ကျွန်တော့်ဆီလာလည်ကြသော သူငယ်ချင်းမိတ်ဆွေများကို အမြဲကြိုဆိုလျက်ပါ...ကျွန်တော်မှားတာလေးတွေ တွေ့ရင်လည်းခွင့်လွတ်ကြပါ..ကျေးဇူးတင်ပါတယ်...(စိုင်းလေး)

Friday, October 26, 2012

ထူးဆန်းထွေလာပြည်မြန်မာ(ဟာဒရ)

အန်ကယ် ကြီး

(၁)မြန်မာနိုင်ငံတွင် ပထမဆုံးရေသုံး ၍ အိမ်သာတက်ခဲ့သော ဘုရင်မှာ ဘိုးတော်
ဦးဝိုင်း ( ၁၇၈၂- ၁၈၁၉ ) ဖြစ်သည်။

(၂)၁၈၈၅ ခုနှစ်တွင် သူ့ကျွန်ဘ၀ ကျရောက်ပီး ၁၈၈၆ ခုနှစ်တွင်ဖွင့်လှစ်
ခဲ့သောစက်ရုံသည် မန္တလေး ဘီယာ နှင့် အရက်ချက်စက်ရုံဖြစ်သည်။

(၃)တယ်လီဖုန်းအား လေပေါ်မြှောက်ကာ ဝှေ့ရမ်း၍ လိုင်းရှာရသော နည်းပညာ ကို
မြန်မာနိုင်ငံမှ စတင် တီထွင်ကာ ရောင်းချခဲ့သည်။

(၄)သတင်းစာကို နောက်ဆုံး မှ လှန်ဖတ်သော ဓလေ့စရိုက် သည်
မြန်မာနိုင်ငံတွင်သာရှိသည်။

(၅)ကမ္ဘာပေါ်တွင် ဆောင်ပုဒ် အများဆုံး နိုင်ငံမှာ မြန်မာနိုင်ငံဖြစ်သည်။

(၆) ခြင်တောင်လှန်၍ သန်းခေါင်စာရင်းစစ်သောအလေ့အထသည်
ကမ္ဘာပေါ်တွင်
မြန်မာတနိုင်ငံတည်း၌သာရှိသည်။

(၇) ကမ္ဘာပေါ်တွင် ၀ါးတားဂိတ်
(၀ါးလုံးတား၍ပိုက်ဆံတောင်းသောဂိ
တ်)အများဆုံးတိုင်းပြည်မှာ မြန်မာပြည်ဖြစ်သည်။

(၈) လေအေးစက်တပ်ထားသောအခန်းများတွင်
နောက်မှီကုလားထိုင်ပေါ်ထိုင်၍ တောင်းစားသောသူတောင်းစားများမှာ
မြန်မာနိုင်ငံတခုတည်းတွင်သာရှိသ
ည်။

(၉) နောက်ဖေးလမ်းကြားထဲသို့ တိုက်ပေါ်မှအမှိုက်ပစ်ချသော
အမှိုက်စွန့် စံနစ်သည် မြန်မာနိုင်ငံတခုတည်းတွင်သာရှိသ
ည်။

(၁၀) ဒီမိုကရေစီပါလီမန်ဟုဆိုသော လွတ်တော်ထဲတွင် (၂၅%) သော
စစ်ယူနီဖေါင်းဝတ်ထားသူများ မျက်နှာမာများနှင့် မျက်နှာပြောင်တိုက်
ထိုင်နေသော ဒီမိုကရေစီလွှတ်တော်သည် ကမ္ဘာ့ပထမဆုံးသော
ဒီမိုကရေစီလွှတ်တော်ဖြစ်သည်။

(၁၁) အိမ်သာများတွင် နိုင်ငံခြားသားအတွက်သီးသန့် 
(Foreigner Only)ဟုခွဲခြားသောဆိုင်းဘုတ်မျာ
းသည်
မြန်မာတနိုင်ငံတည်းတွင်သာရှိသည်


(၁၂) မြို့ လည်ခေါင်တွင် ခရီးသည်တင်ကားများကို လက်တား၍
ပိုက်ဆံတောင်းသော ဓါးပြများကိုမဖမ်းပဲခွင့်ပြုထား
သောတိုင်းပြည်သည်
မြန်မာပြည်ဖြစ်သည်။

(၁၃) ကမ္ဘာပေါ်တွင် မီးအားမြှင့်စက်အရောင်းရဆုံးတို
င်းပြည်မှာမြန်မာပြည်ဖြစ်သည်။

(၁၄) ကမ္ဘာပေါ်တွင်အင်တာနက်အနှေးဆုံးနှ
င့် Overseas PhoneCall ဈေးအကြီးဆုံးမှာ
မြန်ပြည်ဖြစ်သည်။

(၁၅) ဈေးဝယ်ပြီး ငွေအကြွေ မအမ်းနိုင်၍ပစ္စည်းနှင့်လဲလှယ်သေ

စနစ်သည်ကမ္ဘာပေါ်တွင် မြန်မာပြည်၌သာရှိသည်။

တိန်...အပိုင်း ၁....ပြီး၏။..ဟိဟိ
[image: Photo: ထူးဆန်းထွေလာပြည်မြန်မာ -အပိုင်း ( ၁ ) (၁)မြန်မာနိုင်ငံတွင်
ပထမဆုံးရေသုံး ၍ အိမ်သာတက်ခဲ့သော ဘုရင်မှာ ဘိုးတော် ဦးဝိုင်း ( ၁၇၈၂- ၁၈၁၉ )
ဖြစ်သည်။ (၂)၁၈၈၅ ခုနှစ်တွင် သူ့ကျွန်ဘ၀ ကျရောက်ပီး ၁၈၈၆ ခုနှစ်တွင်ဖွင့်လှစ်
ခဲ့သောစက်ရုံသည် မန္တလေး ဘီယာ နှင့် အရက်ချက်စက်ရုံဖြစ်သည်။ (၃)တယ်လီဖုန်းအား
လေပေါ်မြှောက်ကာ ဝှေ့ရမ်း၍ လိုင်းရှာရသော နည်းပညာ ကို မြန်မာနိုင်ငံမှ စတင်
တီထွင်ကာ ရောင်းချခဲ့သည်။ (၄)သတင်းစာကို နောက်ဆုံး မှ လှန်ဖတ်သော ဓလေ့စရိုက်
သည် မြန်မာနိုင်ငံတွင်သာရှိသည်။ (၅)ကမ္ဘာပေါ်တွင် ဆောင်ပုဒ် အများဆုံး
နိုင်ငံမှာ မြန်မာနိုင်ငံဖြစ်သည်။ (၆) ခြင်တောင်လှန်၍
သန်းခေါင်စာရင်းစစ်သောအလေ့အထသည်
ကမ္ဘာပေါ်တွင် မြန်မာတနိုင်ငံတည်း၌သာရှိသည်။ (၇)
ကမ္ဘာပေါ်တွင် ၀ါးတားဂိတ်
(၀ါးလုံးတား၍ပိုက်ဆံတောင်းသောဂိ
တ်)အများဆုံးတိုင်းပြည်မှာ မြန်မာပြည်ဖြစ်သည်။
(၈) လေအေးစက်တပ်ထားသောအခန်းများတွင်
 နောက်မှီကုလားထိုင်ပေါ်ထိုင်၍
တောင်းစားသောသူတောင်းစားများမှာ
 မြန်မာနိုင်ငံတခုတည်းတွင်သာရှိသည်။ (၉)
နောက်ဖေးလမ်းကြားထဲသို့ တိုက်ပေါ်မှအမှိုက်ပစ်ချသော အမှိုက်စွန့် စံနစ်သည်
မြန်မာနိုင်ငံတခုတည်းတွင်သာရှိသ
ည်။ (၁၀) ဒီမိုကရေစီပါလီမန်ဟုဆိုသော
လွတ်တော်ထဲတွင် (၂၅%) သော စစ်ယူနီဖေါင်းဝတ်ထားသူများ မျက်နှာမာများနှင့်
မျက်နှာပြောင်တိုက် ထိုင်နေသော ဒီမိုကရေစီလွှတ်တော်သည် ကမ္ဘာ့ပထမဆုံးသော
ဒီမိုကရေစီလွှတ်တော်ဖြစ်သည်။ (၁၁) အိမ်သာများတွင် နိုင်ငံခြားသားအတွက်သီးသန့် 
(Foreigner Only)ဟုခွဲခြားသောဆိုင်းဘုတ်မျာ
းသည်
မြန်မာတနိုင်ငံတည်းတွင်သာရှိသည်
။ (၁၂) မြို့ လည်ခေါင်တွင်
ခရီးသည်တင်ကားများကို လက်တား၍ ပိုက်ဆံတောင်းသော
ဓါးပြများကိုမဖမ်းပဲခွင့်ပြုထား
သောတိုင်းပြည်သည် မြန်မာပြည်ဖြစ်သည်။ (၁၃)
ကမ္ဘာပေါ်တွင် မီးအားမြှင့်စက်အရောင်းရဆုံးတို
င်းပြည်မှာမြန်မာပြည်ဖြစ်သည်။ (၁၄)
ကမ္ဘာပေါ်တွင်အင်တာနက်အနှေးဆုံးနှ
င့် Overseas PhoneCall ဈေးအကြီးဆုံးမှာ
မြန်ပြည်ဖြစ်သည်။ (၁၅) ဈေးဝယ်ပြီး ငွေအကြွေ မအမ်းနိုင်၍ပစ္စည်းနှင့်လဲလှယ်သေ

စနစ်သည်ကမ္ဘာပေါ်တွင် မြန်မာပြည်၌သာရှိသည်။ တိန်...အပိုင်း
၁....ပြီး၏။..ဟိဟိ]ထူးဆန်းထွေလာ
ပြည်မြန်မာ
-အပိုင်း ( ၂ )

(၁၇) အာဏာရူးလောဘရူးများကို တရိုတသေဖြင့် "အဘ" ဟုခေါ်
ရသော ကမ္ဘာ့အယဉ်အကျေးဆုံးတိုင်းပြည်သည
် မြန်မာပြည်ဖြစ်သည်။

(၁၈) "လာဘ်ပေးရန်မလို" (လာဘ်ပေးလျှင် ရန်မလို)
"လာဘ်ပေး ရန်မလို"ဟူသော အဓိပ္ပါယ်ရသည့်ဆိုင်းဘုတ်များကို
ရုံးဌာနများတွင် ပြောင်ပြောင်တင်းတင်းကပ်ထားသည့်
 ကမ္ဘာတွင်
တခုတည်းသောတိုင်းပြည်ဖြစ်သည်။

(၁၉) ကမ္ဘာ့အမြင့်ဆုံး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုပိုင်ရ
ှင်ရှိနေသည့်
ကမ္ဘာ့အရှည်ကြာဆုံးပြည်တွင်းစစ်ြ
ဖစ်နေသောတိုင်းပြည်ဖြစ်သည်။

(၂၀) ဖိနပ်များကိုသဲကြိုးပြန်တပ်၍ စီးခြင်း၊ တခါသုံးဓါတ်ငွေ့ 
မီးခြစ်များကိုဓါတ်ငွေ့ နှင့်မီးခြစ်ကျောက်များပြန်ထည်
့၍
အသုံးပြုသောစံနစ်တို့ အား မြန်မာနိုင်ငံမှ စတင်ခဲ့သည်။

(၂၁) အကြော်များအား တာရှည်ခံရန်အတွက် ပလတ်စတစ်
ကြွတ်ကြွတ်အိတ်များအား အကြော်ဆီအိုးထဲတွင်ထည့်ကြော်
သော နည်းစံနစ်ကို မကြောက်မလန့် - မြန်မာနိုင်ငံတွင် ပထမဆုံး
တည်ထွင်ကြံဆ အသုံးချခဲ့သည်။

(၂၂) တတိုင်းပြည်လုံးနီးနီးမှောင်နေေ
သ်ာလည်း လျှပ်စစ်ဓါတ်အားများ
ပိုလျှံနေ၍ နိုင်ငံခြားသို့ တင်ပို့ ရောင်းချနေသည့် ထူးခြားသော
တိုင်းပြည်ဖြစ်သည်။

(၂၃) တိုင်းပြည်တွင် ရေနံ နှင့် သဘာဝဓါတ်ငွေတို့ အလျှံပယ်
ထွက်ရှိနေသော်လည်း နိုင်ငံခြားမှ ဒီဇယ်ဆီဝယ်သုံးနေသည့်
အလွန်ချမ်းသာသောတိုင်းပြည်ဖြစ်သ
ည်။
(မှတ်ချက်။ ဒီဇယ်ဆီကို အန္ဒိယမှဝယ်ပါသည်)

(၂၄) ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတွင် ကြိုတင်မဲဖြင့်
အာဏာရသွားသော အစိုးရအုပ်ချုပ်သည့် ကမ္ဘာပေါ်တွင်
တစ်ခုတည်းသော ဒီမိုကရေစီတိုင်းပြည်။

(၂၅) လက်မူ့ လယ်ယာမှစက်မူ့ လယ်ယာသို့ဟုကြွေးကြော်ကာ
ဘိုးဘွားပိုင်ဓါးမဦးချလယ်ယာမြေ
များကို ခရိုနီများနှင့်အာဏာပိုင်များ
ပေါင်းကာ သိမ်းယူ၍ စက်မူလယ်ယာစံနစ်ကိုအကောင်အထည်ဖေ

သော ထူးခြားသည့်နိုင်ငံဖြစ်သည်။

(၂၆) နိုင်ငံအတွင်း ဆင်းရဲမှူ့ ပပျောက်ရေးဟု ကြွေးကြော်ပြီး
အခြေခံလူတန်းစားများ နေထိုင်ပိုင်ဆိုင်သော အိမ်ယာမြေများကို
ဥပဒေအသစ် ပုဒ်မအသစ်များတပ်၍ သိမ်းယူကာ ဆင်းရဲမူ
ပပျောက်အောင် ဖေါ်ဆောင်သောစံနစ်သည် ကမ္ဘာပေါ်တွင်
မြန်မာတနိုင်ငံတည်း၌သာရှိသည်။

(၂၇) ကုန်း/ရေ နှစ်မျိုးသွား (Amphibian) လူစီးဘတ်စ်ကား
များအားကမ္ဘာပေါ်၌ မြန်မာနိုင်ငံတွင်ပထမဆုံးအသုံြး
ပုနိုင်ခဲ့သည်။

(၂၈) " မြေကြီးက ရွှေသီးလို့ ပြည်ဝမ်းဝနေဆိုတဲ့" သီချင်းအား
ရုပ်မြင်သံကြားတွင် သတိယတိုင်းလွှင့်နေပြီး ပညာတတ်များနှင့်
အရွယ်ရောက်သူ (၅) သန်း ကမ္ဘာပတ် ကျွန်ခံနေရသောတိုင်းပြည်
ဖြစ်သည်။

(၂၉) မြန်မာနိုင်ငံသည်လျှပ်စစ်မီးသီး
ကိုတီထွင်ခဲ့သော
အမေရိကန်နိုင်ငံသား သောမတ်စ်အက်ဒီဆင်အား
ဂုဏ်ပြုဆုံးသောတိုင်းပြည်အဖြစ် မှတ်တမ်းတင်ထားခြင်းခံရသည်။
(အက်ဒီဆင်အားဂုဏ်ပြုသောအားဖြင့်
 သူ၏မွေးနေ့ တွင်
အမေရိကန်နိုင်ငံ၌ လျှပ်စ်မီးကိုငါးမီးနစ်တိတိ ဖြတ်တောက်ထား
ခဲ့ဖူးပါသည်)။

(၃၀) ငွေမပေးနိုင်လျှင်အကူအညီမပေးသော
၊ ဘာတစ်ခုမှစေတနာဖြင့်
ကူညီဖေါ်မရသောသူများက "ကူညီပါရစေ" ဆိုင်းဘုတ်အား မူပိုင် ယူထားသည်မှာလည်း
မြန်မာနိုင်ငံတခုတွင်သာရှိပါသည်
 ။

(၃၁) (၂၁) ရာစုတွင် ကျောင်းသားများအားတန်းစီ၍
(ဘယ်ပြန်ညာပြန် ဒုတိယကမ္ဘာစစ်က ဖက်ဆစ်ဂျပန်စတိုင်) ပါးရိုက်
သော ဆရာမမျိုးသည်လည်းကမ္ဘာတွင် မြန်မာနိုင်ငံမှ ပထမဆုံး
ပေါ်ထွန်းခဲ့သည်။ (မှတ်ချက်။ ရန်ကုန် TTC ကျောင်းဆရာမ)

အပိုင်း ( ၂) ပြီး၏။

ရီမောပျော်ရွှင်စေရန်သာ...ကိုလုံ
ဆန်းထွေလာပြည်မြန်မာ -အပိုင်း ( ၃ )

(၃၂) ကမ္ဘာပေါ်တွင် တက္ကသိုလ်ကျောင်းပညာရေးအား ဂရုတစိုက်
အရှိဆုံးသောနိုင်ငံ။ (မြို့ပြ ဧရိယာများအတွင်းရှိတက္ကသိုလ်မျာ
းကို
ပိတ်ပြီးမြို့ ပြများနှင့်ဝေးရာဒေသများသို့ ပို့ ၍ ဒေသန္တရ ဗဟုသုတ
ရရန်၊ အေးချမ်းဆိတ်ငြိ
မ်စွာ ပညာသင်ကြားနိုင်ရန်၊ ကိုယ်ခံစွမ်းအား များမြင့်မားလာရန်
ဘေးအန္တရာယ်လုံခြုံစိတ်ချစေရန် စေတနာ
များဖြင့် မြို့ပြင် စစ်တပ်များနှင့်နီးရာ လူမနီးသူမနီးလွင်တီးခေါင်များ
တွင်တက္ကသိုလ်များ ဆောက်လုပ်ပြီးပညာသင်ကြားစေသောန
ိုင်ငံ)။

(၃၃) အတန်းပိုင်ဆရာ/ဆရာမများ ကိုယ်တိုင်သင်သော ဝိုင်းကျူရှင်
တက်မှစာမေးပွဲအောင်ပြီး ၀ိုင်းကျူရှင်မတက်ပဲ စာတော်နေသော
ကျောင်းသား/ကျောင်းသူအား တုတ်ဖြင့် အချက်ရာကျော်ရိုက်၍
မှတ်လောက်သားလောက်ဆုံးမတတ်သည့် ဆရာမ/ဆရာမများ
ထွန်းကားသည့် တခုတည်းသောနိုင်ငံ။

(၃၄) ကျောင်းများတွင် ကျောင်းအပ်ဖို့ ကျောင်းဝင်ခွင့်ရဖို့ 
ဆရာ/ဆရာမကြီးများအား ဆန်အိတ်၊ ဆီပုံးများဖြင့်တရိုတသေ
ညွှတ်ကျိုးပူဇော်ရသော ဓလေ့ရှိသည့် ပညာရေးဝန်ထမ်းများ
အကြီးအကျယ်လာဘ်စားသည့် ကမ္ဘာ့တခုတည်းသောနိုင်ငံ။

(၃၅) "စရိတ်မျှပေးကျန်းမာရေး" ဟူသောဆောင်ပုဒ်ကြီးဖြင့်
ပေးစရာ စရိတ်မရှိသော ဆင်းရဲကျောမွဲလူနာများ ဆေးရုံများ
မှ နှင်ထုတ်ခံရသည့် တခုတည်းသောနိုင်ငံ။

(၃၆) အစိုးရကိုယ်တိုင်က ငြိမ်းချမ်းရေးကိုကျုံးအော်နေသလ
ို
ဘာသာစုံငြိမ်းချမ်းရေးဆုတောင်းပ
ွဲများ မပြတ်ကျင်းပနေပြီး
စစ်ပွဲများရပ်နားခြင်းမရှိသေးသည
့်နိုင်ငံ။ ငြိမ်းချမ်းရေးကို
ကျုံးအော်နေသူများအချင်းချင်း ရန်ဖြစ်နေသောနိုင်ငံ။

(၃၇) လမ်းအသုံးပြုကြေးများကို အဓမ္မတရားဝင်ကောက်ခံပြီး
လမ်းများကို လမျက်နှာပြင်ကဲ့သို့ နောက်ဆုံးပေါ်ဒီဇိုင်းဖေါ်
ပေးသည့် ကမ္ဘာပေါ်ရှိ တခုတည်းသောနိုင်ငံ။

(၃၈) ဗုဒ္ဓဘာသာတိုင်းပြည်များအကြား - ဗုဒ္ဓသားတော်
ရဟန်းသံဃာများကို ဗုဒ္ဓဘာသာဝင်ဆိုသူများကိုယ်တိုင်
 ထုနှက်
ကန်ကျောက် ပစ်ခတ် ဖမ်းဆီး နှိပ်စက် သတ်ဖြတ် ထောင်ချသည့်
ကမ္ဘာပေါ်ရှိ တခုတည်းသော ဗုဒ္ဓဘာသာနိုင်ငံ။

(၃၉) Hand Phone များနှင့်စကားပြောရာတွင်အော်ကြီ
းဟစ်ကျယ်
နှင့် "ဟဲလိုဂျားလား" "ဟဲလိုဂျားလား" ဟူသောဝေါဟာရကို
ကမ္ဘာတွင်အသုံးအများဆုံးသောနိုင်
ငံ။ (မှတ်ချက်။ ကမ္ဘာအရပ်ရပ်
ရှိအခြားသောတိုင်းပြည်များတွင် "Hello!" နှင့် "OK" ဟူသော
စကားလုံးနှစ်လုံးသည် အသုံးအများဆုံးဖြစ်ကြောင်းသိရှိ
ရသည်)။

(၄၀) အိမ်ရှိ Remote Control အမျိုးမျိုးကို ပလတ်စတစ် cover
များဖြင့်ဖုံးပြီး၊ ဧည့်ခန်းရှိရုပ်မြင်သံကြားများအ
ား အင်္ကျီဝတ်ပေးခြင်း
ပိတ်စလှလှများဖြင့်အုပ်ထားခြင်း
ကို ပြုလုပ်သည့် အလေ့အထ
ရှိသည့် တခုတည်းသောတိုင်းပြည်။

(၄၁) ကိုရီးယားလိုထမင်းစားရေသောက်မြေ
ပာတတ်လျှင်
အင်္ဂလိပ်လိုကြားညှပ်မပြောတတ်လျှင
် လူရာအသွင်းမခံရသော
တိုင်းပြည်ဖြစ်သည်။

(၄၂) ကမ္ဘာပေါ်တွင် ကော်ပီသံစဉ်အခိုးဆုံးတိုင်းပြည်

(မှတ်ချက်။ အဆိုပါကော်ပီအဆိုတော်များသည် သူတို့ စီဒီများကို
ခိုးကူးခွေလုပ်ပြီးလမ်းဘေးတွင်ေ
ရာင်းသောအခါ ဘ၀မေ့ပြီး
ဒေါသအမြက်ချောင်းချောင်းထွက်လေ့
ရှိကြသည်)။

(၄၃) မိန်းကလေးအများစုသည် ဒီမိုကရေစီလွတ်လပ်ခွင့်နှင့်
လူ့ အခွင့်အရေး (အမျိုးသမီးအခွင့်အရေး) တို့ ၏အဓိပ္ပါယ်သည်
ဒူးပေါ်ပေါင်ပေါ် စကတ်တိုနှံ့ နှံ့ များဝတ်ခြင်း မလုံ့ တလုံ
ဝတ်ခြင်းများဟု အဓိပ္ပါယ်ကောက်ကြသောတိုင်းပြည်ဖြ
စ်သည်။

(၄၄) ကမ္ဘာပေါ်တွင် - နှစ်လုံး၊ သုံးလုံး၊ "ရှစ်လုံး" နှင့်ဘောလုံး
စသည့် "အလုံး"များ အလွန်ခေတ်အစားဆုံးသောတိုင်းပြည်
ဖြစ်သည်။

(၄၅) ကမ္ဘာပေါ်တွင် ရဟန်းသံဃာငါးသိန်းနှင့် လက်နက်ကိုင်
ငါးသိန်းရှိသော ထူးခြားသည့်တိုင်းပြည်ဖြစ်ပြီး တခါတရံ
လက်နက်ကိုင်များသည်လှပစွာချီတက်
သောအခမ်းအနားကြီး
များပြုလုပ်ပြီး၊ တခါတရံရဟန်းသံဃာများသည်လည်း
မျက်စေ့တဆုံး ငြိမ်းချမ်းစွာ စီတန်းဆန္ဒပြလေ့ရှိသည့်
အလေ့အထရှိသော - တခုတည်းသောတိုင်းပြည်ဖြစ်သည်။

အပိုင်း ( ၃ )ပြီး၏။ထူးဆန်းထွေလာပြည်မြန်မာ -အပိုင်း (၄)

(၄၄) ကမ္ဘာပေါ်တွင် - နှစ်လုံး၊ သုံးလုံး၊ "ရှစ်လုံး" နှင့်ဘောလုံးစသည့်
"အလုံး"များ အလွန်ခေတ်အစားဆုံးသောတိုင်းပြည်
ဖြစ်သည်။

(၄၅) ကမ္ဘာပေါ်တွင် ရဟန်းသံဃာငါးသိန်းနှင့် လက်နက်ကိုင်ငါးသိန်းရှိသော
ထူးခြားသည့်တိုင်း
ပြည်ဖြစ်ပြီး တခါတရံ
လက်နက်ကိုင်များသည်လှပစွာချီတက်
သောအခမ်းအနားကြီးများပြုလုပ်ပြီး၊
တခါတရံရဟန်းသံဃာများသည်လည်း
မျက်စေ့တဆုံး ငြိမ်းချမ်းစွာ စီတန်းဆန္ဒပြလေ့ရှိသည့်အလေ့အထရှိ
သော -
တခုတည်းသောတိုင်းပြည်ဖြစ်သည်။

(၄၆) ဘာဒေါက်တာပဲဖြစ်ဖြစ် နာမည်ရှေ့ မှာဒေါက်တာပါလျှင်ဘာမှမတတ်လည်း
ရောက်လေရာအထင်ကြီးခံရပြီး အဖွဲ့ 
အစည်းတွေမှာ ခေါင်းဆောင်တင်တဲ့နိုင်ငံ။ (ပျက်ခါမှပျက်ရော)

(၄၇) နေရာတကာတွင် အကျင့်စာရိတ္တကောင်ကြောင်းထောက်ခ
ံစာသည်အရေးပါပြီး၊
အနှီထောက်ခံစာကို အကျင့်
စာရိတ္တမကောင်းသူများက လက်မှတ်ထိုးပေးမှအလုပ်ပြီးမြောက
်သောတိုင်းပြည်ဖြစ်သည်။

(၄၈) အလွန်များပြားသောဘွဲ့ ရအလုပ်လက်မဲ့များရှိပြီးရထားသေ
ာဘွဲ့ နှင့်ဘွဲ
့တခြား အလုပ်တခြားအဖြစ်ဆုံးသောတိုင်းပြ
ည်။

(၄၉) မူကြိုတန်းမှ ဘွဲ့ ရသည်အထိ ဆရာ/ဆရာမ တို့ ကစာခေါ်တာကို
နောက်ကလိုက်ရေးပြီးသင်ကြားသည့်
အလွတ်ကျက်ပညာရေးကို (၂၁) ရာစုအထိ ကျင့်သုံးနေဆဲဖြစ်သောတိုင်းပြည်


(မှတ်ချက်။ သည်အတိုင်းကျက်အလွတ်ကျက်ပညာရေးသ
ည် (၁၉)
ရာစုတွင်ကျန်ခဲ့ပြီးStreaming System ဟုခေါ်ပြီး
တိုးတက်သော ကမ္ဘာကြီးတွင်Critical Analyzing & Thinking ကိုအခြေခံသောSelf-study
System ဖြင့်အောင်မြင်စွာ သင်ကြားနေကြပါသည်။
အောင်မြင်နေသော တိုင်းပြည်များတွင် ကျောင်းဖတ်စာအုပ်ထဲကအတိုင်း
တလုံးမကျန်ဖြေဆိုပါက Plagiarism ခေါ်စာခိုးချမူဖြစ်ပြီး
ကျောင်းထုတ်ခံရနိုင်သည်။ မြန်မာပြည်တွင်မူ - စာအုပ်ထဲကထက်ပို၍အထွန့် တက်ပါက
စာမေးပွဲကျမည်ဖြစ်သည်)။

(၅၀) ၈၅% သော တိုင်းသူပြည်သားများ ထမင်းနပ်မှန်အောင်ပင်မစားနိုင်ေ
သာလည်း
အာဏာရလူတစုအတွင်းမန်ယူကဲ့သို့ သော
ကလပ်အသင်းကိုပင်ဝယ်ယူရန်
ကမ်းလှမ်းနိုင်သောကမ္ဘာ့အဆင်းရဲဆ
ုံးစာရင်းဝင်နိုင်ငံဖြစ်နေခြင်း

(၅၁) မြန်မာ့လူ့ အဖွဲ့ အစည်းအတွင်း အရက် နှင့် ဆေးလိပ်တို့ကို နေရာဒေသမရွေး
အချိန်အခါမရွေး အသက်အရွယ်မရွေးဝယ်ယူရရှိင်သော တိုင်းပြည်ဖြစ်ခြင်း။
(ဥပမာ - ကနေဒါနိုင်ငံတွင်အသက် (၁၆)
နှစ်ပြည့်လျှင်ကားမောင်းလိုင်စင
်ဖြေဆိုပိုင်ခွင့်ရှိသော်လည်း အသက် (၁၉)
နှစ်ပြည့်မှသာဆေးလိပ်ဝယ်ခွင့်ရှ
ိပြီး
အသက် (၂၁)နှစ်ပြည့်မှ ဘီယာ နှင့်အရက်တို့  ကိုဝယ်ယူနိုင်ပြီး ...
အားလုံးကိုလည်းအချိန်အကန့် 
အသတ်ဖြင့်သာရောင်းခွင့်ရှိသည်)။

(၅၂) နိုင်ငံ့အရေးသည် နိုင်ငံသားတိုင်းနှင့်သက်ဆိုင်သ
ည်ဟု
အခြေခံဥပဒေတွင်ပါဝင်သော်လည်း ကျောင်းဝင်ခွင့်လျှောက်လွှာ
များတွင် နိုင်ငံရေးကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာ
ရပ်ကွက်ထောက်ခံစာများ ထည့်ခိုင်းသောတိုင်းပြည်ဖြစ်သည်


(၅၃) ကြိုးနီစံနစ်နှင့် လုပ်စားဥပဒေများ မလိုအပ်သောဝန်ဆောင်
မူအဆင့်ဆင့်နှင့် လာဘ်စားသောယဉ်ကျေးမူ့ ကြောင့် နိုင်ငံခြားမှ
တင်သွင်းသောပစ္စည်းများမှာ မြန်မာပြည်တွင် နိုင်ငံခြားမှာထက်
အဆပေါင်းများစွာ ဈေးကြီးပေးဝယ်နေရသည့်တိုင်းပြည
်ဖြစ်သည်။

(၅၄) နိုင်ငံသားမှတ်ပုံတင်ကိုင်ဆောင်
ထားသော်လည်းရောက်ရာ
အရပ်တွင် ဧည့်စာရင်းတိုင်ကြားနေရသည့် ဧည့်နိုင်ငံသားများ
အပေါများဆုံးနိုင်ငံ။

(၅၅) အထင်ကရ အဆောက်အအုံကြီးများ၊ ရုံးကန္နားများတွင်
မျက်နှာစာ တခါးမကြီးများအား ပိတ်ထား၍ ဘေးဘက်၊
နောက်ဖေးဘက် စသော မလွယ်ပေါက်များမှ ၀ယ်ထွက်လေ့
ရှိသောအကျင့်ရှိသည့် နိုင်ငံ။

(၅၆) ပညာပေးမူများလုပ်နေသည့်ကြားက မြစ်ချောင်းများ
အတွင်းသို့ ကျင်ကြီးစွန့် ချခြင်းအကျင့်ကို မစွန့် လွှတ်သေး
သောလူမျိုးများနေထိုင်သည့်တိုင်
းပြည်ဖြစ်သည်။

(၅၇) လမ်းဘေးဈေးသည်ကအစ နောက်ဆုံးပေါ်ဇိမ်ခံ
ကားကြီးများကိုစီးနေသူများ မကျန်ကွမ်းစားပြီး ကွမ်းတံထွေး
ကို "ဗျစ်" ကနဲ ကြုံရာနေရာတွင် ထွေးချတတ်သည့်လူမျိုးများ
နေထိုင်သောတိုင်းပြည်ဖြစ်သည်။ (တခါတရံ မီးပွိုင့်တွင်
တဘက်ကားမှ တံခါးဖွင့်၍ထွေးလိုက်သော ကွမ်းတံထွေးသည်
ဘေးတွင်ယှဉ်၍ရပ်ထားသော ကားပေါ်မှလူကိုလာစင်သည်
အထိဖြစ်သည်။ အိမ်နီးချင်းစင်္ကပူလိုနိုင်ငံ၌ပင
် ဤသို့ လုပ်ခွင့်
မရှိပါ။ မိမိဘာသာ ပလပ်စတစ်အိတ်ကိုယူလာပြီး ထွေးထည့်
ရမည်ဖြစ်ပါသည်)။

(၅၈) "အမှိုက်မပုံရ" ဟူသော ဆိုင်းဘုတ်ထောင်ထားသော
နေရာသည် အမှိုက်ပုံရန်နေရာဖြစ်ကြောင်းပြ
သသည့် အမှတ်
အသားသဖွယ် အားလုံးက နားလည်သဘောပေါက်သည့်
လူမျိုးများနေထိုင်သောတိုင်းပြည
်ဖြစ်သည်။

(၅၉) ကင်မရာကို အခွန်ဆောင်ရသော တိုင်းပြည်သည်
ကမ္ဘာပေါ်တွင် မြန်မာပြည်တခုတည်းသာရှိသည်။

(၆၀) အလုပ်လျှောက်ရာတွင် - ရုပ်ရည်ချောမောလှပသော
မိန်းကလေးဖြစ်ရမည်၊ အသက်(၂၂)ထက်မကြီးရ၊
အိမ်ထောင်မရှိအပျိုဖြစ်ရမည် ဆိုသော စည်းကမ်းလိုအပ်များ
ပါဝင်သည့်အလုပ်လျှောက်လွှာပုံစံမ
ျားကို နေရာတကာ၌
ပိုးစိုးပက်စက်တွေ့ ရသောတိုင်းပြည်ဖြစ်ပါသည်။

(၆၁) ကမ္ဘာပေါ်တွင် "သေးမပေါက်ရ" ဆိုသောဆိုင်းဘုတ်များ
ရှိသည့်တခုတည်းသောနိုင်ငံဖြစ်သည
်။

(၆၂) လူများ လူနိုင်၊ ကားများ ကားနိုင်သော လူကူးမျဉ်းကြားများ
ရှိသည့်ကမ္ဘာ့ပထမဆုံးသော တိုင်းပြည်။မှာ......မြန်မာပြည်
 သာ ဖြစ်လေတော့သတည်း။။။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...