ကျွန်တော့်ဆီလာလည်ကြသော သူငယ်ချင်းမိတ်ဆွေများကို အမြဲကြိုဆိုလျက်ပါ...ကျွန်တော်မှားတာလေးတွေ တွေ့ရင်လည်းခွင့်လွတ်ကြပါ..ကျေးဇူးတင်ပါတယ်...(စိုင်းလေး)

Saturday, October 13, 2012

လောကကြီးကို စိတ်နာတယ်


ဖြူစင်နေတဲ့ဘဝ
အစွန်းအထင်းတွေပေကျံခဲ့ရင်
tissue စက္ကူတွေ
လွှင့်ပစ်ခံခဲ့ရတယ်…….
အကျိုးရှိမယ့်သုံးစရာကုန်အောင်
ညှစ်ထုတ်ခံရပြီးနောက်
သွားတိုက်ဆေးဘူး..
လွှင့်ပစ်ခံခဲ့ရတယ်…………
အသွားတွေတုံးအောင်
ခုတ်ထပ်ပေးခဲ့ပြီးနောက်
ဓါးလွတ်တွေ
လွှင့်ပစ်ခံခဲ့ရတယ်….
ဆက်စပ်နေတဲ့လောကကြီး
ဟန်ချက်ညီနေပုံက အံ့လောက်ပါရဲ့…
တကယ်တမ်းကျတော့..
ငါဟာ tissue စက္ကူ…
ငါဟာ သွားတိုက်ဆေးဘူး…
ငါဟာ ဓါးလွတ်တစ်လက်..
မင်းအတွက်ပြည့်စုံသွားပေမယ့်
ငါ့မှာ စွန်းထင်းခဲ့ရတယ်…..
မင်းအတွက်လှပသွားပေမယ့်
ငါ့မှာ အကျည်းတန်ခဲ့ရတယ်….
မင်းအတွက် လမ်းရှင်းသွားပေမယ့်
ငါ့မာနတွေ အသက်မဲ့ခဲ့ရတယ်……
လောကကြီးကိုစိတ်နာတယ်
လမ်းဘေးကအမှိုက်ကမှ
လွှင့်မပစ်ခင် ကောက်ယူခံလိုက်ရသေးတယ်
ငါ့မှာတော့…
……………….
………………
ငါ…လောကကြီးကိုစိတ်နာတယ်…။                 ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...