ့ တူတယ်"
လူနာ။ ။ "မအိပ်ပါဘူးဆရာ"
ဆရာဝန်။ ။"ပိုက်ဆံကို မီးရှို့ ပစ်သလိုသုံးနေလို့ မိန်းမကခင်ဗျားကို အပြစ်တင်တယ် ထင်တယ်"
လူနာ။ ။"ကျွန်တော် အဲလိုလူ မဟုတ်ပါဘူး ဆရာ"
ဆရာဝန်။ ။"အင်း၊ အကြောင်းရင်းကို ဖော်ထုတ်ရ ခပ်ခက်ခက်ပဲ ဒါနဲ့ စကားမစပ် ခင်ဗျား ဘာလုပ်သလဲ"
လူနာ။ ။ "မီးသတ်သမားပါ"

Sunday, October 28, 2012

ကွန်ပျူတာအကြောင်း အသေးစိတ်သိစရာ - Zaw Lin (YOUTH)


ကွန်ပျူတာအကြောင်း အသေးစိတ်သိချင်ရင်တော့ - Zaw Lin (YOUTH)...စာအုပ်လေးကိုဖတ်ကြည့်ပါ....
Download 
 
 

ဆရာမဂျူးစာအုပ်များ(၁)



 ဆရာမဂျူးစာအုပ်လေးတွေဖတ်ချင်သူတွေအတွက်ပြန်လည်
မျှဝေလိုက်ပါတယ်။ဖတ်ချင်သူတွေအောက်မှာဒေါင်းလိုက်နော့်....(စိုင်းလေး)
၁..ကြယ်စင်တံတား ကမ်းပါးနှင်းဖြူ
၂..ချစ်သူရေးတဲ့ ကျွန်မရဲ့ ညတွေ (၁ )
၃..ချစ်သူရေးတဲ့ ကျွန်မရဲ့ ညတွေ (၂ )
၎..ဘဝဇာတ်ဆရာ - Movie review - Trueman Show
၅..လရဲ့အောက်ဘက် မိုင်အဝေးမှာ
၆..လူနှင့်ကြိုး - Movie review - Legend of the Fall
၇..အမှတ်တရ
Facebookအကောင့်တော့ရှိမှရမယ်............................။

Friday, October 26, 2012

ရာသီဖွား ဗေဒင်ဟာသ



(၁) Aries (မိဿရာသီဖွား — မတ်လ ၂၁ မှ ဧပြီ ၁၉ အတွင်းမွေးဖွားသူ)
မေမေ “Aries သမီးလေး.. စကပ်ဝတ်ထားတဲ့အချိန် ဒါန်းမစီးရဘူးနော်။ ကောင်လေးတွေ
သမီးရဲ့အတွင်းခံကို တွေ့သွားနိုင်တယ်”
Aries “ဟုတ်ကဲ့ပါ မေမေ”

ဒါပေမယ့် တစ်နေ့မှာ Ariesက မေမေဆီပြေးလာပြီး “မေမေ… မေမေ ဒီနေ့
အောင်အောင်နဲ့ဒါန်းစီးပြိုင်တာ သမီးနိုင်တယ်”
မေမေက စိတ်တိုပြီး “စကပ်ဝတ်ထားရင် ဒါန်းမစီးရဘူးလို့ မေမေမှာထားတယ်မဟုတ်လား?”
Aries “သမီး ဒီလောက်မအပါဘူး မေမေရဲ့၊ အတွင်းခံကို သူမမြင်အောင် ချွတ်ထားပြီးမှဒါန်းစီးတာပါ”
(Ariesဖွားက ရဲရင့်၊ ပွင့်လင်းပြီး လုပ်ရဲရင် ခံရဲသူဖြစ်တယ်)

(၂) Taurus (ပြိဿရာသီဖွား–ဧပြီ ၂ဝ မှ မေ ၂ဝ အတွင်းမွေးဖွားသူ)
ဖရဲသီးရောင်းသူ “လာနော်.. လာနော်.. ဖရဲသီးချိုတယ်၊ မချိုရင် ပိုက်ဆံမယူဘူး”
ရေဆာနေတဲ့ Taurus ” အတော်ပဲ… ကျွန်တော့်ကို မချိုတာပေးပါ”
(Taurusဖွားက အိမ်၊ မိသားစုကို ထိန်းသိမ်းနိုင်သူ ဘေးချော်ချင်သည့်တိုင်ကိုယ့်ကိုကာကွယ်တတ်သူဖြစ်တယ်)

ထူးဆန်းထွေလာပြည်မြန်မာ(ဟာဒရ)

အန်ကယ် ကြီး

(၁)မြန်မာနိုင်ငံတွင် ပထမဆုံးရေသုံး ၍ အိမ်သာတက်ခဲ့သော ဘုရင်မှာ ဘိုးတော်
ဦးဝိုင်း ( ၁၇၈၂- ၁၈၁၉ ) ဖြစ်သည်။

(၂)၁၈၈၅ ခုနှစ်တွင် သူ့ကျွန်ဘ၀ ကျရောက်ပီး ၁၈၈၆ ခုနှစ်တွင်ဖွင့်လှစ်
ခဲ့သောစက်ရုံသည် မန္တလေး ဘီယာ နှင့် အရက်ချက်စက်ရုံဖြစ်သည်။

(၃)တယ်လီဖုန်းအား လေပေါ်မြှောက်ကာ ဝှေ့ရမ်း၍ လိုင်းရှာရသော နည်းပညာ ကို
မြန်မာနိုင်ငံမှ စတင် တီထွင်ကာ ရောင်းချခဲ့သည်။

(၄)သတင်းစာကို နောက်ဆုံး မှ လှန်ဖတ်သော ဓလေ့စရိုက် သည်
မြန်မာနိုင်ငံတွင်သာရှိသည်။

(၅)ကမ္ဘာပေါ်တွင် ဆောင်ပုဒ် အများဆုံး နိုင်ငံမှာ မြန်မာနိုင်ငံဖြစ်သည်။

(၆) ခြင်တောင်လှန်၍ သန်းခေါင်စာရင်းစစ်သောအလေ့အထသည်
ကမ္ဘာပေါ်တွင်
မြန်မာတနိုင်ငံတည်း၌သာရှိသည်။

(၇) ကမ္ဘာပေါ်တွင် ၀ါးတားဂိတ်
(၀ါးလုံးတား၍ပိုက်ဆံတောင်းသောဂိ
တ်)အများဆုံးတိုင်းပြည်မှာ မြန်မာပြည်ဖြစ်သည်။

ခြေရှုပ်သူရဲ့ ဇနီးမယားတို့ သိစေဖို့အချက် (၁၄) ချက်

http://www.lubo601.com............မှ

၁ .။ လင်ယောင်္ကျား အပေါ် အတတ်နိုင်ဆုံးစကားကိုချိုသာစွာ ပြောဆိုပါ..။

၂..။နို့ စို့ ကလေး အရွယ်မှလွဲ၍ အိပ်ရာသီးခြားခွဲသိပ်ပါ. ။( ဖြစ်နိုင်ရင် လင်မယား ၂ ယောက် ထဲသာသီးသန့်အိပ်စက်သင့်ပါတယ် )

၃..။ အချိန်ရလျင်ရသလို စာဖတ်ပါ.။( စာဖတ်ခြင်းကြောင့် ဗဟုသုတ တိုးပြီး စိတ်ခွန်အားရစေပါတယ်)

၎..။ လတ်တလောခြေလှမ်းပျက်နေသောလင်ယောင်္ကျားအား မေးမြန်းစုံစမ်းခြင်းမပြုပဲ အသာစောင့်ကြည့်ပါ.။( လင်ယောင်္ကျားဘက်က မည်သည့်အကြောင်းအရာမှ ဖွင့်ဟခြင်းမရှိသေးသရွေ့ မိမိသိနေ ရိပ်မိနေကြောင်းမပြပါနှင့် )

ဘုရားရှိခိုးရခြင်း၏အကြောင်းရင်း

http://www.lubo601.com.........မှ

ဘုရားရှိခိုးရခြင်း၏အကြောင်းရင်းမှာ မြတ်စွာဘုရားသည် ကောင်းသောသဘာဝတရားများ နှင့် မကောင်းသော သဘာဝတရားများကို ဟောကြားပေးခဲ့သည်။ သင်ကြားပေးခဲ့သည်။ ထိုကြောင့် မြတ်စွာဘုရားကို ဗုဒ္ဓဘာသာဝင်တို့က ဆရာအဖြစ်မှတ်ယူသည်။ ဆရာအဖြစ်မှတ်ယူကာ ကျေးဇူးတင်သည့်အနေဖြင့် ရှိခိုးခြင်းဖြစ်သည်။ မြတ်စွာဘု၇ားကို ကြောက်၍ ရှိခိုးခြင်းမဟုတ်ပါ။ ရှိမခိုးဘဲ နေလိုက နေနိုင်သည်။ ကိုယ်ကျင့်တရားသာ အဓိကဖြစ်သည်။ မိမိကိုယ်တိုင် ကိုယ်ကျင့်တရားကောင်းမွန်ကာ ပတ်ဝန်းကျင်ကို ငြိမ်းချမ်းအောင် လုပ်ပေးဖို့နှင့် ကိုယ့်ပတ်ဝန်းကျင် စိတ်ချမ်းသာအောင် လုပ်ပေးဖို့ အရေးကြီးသည်။

Thursday, October 25, 2012

ဗုဒ္ဓဘာသာနှင့် နတ်ကိုးကွယ်မှု၊ ဗေဒင်ယုံကြည်မှု

lubo....မှ

ခေါင်းစဉ်ဖတ်လိုက်တာနဲ့ အင်မတန်စိတ်ဝင်စားစရာကောင်းမဲ့ အကြောင်းအရာဆိုတာ စာဖတ်သူ ဓမ္မမိတ်ဆွေတို့ သိရှိမှာဖြစ်ပါတယ်။
 ဟုတ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တို့ နတ်ကိုးကွယ်ဆည်းကပ်ခြင်းသည် မှန်သလော မှားသလောမှာ ဆိုတာ တော်တော်များများ ဇဝေဇဝါဖြစ်နေသော မေးခွန်းဖြစ်ပါတယ်။ “ဘယ်နတ်မှ မကိုးကွယ်ဘူး။
အိမ်စောင့်နတ်လေးတော့ ကိုးကွယ်တယ်” ဆိုတာမျိုးတွေက အစ အားလုံးရှင်းလင်းအောင် တတ်နိုင်သမျှ ရှင်းလင်းပြသွားပါမယ်။
 ၃၁ ဘုံမှာ နတ်တို့ဟာ နတ်ပြည်ခြောက်ထပ်မှာ စံမြန်း (နေထိုင်) ပါတယ်။ ဒါတွေထားလိုက်ပါ။ (သေချာသိချင်တယ်ဆိုရင် ဘုံအကြောင်း သည်းသန်ရေးပါ့မယ်။) ဗုဒ္ဓဘာသာဝင်အများစု ကိုးကွယ်နေသော နတ်မျိုးပေါင်းစုံရှိပါတယ်။ ကိုကြီးကျော်၊ ရှင်ကြီး၊ရှင်လေးဆိုလား၊ ဘဲဥလက်နှစ်ဖက်ကိုင် နတ်မယ်။ မယ်ဝဏ္ဏ။ မဖဲပြာလား၊ ဝါလား။ နတ်စိမ်းလားဘာလား အမျိုးမျိုးအထွေထွေရှိပါတယ်။ ရေကြောက်သောနတ်၊ရေနိုင်သော နတ်၊ မီးကြောက်သောနတ်၊ မီးနိုင်သောနတ် စသည်ဖြင့် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတိုးကိုးကွယ်နေတာ အင်မတန် စုံလင်လှပါတယ်။

Wednesday, October 24, 2012

နေရာဒေသမရွေး သွားလာနိုင်တဲ့ Tank Chair.....

လွမ်းမပြေ......မှ

ပျက်နေတဲ့ Memory Card ကိုပြုပြင်မယ်

ကွန်ပျူတာသုံးနေတဲ့ညီအကိုများ USB ဆိုတဲ့ Memory Data တွေကိုထည့်သွင်းထားလို့၇နှိုင်တဲ့ပစ္စည်းလေးနဲ့တော့မလွတ်ကင်းနှိုင်ကြပါဘူး တစ်ချို.က Program တွေထည့်ကြတယ်တစ်ချို.သောသူများကဗီဒီယိုနဲ့Mp3

သီချင်းတွေထည့်ကြတယ်။။စက်ပစ္စည်းမှန်၇င်မပျက်တတ်သောပစ္စည်းဆိုတာဘယ်အ၇ာမှမရှိပါဘူး အဲ ပြင်လို့၇သောပျက်ခြင်းနဲ့ပြုပြင်လို့မ၇သောပျက်ခြင်းဆိုပြီးတော့နှစ်မျိုးရှိပါတယ် ဥပမာ USb စတစ်ကိုခွာထုတ်ပြီးတစ်စဆီကလိထားမယ်ဆို၇င်တော့ပြန်လည်ပြုပြင်ဖို့ခက်ခဲပါလိမ့်မယ်...အခုကျွန်တော်ပေးမယ့်ဆော့ဝဲလေးကတော့ကိုယ့်၇ဲ့ USB Memory Card ကိုအနှိပ်မှားလို့ဖြစ်စေ Format ချမှားလို့ဖြစ်စေ ဒါမှမဟုတ် Data တွေအဆမတန်ထည့်မိလို့ဘဲဖြစ်စေ ပျက်သွားတဲ့ USB ကဒ်တွေကိုပြန်လည်ပြုပြင်ဖို့အတွက်အသုံးဝင်တဲ့ဆော့ဝဲလေးဖြစ်ပါတယ်။။။ဘာKeyမှလည်းမလိုပါဘူး ဒါပေမယ့် Window xp တစ်ခုတည်းမှာဘဲအသုံးပြုလို့၇မှာပါ...နောက်ထပ်Window 7 အတွက်ရှာလို့တွေ့၇င်လည်းကျွန်တော်တင်ပေးပါ့မယ်။။။ဖိုင်ဆိုဒ်ကတော့ 45mb ဘဲရှိပါတယ်...အသုံးလိုတဲ့ညီအကိုများအောက်မှာယူသွားလိုက်ပါခင်ဗျား...
                                                 အားလုံးကိုကျေးဇူးတင်ပါတယ်.................

Flash Song တွေကိုဒေါင်းပြီး Mp3, Mp4 ပြုလုပ်လိုသူတွေအတွက်

နည်းပညာ ထားဝယ်မြေ...မှ

flash song တွေကို mozilla firefox ကနေဒေါင်းပုံကတော့အောက်မှာပုံတွင်ကြည့်ကြည့်ပါ .......
Image 1
Image 1 တွင်ပြထားတဲ့အတိုင်း Tool ထဲကနေမှ Page Info ကိုသွားလိုက်ပါ .......

Desktop မှာရင်ကောင်တွေထားချင်ရင်

နည်းပညာ ထားဝယ်မြေမှ....



                                           Fly On the Desktop 3.18 MB

ကိုယ့် Desktop မှာ  Screen ပေါ်မှာ ရင်ကောင်တွေ ပေးပြေးထားချင်ရင်တော့ ...ဒါလေးကို Install လုပ်လိုက်ပါ..ပျော်ပေါ့

Download လုပ်ရန်

တိုယားမား ကမ်းခြေက အပြာရောင်ည

http://blog-aunghtut.blogspot.com


          ဂျပန်နိုင်ငံ တိုယားမား ကမ်းခြေမှာတော့ နှစ်စဉ်နှစ်တိုင်း မတ်လကနေ ဇွန်လပိုင်းလောက်ဆိုရင် ညပိုင်းဆိုရင် ပင်လယ်ကမ်းခြေတစ်လျှောက်မှာ အပြာရောင်တောက်နေတဲ့ အလင်းရောင်လေးတွေကို မြင်တွေ့ရမှာပါ။  ဒီလို ပြာလဲ့လဲ့အလင်းရောင်လေးတွေဟာ Firefly squid လို့ခေါ်တဲ့ ကင်းမွန် (ပြည်ကြီးငါး)တစ်မျိုးကနေ ထွက်လာတဲ့ အလင်းရောင်လေးတွေဖြစ်ပါသတဲ့။ ၃လက်မလောက်သာ ရှည်တဲ့  ဒီလိုငါးတွေဟာ ပုံမှန်အားဖြင့် ပင်လယ်အောက် ပေ ၁၂၀၀ အနက်လောက်မှာ ရှင်သန်နေကြတဲ့ ငါးတွေဖြစ်ပါတယ်။  ဒါပေမယ့် တိုယားမား ပင်လယ်အော်က V ပုံသဏ္ဏန်ပင်လယ်ကြမ်းပြင် ကျောက်ဆောင်တွေကြောင့် ပင်လယ်ရေစီးလှိုင်းတွေဟာ ထိုငါးတွေကို ကမ်းခြေဆီကို တွန်းထုတ်လိုက်သလိုဖြစ်ပြီးတော့ ဒီငါးတွေရဲ့ ဇီဝ သဘာဝ အရ photophores လို့ခေါ်တဲ့ ပြာလဲ့လဲ့ အရောင်လေးတွေကို ထုတ်ပေးပါတယ်။  ဒီလိုနဲ့ ကမ်းရိုးတမ်းတစ်လျှောက်မှာ ညဆိုရင် အပြာရောင်လွှမ်းနေတယ်လို့ ဆိုပါတယ်။  ဒီလိုအချိန်မှာဆိုရင် တန်ပေါင်းများစွာသော အဆိုပါ ကင်းမွန်တွေကို လွယ်လင့်တစ်ကူပဲ ငါးဖမ်းသင်္ဘောတွေဟာ ဖမ်းယူနိုင်ကြပါတယ်။  ဒီလိုမြင်ကွင်းလေးကို ကြည့်ချင်တယ်ဆိုရင်တော့ နာမီရိကာဝါ ငါးဖမ်းဆိပ်ကမ်းမှာ မနက် ၃နာရီလောက်ဆိုရင် ကမ်းခြေတစ်လျှောက် အပြာရောင်သန်းနေတဲ့ မြင်ကွင်းလေးကို ကြည့်ရှု့နိုင်ဖို့ အပျော်စီး သင်္ဘောတွေလည်း စီစဉ်ပေးထားပါသတဲ့။ 

Saturday, October 20, 2012

Web ထဲမှ စုစည်းမှုဟာသများ

သူ.အတွေး
ကျောင်းသားလေးတစ်ယောက်ကို သူ.အမေက ကျောင်းလာအပ်တယ် ... သူ.သားက အရမ်းတော်လွန်း၊ ဥာဏ်ထက်လွန်းလို့ သူငယ်တန်းကနေ စမတက်ဘဲ သုံးတန်းကနေ ထားပေးပါလို့ တောင်းဆိုတယ်တဲ့ ... အဲဒါနဲ့ ကျောင်းအုပ်ဆရာကြီးကလည်း စာမေးတာပေါ့ ...
ကျောင်းအုပ်။ ။ ငါး .. ငါးလီ ...
ကလေး ။ ။ နှစ်ဆယ့်ငါး
ကျောင်းအုပ်။ ။ သုံး .. သုံးလီ ..
ကလေး ။ ။ ကိုး
ကျောင်းအုပ်။ ။ ကိုး ... ကိုးလီ ..
ကလေး ။ ။ ရှစ်ဆယ့်တစ်
ကျောင်းအုပ်။ ။ တော်လိုက်တဲ့ ကလေး .. ကဲ .. သွားကွာ .. သုံးတန်း ...

ဘာသာခြားကမေးရင် ဘယ်လိုဖြေမလဲ

မေး။ ။ အရှင်ဘုရား တပည့်တော် အစ္စလမ်နဲ့ဗုဒ္ဓဘာသာရဲ့ ခြားနားချက်မေးခွန်းအနည်းငယ်ကို သိလိုပါတယ်ဘုရား။ တပည့်တော် သူငယ်ချင်း အစ္စလမ်တစ်ယောက် ဗုဒ္ဓဘာသာနဲ့ပတ်သတ်ပြီး မေးတဲ့အခါ တပည့်တော်ရှင်းလင်းအောင် မဖြေပေးနိုင်တဲ့အရာတွေရှိနေလို့မို့ တပည့်တော်မေးတဲ့ မေးခွန်းများကို အင်္ဂလိပ်လို ပြန်ဖြေပေးစေချင်ပါတယ်ဘုရား။

၁။ အစ္စလမ်ဘာသာဝင်တွေက ကမ္ဘာမြေ၊ လ၊ နေ၊ တိရစ္ဆာန်၊ လူစတဲ့အရာအားလုံးကို အလ္လာဟ်က ဖန်ဆင်း ထားတယ်လို့ ပြောတယ် ဘုရား။ အဲဒါနဲ့ တပည့်တော်က ဗုဒ္ဓဘာသာမှာက ဘာပဲလုပ်လုပ် ကံကံရဲ့အကျိုးကြောင့် ဖြစ်တယ်။ ကံကံရဲ့အကျိုးတရားအတိုင်း ပြန်လည် ခံစားရတယ်လို့ ပြောတဲ့အခါ သူငယ်ချင်းက ဒါဆို ကမ္ဘာမြေ၊ လ၊ နေ၊ တိရစ္ဆာန်၊ လူစတာတွေဟာ ဘယ်လိုလုပ်ပေါ်ပေါက်လာသလဲ လို့ မေးပါတယ်။ ဒါနဲ့ တပည့်တော်က မင့်တို့အလ္လာဟ်ကိုရော ဘယ်သူဖန်ဆင်းသလဲလို့ ပြန်မေးတဲ့အခါ သူက မသိဘူးလို့ ပြောပါတယ်။ သူက သူ့ဘာသာအကြောင်း မရှင်းပြတတ်ပေမဲ့ တပည့်တော်က ကိုယ့်ဘာသာအကြောင်း ရှင်းပြချင်လို့ ဒီမေးခွန်းကို ဖြေပေးပါဦးဘုရား။

Thursday, October 18, 2012

HORIZONTAL MENU အသစ်လေးသုံးချင်ရင်

kp3နည်းပညာ

          အခုတင်တဲ့Menuလေးကလည်းအသစ်လေးပါဘဲ။ကြိုက်ကြမယ်ထင်လို့တင်လိုက်တာပါ၊ဘလော့နဲ့  ၀က်ဆိုက်ဒ်တွေကိုပိုပြီးပြည့်စုံအောင်နဲ့လှပသွားဖို့အဓိကကျတာကMenuလို့ပြောရင်ရပါတယ်။ ဒါကြောင့်KP-3ကMenuကိုဦးစားပေးတင်လျှက်ရှိပါတယ်၊ အောက်မှာနမူနာကြည့်လို့ရအောင်လည်းပုံနဲ့တကွပြထားပါတယ်။

CSS Code နဲ့တွဲထားပေးပါတယ်။လွယ်ကူအောင်ပေါ့နော်။



မှတ်ချက်။  ။http://kp3family.blogspot.comနဲ့kp3familyနေရာတွေမှာမိမိရဲ့လင့်ခ်တွေအစားထိုးပေးပါ။

Tuesday, October 16, 2012

ကျွန်တော်ကြိုက်သောဆရာ(အကြည်တော်)စာအုပ်များ......၃


 အကြည်တော်ရဲ့(ဆွေတစ်ရာမောင်တစ်ကျိပ်)ဇာတ်ဝင်ခန်းလေးပါ....

ဆရာစောကြည်ဖြူရဲ့စာအုပ်တွေပါ....အရမ်းကောင်းပါတယ်...

သူငယ်ချင်းတွေလည်းကြိုက်ရင်ဒေါင်းပြီးဖတ်ကြည့်နော်..

၁..အိုင်အိုဒင်း ကိုကိုကြီး

၂..မြစ်ပြင်ပေါ်ထင်ကျန်သော မြွေခြေရာများ

၃..စွယ်စုံလက်ဆောင်

၎..လှအိုးကွဲ

၅..၀ါရင့် အရောင်းထိုင်း

အားပေးကြပါနော်...သူငယ်ချင်းတို့.....(စိုင်းဝေယံ)

ကျွန်တော်ကြိုက်သော..ဆရာချစ်ဦးညိုရဲ့စာအုပ်လေးတွေ...၁



ဆရာချစ်ဦးညိုရဲ့စာအုပ်လေးတွေပါ...ဒေါင်းရတာလွယ်ကူပါတယ်...Facebookအကောင့်ဖွင့်ထားဖို့တော့လိုပါတယ်..
ကြိုက်ရင်ဒေါင်းကြနော်သူငယ်ချင်းတို့....(၇)အုပ်လောက်တော့တင်ပေးလိုက်ပါတယ်...
ထပ်တင်ပေးပါ့မယ်....................(စိုင်းဝေယံ)
၁..ချစ်သူမင်းနန္ဒာ
၂..ချစ်သောပါဒဧကရီ
၃..စာမရီသို့ ထူးထူးခြား
၎..စက္ကရုနှင့် ဘဒ္ဒါ
၅..ဒေဝစ္ဆရာနှင့်တွေ့ဆုံခြင်း
 ၆..ဒုဋ္ဌဂါမဏိ
၇..နဂါးဗျပ်စောင်း
စာအုပ်လေးတွေဖတ်ပြီးဗဟုသုတတိုးပွားပါစေနော်......................

Magic Utilities 2012 6.20



Magic Utilities 2012 လေးကတော့ ကွန်ပြူတာကို SpeedUp ဖို့ ဆေးကြောဖို့ မလိုအပ်တာတွေ ထုတ်ပစ်ဖို့အတွက် အသုံးဝင်စေမှာပါ... ဖိုင်ဆိုက်ဒ်လေးကလည်း 2.14MB ပဲရှိပါတယ်..:)

USB နဲ့ ဖိုင်လ်တွေကို Password ပေးပြီး Lock ချချင်ရင်





ဒါလေးကတော့ USB ကို Password ပေးပြီး Lock ချတဲ့ ဆော့ဝဲလ် လေးပါ အခြား ဖိုင်တွေကိုလည်း Password ပေးပြီး Lock ချထားနိုင်ပါတယ်...။ Freeware လေးပါ..။
အဆင်ပြေပါစေ...။


အလွမ်းမိုး





 ခံစားချက်ဝှက်ဖဲများကဗျာ..ဆိုဒ်မှ..တင်ပြသည်.။

လွမ်းငွေ့ပွေလီ  
လွမ်းရာသီဝယ်
လွမ်းတည်ရင်စို့ 
လွမ်းလက်တို့လျက်
လွမ်းဖို့ဖန်လာ    
လွမ်းစေပါသော်
လွမ်းကာထိုင်ငေး
လွမ်းပိုက်ထွေးမိ
လွမ်းရေးခက်ကြုံ
လွမ်းဖွယ့်ဘုံမှာ
လွမ်းဟုန်လှိုက်ဆူ
လွမ်းနေသူတွက်
လွမ်းပူမိကာ
လွမ်းဝဋ်ကြာအောင်
လွမ်းနာထားရစ်
လွမ်းဒဏ်ဖြစ်ဖို့
လွမ်းကျစ်သည့်ကြိုး
လွမ်းရစ်တိုးပြီ
လွမ်းမိုး စိုစေ..ရင်ခွင်မြေ..။
Related Posts Plugin for WordPress, Blogger...