ကျွန်တော့်ဆီလာလည်ကြသော သူငယ်ချင်းမိတ်ဆွေများကို အမြဲကြိုဆိုလျက်ပါ...ကျွန်တော်မှားတာလေးတွေ တွေ့ရင်လည်းခွင့်လွတ်ကြပါ..ကျေးဇူးတင်ပါတယ်...(စိုင်းလေး)

Thursday, August 30, 2012

နိုင်ငံတော်သမ္မတကြီးသမ္မတ အဂ္ဂမဟာသရေစည်သူ ဦးသိန်းစိန်၏ အတ္တုပတ္တိ




သမ္မတကြီး ဦးသိန်းစိန်သည်လက်အောက်ငယ်သားတွေအပေါ်မှာ တကယ်ပဲ သနားကျင်နာတဲ့သူ တစ်ဦးပါ သမ္မတကြီးကို ၁၉၄၅ ခုနှစ် ဧပြီလ ၂၀ ရက် နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ်တွင် အဘ ဦးမောင်ဖြိုး၊ အမိ ဒေါ်ခင်ညွန့် တို့မှဖွားမြင်ခဲ့သူဖြစ်သည်။

အခြေခံပညာကို ပုသိမ်ခရိုင် ငပုတောမြို့ နယ် ကျုံကူးရွာ မူလတန်းကျောင်း၊ ချောင်းဝရွာ အလယ်တန်းကျောင်း န
ှင့် ပုသိမ်မြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း တို့၌ ပညာသင်ကြားခဲ့သည်။

ထို့နောက် စစ်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ရာ ၀ိဇ္ဇာဘွဲ့(စစ်တက္ကသိုလ်)ရရှိခဲ့ပြီး ၁၉၆၇ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ ရှမ်း(၁)တွင် ဗိုလ်ကြီးအဆင့်ဖြင့် လည်းကောင်း၊

၁၉၈၂ ခုနှစ်အထိ ရမခ၊ ခမရ(၁၀၉) နှင့်ခလရ(၈၉)တို့တွင် ဗိုလ်မှူးအဆင့် ဖြင့်လည်းကောင်း၊

၁၉၈၉ ခုနှစ် တွင် ဒုဗိုလ်မှူးကြီးအဖြစ် ခလရ(၈၉)၊ နတခနှင့် ကက(ကြည်း)တို့တွင် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၉၃ ခုနှစ်တွင် ဗိုလ်မှူးကြီး အဖြစ် ကက(ကြည်း)နှင့် စကခ(၄)၊

၁၉၉၆ ခုနှစ်တွင် ဗိုလ်မှူးချုပ်အဖြစ် စကခ(၄)နှင့်တသခ၊

၁၉၉၇ခုနှစ်တွင် ဗိုလ်ချုပ်အဖြစ် တသခနှင့်ကကရေး၊

၂၀၀၇ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအဖြစ် ကက(ကြည်း)တွင်တာဝန်ဆက်လက် ထမ်းဆောင်ခဲ့သည်။

ဦးသိန်းစိန်သည် ၂၀၀၆ ခုနှစ် မှစတင်၍ နယကအဖွဲ့ နယကအဖွဲ့ ၀င်အဖြစ်လည်းကောင်း၊

အတွင်းရေး မှူး(၂)အဖြစ်လည်းကောင်း၊ အတွင်း ရေးမှူး(၁)အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ကာ

၂၀၀၈ ခုနှစ် တွင် ခေတ္တ၀န်ကြီးချုပ်၊

၂၀၀၈ ခုနှစ် အောက်တိုဘာလမှ စတင်၍ နိုင်ငံတော် ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၈၈ ခုနှစ်တွင် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ကို ရရှိခဲ့သည်။

သတိရခြင်း

တစ်ခါတစ်ရံတော့လည်းလေ
အတိတ်ရဲ့မျက်စောင်းထိုးမှာရှိနေတဲ့
အလွမ်းတချို့ဟာ
အတွေးတွေထဲ ကို
စိတ်ကူးတွေထဲ ကို
ကူးချေ သန်းချေ
လုပ်နေကြလေရဲ့
မနိုင်တဲ့  အဆုံး
လက်မြောက်အရှုံးပေးတာတောင်
ခွင့်လွှတ်မပေးနိုင်တဲ့သူ
ကျူပင်ခုတ်ကျူငုတ်မကျန်တဲ့လေ
ကျွန်တော် ကိုတင်မက
ကျွန်တော့် အသည်းကိုပါ
ချိတ်ပိတ်ခဲ့လေသူ
သူမ မှ သူမ ဖြစ်ခဲ့တဲ့ ကျွန်တော်
နင်ကို ငါက ...

ဘာရယ်မဟုတ် ရေးမိရုံသာ

ပန်းချီဆွဲရတာ ကျေနပ်ဖို့ကောင်းပါတယ်
ပန်းချီ ဆွဲဖူးသူသာ သိပါတယ်
ပန်းချီ ဆွဲတတ်တဲ့ ကောင်မလေးတစ်ယောက် ကို ကျွန်တော် မြတ်နိုးဖူးပါတယ်
ကျွန်တော် ပန်းချီ ဆွဲရတာ ငယ်ငယ်လေး ကတည်းက ကြိုက်ပါတယ်
အခုတော့ မကြိုက်တော့ပါဘူး
ပန်းချီဆွဲ ရတာ ပျင်းဖို့ကောင်းစရာကြီး ဖြစ်လာပါတယ်
အလုပ်ရှုပ်ပါတယ်
အမှိုက်ပွပါတယ်
ကျွန်တော် လည်း သူမ ကို မချစ်တော့ပါဘူး
သူမ က ကျွန်တော့်ကို ပေကျံရှုတ်ပွ စေပါတယ်
ပန်းချီ ဟာ ကျွန်တော် မုန်းတဲ့ အရာ ဖြစ်လာပါပြီ
ကျွန်တော် ပန်းချီကားတွေ ဘယ်တော့မှ မကြည့်တော့ဘူးလို့ ဆုံးဖြတ်ချက်ချထားပါတယ်    ။

ခွင့် ပြု ပေး ပါ


ခြောက်နေတဲ့ မြစ်တွေကိုစီးဆင်းစေရင်း ကျွန်တော့်ကို သူမြိုချတယ်
ကဗျာလှလှလေးတပုဒ်လိုပဲ အစကထဲ စင်မြင့်မှာနေလာတဲ့သူ့ကို ခြေဖ၀ါးအပုနဲ့ကျွန်တော်က လှမ်းဆွတ်တယ်
မမှီတဲ့ပန်းမှ လှမ်းချင်တဲ့ ဒီလက်တွေ အမေရယ် ..ဘာကြောင့်မွေးထားပေးခဲ့သလည်း?

ဆည်းလည်းသံလေးတွေလို အသံလေးတွေနဲ့ ကျွန်တော့်မလှမ်းမကမ်းမှာသူရပ်နေခဲ့
ကျွန်တော့်အတွက်လားမေမေ ..? နံပါတ်စဉ်မှာ ဘယ်လောက်ချိတ်ချိတ် သူ့အနားဆို ကျွန်တော် ပျော်နေမှာပါ
ဒီတခါ ကျွန်တော့် အလှည့်လား မေမေ ??

ခပ်ပျက်ပျက်ရယ်သံတွေလိုပဲ ..မေ့ပြစ်လိုက်ဟဲ့ လွှတ်ချလိုက်ဟဲ့နဲ့ ကျွန်တော် မဆင်တဲ့ လမ်းတွေကိုသူခင်းပြတယ်
ကျွန်တော်ဘယ်လို လျှောက်လှမ်းရမလည်း မေမေ?

Lock ကျနေသာ Facebook အကောင့် ပြန်ယူနည်း



လတ်တလော Facebook ရဲ့ ပြောင်းလဲသွားသော ပေါ်လစီကြောင့် ကမ္ဘာတစ်လွှားက အကောင့်တွေ တော်တော်များများ ပိတ် (Lock) ကျသွားပါတယ်။ ပြန်မရတော့လောက်အောင်ကို စိတ်ညစ်စရာ ကောင်းပေမယ့် အကောင့်ကို အလွယ်တကူ ပြန်ရနိုင်ပါတယ်။ ဒါကြောင့် အကောင့်သစ် သုံးနေရပြီး မူလအကောင့်ကို ပြန်လိုချင်သူများ အောက်ပါအတိုင်း လုပ်ဆောင်ရန်လိုအပ
်ပါတယ်။

အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါလိမ့်မယ်။ ဒါကိုတော့ ကာယကံရှင် လူတိုင်းကြုံတွေ့ပြီး ဖြစ်ပါတယ်။ ဖုန်းနံပါတ် ရမှ အကောင့်ပြန်ဖွင့်ပေးမယ်လို့ပြောထားပြီး နီးစပ်ခင်မင်ရာ သူငယ်ချင်း ဖုန်းနံပါတ် ငှားလိုက်တာမျိုး မလုပ်သင့်ပါဘူး။ နိုင်ငံခြားရောက်နေတဲ့ အသိတစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို အသုံးပြုပြီး အကောင့် ပြန်ရတာမျိုးအနည်းငယ်ရှိပေမယ့် ဒါက ရေရှည်မကောင်းပါဘူး။ ဘာလို့လဲဆို Facebook ဟာ ယင်းဖုန်းနံပါတ်ကို မှတ်သားလိုက်ပြီဖြစ်ပြီး နောက်ထပ် ယခုလို Lock ကျတာမျိုးတို့ Hack ခံရတာမျိုးနဲ့ ကြုံတဲ့အခါ ယင်းဖုန်းနံပါတ်နဲ့ အမြဲပတ်သက်နေရတော့မှာ ဖြစ်ပါတယ်။ ဒါကလည်း အမြဲပြောင်းလဲနိုင်ပါတယ်။

ဒါကြောင့် အကောင့်လော့ကျတဲ့အခါ အကောင့်ကို ဘာမှ မသုံးပဲ ၄၈ နာရီ (၂ ရက်တိတိ) ဒီတိုင်းထားပါ။ ၁ရက်ခွဲလည်း ရပေမယ့် Facebook က ၂ ရက်လို့သတ်မှတ်ထားတဲ့အတွက် သူသတ်မှတ်ထားတဲ့ Step အတိုင်းသွားတာ ကောင်းပါတယ်။ အဲလိုမဟုတ်ပဲ ၄၈ နာရီအတွင်းမှာ ထိုင်ကလိနေရင်တော့ သတ်မှတ်ရက်ထက် ပိုကြာသွားနိုင်ပါတယ်။

မိမိ (Facebook, G talk,etc…) Account အခိုးမခံရအောင် ဘာတွေလုပ်ရမလဲ



အကောင့်အခိုးခံရတယ်၊ အဟက်ခံရတယ်လို့ ခဏခဏ ကြားနေရပါတယ်။ စာရေးသူ စဉ်းစားကြည့်လိုက် ပါတယ်။ ဘာလို့ သူတို့တွေချည်း ကွက်ကြားမိုး ရွာလို့ အကောင့်တွေ အခိုးခံနေရတာပါလိမ့်လို့။ မသိသူ ကျော်သွား သိသူဖော်စားဆိုတာထက်၊ မသိသူတွေချည်း ခံနေရပုံ ပေါက်ပါတယ်။ 

ဘာလို့ Account တွေ အခိုးခံရ သလဲ

အဓိကကတော့ မိမိ Account လုံခြုံရေးအားနည်းလို့ပါပဲ။ဘာလို့လုံခြုံရေး အားနည်းတာလဲလို့ မေးရင်တော့ နံပါတ် ၁ - နည်းပညာ ဗဟုသုတ နည်းပါးမှု၊ နံပါတ် ၂ - နမော်နမဲ့နိုင်မှု ဖြစ်ပါတယ်။ အချို့ ကျ Hardware ရော၊ Software ရော ဆရာကျနေအောင် တော်ပြီး အကောင့်လေးတစ်ခုကျတော့ ခဏခဏပျောက်တတ် ကြပါတယ်။ အချို့ ကျပြန်တော့လဲ တကယ်မသိလို့ အညှပ်ချခံရပြီး အကောင့်တွေ ဆုံးရှုံးကြပါတယ်။

ဒါဆို သိသင့်တဲ့အချက်တွေက ဒီမှာ စပါပြီ။

Facebook ပဲသုံးသုံး၊ Twitter ပဲသုံးသုံး - ဆိုရှယ် Network တော်တော် များများဟာ Address bar မှာ https:// ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ s ပါတယ်ဆိုတဲ့အကြောင်းက မိမိရဲ့ လျှို့ ဝှက်ကုဒ်နံပါတ်နဲ့ Data တွေကို SSL နည်းပညာနဲ့ ကာကွယ်တားဆီးပေးထားခြင်းဖြစ်ပါတယ်။ သူ့ကို Transport Layer Security လို့လည်း လူသိများပြီး မိမိ Transport လုပ်လိုက်တဲ့ အချက်အလက်တိုးကို လုံခြုံစေမှာ ဖြစ်ပါတယ်။ s သာ မပါရင်တော့ ဒါဟာ အင်မတန် လုံခြုံရေး ညံ့ဖျင်းတဲ့ ဝဘ်ဆိုဒ်ပဲဖြစ်ပါတယ်။ s မပါတဲ့ အခြား Social Network တွေလည်း ရှိကြပါတယ်။ သုံးသင့်မသုံးသင့်ဆိုတာကတော့ မိမိဘာသာ ဆုံးဖြတ်စေချင်ပါတယ်။.

Wednesday, August 29, 2012

ကျပ်ငါးထောင်တန်ဖုန်းကို ၂၀၁၃ ဆီးဂိမ်းအမီ ပြည်သူများအား ချထားပေးနိုင်မည်ဟု မျှော်မှန်းထား

ကျပ်ငါးထောင်တန်ဖုန်းကို ၂၀၁၃ ဆီးဂိမ်းအမီ ပြည်သူများအား ချထားပေးနိုင်မည်ဟု မျှော်မှန်းထား မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ကျပ်ငါးထောင် တန်ဖုန်းကို အများပြည်သူများ ကိုင်ဆောင်နိုင် ရေးအတွက် ရွှေ ပြည်တံခွန် ကုမ္ပဏီအား ၉-၇-၂၀၁၂ ရက်က အတိုင်ပင် အဖွဲ့ဝင်အဖြစ် ခေါ်ယူခဲ့ကြောင်း သတင်းရရှိသည်။

“သုံးလအတွင်း ကျပ်ငါးထောင်တန် ဖုန်းထွက်မယ်----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

စမတ်ဖုန်းကင်မရာ megapixels မြင့်တိုင်း ဘာကြောင့် ပုံထွက်မကောင်းတာလဲ



ယနေ့ခေတ်မှာ စမတ်ဖုန်းရဲ့ ကင်မရာစွမ်းဆောင်ရည်ကို megapixels နဲ့ တိုင်းတာနေမှုကို မေ့လိုက်သင့်ပါပြီ။ ဘာကြောင့်လဲဆိုတော့ အရောင်းရဆုံး စမတ်ဖုန်းဖြစ်တဲ့ Galaxy S II ရဲ့ မျိုးဆက်သစ် စမတ်ဖုန်းဖြစ်ပြီး quad-core နဲ့ Android Ice Cream Sandwich အသုံးပြုထားတဲ့ Samsung Galaxy S III မှာ 8-megapixel ကင်မရာပါဝင်ပေမယ့် ထင်သလောက် ပုံထွက်ကောင်းမွန်ခြင်းမရှိတာကြောင့် ဖြစ်ပါတယ်။.

  
ဒါ့အပြင် ယနေ့ခေတ် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းကင်မရာတွေအတွက် 8-megapixel ကို စံသတ်မှတ်ချက် တစ်ခုအနေနဲ့ အသုံးပြုကြပေမယ့်လည်း Samsung Galaxy S III ရဲ့ ကင်မရာဟာ Samsung Galaxy Nexus ရဲ့ 5-megapixel ကင်မရာလောက် အသုံးပြုသူများရဲ့ အမွှမ်းတင်မှုကို ရရှိခဲ့ခြင်း မရှိပါဘူး။ 5-megapixel ကင်မရာတွေဟာ အလွန်ကောင်းမွန်တယ်လို့ မဆိုနိုင်ပေမယ့်လည်း 8-megapixel မှန်ဘီလူးပါဝင်တဲ့ ဖုန်းတွေထက် ပိုမိုကောင်းမွန်နိုင်ပါတယ်။ Samsung Focus ရဲ့ 5-megapixel ကင်မရာဟာ Motorola Droid Razr ရဲ့ 8-megapixel မှန်ဘီလူးထက် ပိုမိုလှပတဲ့ ဓာတ်ပုံများကို ရိုက်ကူးပေးနိုင်ပြီး 5-megapixel ကင်မရာပါဝင်တဲ့ Apple iPhone 4 ကလည်း အချို့သော 8-megapixel ကင်မရာတွေထက်  ပိုမိုကောင်းမွန်တဲ့ ပုံများကို ရိုက်ကူးပေးနိုင်ပါတယ်။

Monday, August 27, 2012

သြဇာအရှိဆုံးအမျိုးသမီး ၁၀၀




ကမ္ဘာကျော် စီးပွားရေး မဂ္ဂဇင်း Forbes က ဒီနှစ်အတွင်း သြဇာအရှိဆုံးအမျိုးသမီး ၁၀၀ စာရင်းကို မနေ့က ထုတ်လိုက်ပါပြီ။ အဲဒီထဲမှာ ဒေါ်အောင်ဆန်းစုကြည် (အဆင့် ၁၉)လည်း ပါပါတယ်။
သြဇာအရှိဆုံးကတော့ ဂျာမန်ဝန်ကြီးချုပ် အင်ဂျလာမာခဲ (အဆင့် ၁) နဲ့ အမေရိကန်က ဟီလာရီကလင်တန် (အဆင့် ၂)တို့ ဖြစ်ပါတယ်။

ဂျာမန်ဝန်ကြီးချုပ် အင်ဂျလာမာခဲ

နိုင်ငံရေး၊ စီးပွားရေးနယ်ပယ်တွေက အမျိုးသမီးများ၊ မီဒီယာမှာ အထင်ကရ ဖြစ်နေတဲ့ အမျိုးသမီးများကို နယူးယောက်အခြေစိုက် Forbes က ရွေးချယ်ထားတာပါ။

http://www.forbes.com/power-women/list/


ထိုင်းရဲ့ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် ဒေါ်ရင်လတ်ရှင်နာဝပ် (အဆင့် ၃၀)၊ အိန္ဒိယနိုင်ငံရေးခေါင်းဆောင်တယောက်ဖြစ်သူ ဆိုနီယာဂန္ဒီ (အဆင့် ၆) တို့လည်း ပါပါတယ်။

အထင်ကရများ
ဂျနီဖာလိုပက်ဇ် (အဆင့် ၃၈)

ဂျနီဖာလိုပက်ဇ်ကို ရွေးထားတာကတော့ သရုပ်ဆောင်မှုအားကောင်းချက်ကြောင့်တော့ ဟုတ်ဟန်မတူပါဘူး။
ဂီတ၊ ရုပ်ရှင်၊ ရုပ်မြင်သံကြား ထုတ်လုပ်ရေး လုပ်ငန်းရှင်ဖြစ်တဲ့အတွက် စီးပွားရေးမဂ္ဂဇင်းကြီးက ရွေးလိုက်တာ ဖြစ်နိုင်ပါတယ်။

သဘာဝကပေးတယ်

မင်းခင်မင်ရင်းနှီးဖို့အတွက်
သူငယ်ချင်း၊မိတ်ဆွေ...ဆိုတဲ့အရာကို
သဘာဝကပေးထားတယ်....

မင်းပညာသင်ဖို့အတွက်
တက်သိတက်အပ်သော
ပညာရပ်တွေဆိုတဲ့အရာကို
သဘာဝကပေးထားတယ်....

မင်းကိုပြုစုပျိုးထောင်ပေးဖို့အတွက်
မိဘညီကိုမောင်နှမတွေ၊ဆွေမျိုးတွေဆိုတဲ့အရာကို
သဘာဝကပေးထားတယ်....

Friday, August 24, 2012

RingToneလုပ်ဖို့အတွက် MP3 CutterSoftwareလေးပါ




ဒီကောင်လေးကတော့ Mp3 သီချင်းတွေကို မိမိတို့ လိုအပ်တဲ့ အပိုင်းလေးကိုပဲ ဖြတ်တောက်ယူဖို့နဲ့ လိုချင်တဲ့ သီချင်းတွေကို ပြန်ဆက်ဖို့ အတွက် အဆင်ပြေပါတယ်..။ လုပ်ရတာလည်း လွယ်လွယ်လေးပါ.. ။ သူ့အတွက် Key လေးပါ ထည့်ပေးထားပါတယ်..။ အသုံးပြုပုံကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူနိုင်ပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 3 MB ပဲရှိပါတယ်..


Tuesday, August 21, 2012

ကောင်မလေး ဖတ်ဖို့

(၁) ကိုယ့်ရှေ့က ဒီယောက်ျားဟာ ဘယ်လောက်ပဲကောင်းကောင်း ပြောစရာမရှိအောင် ကောင်းနေပါစေ။ သင့်ကိုသူမချစ်ရင် ဒါဟာချွတ်ယွင်းချက်ပါ.. ဒီချွတ်ယွင်းချက်ကို သင်လုံးဝပြောင်းလဲလို့ မရဘူး။

(၂) လူတစ်ယောက်ရဲ့ အကြီးဆုံးချွတ်ယွင်းချက်က တစ်ကိုယ်ကောင်းဆန်တာ၊ ရိုင်းစိုင်းတာ၊ မတည်တံ့တာ မဟုတ်ဘူး။ ကိုယ့်ကို မချစ်တဲ့လူတစ်ယောက်ကို ခေါင်းမာမာနဲ့ ဆက်ချစ်နေတာပဲဖြစ်တယ်။

(၃) သင့်လက်ရှိအနေထားဟာ ဘယ်လောက်ပဲဆိုးနေပါစေ။ သင့်ကို ချစ်တဲ့လူ ရှိနိုင်တယ်။
သင့်လက်ရှိအနေအထားဟာ ဘယ်လောက်ပဲကောင်းနေပါစေ။ သင့်ကို မချစ်တဲ့လူ ရှိနိုင်တယ်။

(၄) ဘယ်လောက်ပဲ လှအောင်ပြင်ပြင်၊ ဘယ်လောက်ပဲ တန်ဖိုးကြီးတဲ့ အဝတ်အစား ဝတ်ဝတ် ဒါတွေဟာ ခဏတာပဲဖြစ်တယ်။ စိတ်ရင်းစေတနာကောင်းတွေကမှ အပြင်ပန်းရဲ့ တကယ့်အလှဆုံးတွေဖြစ်တယ်။

(၅) သင့်ကို ဘာကြောင့်ထိခိုက်စေခဲ့သလဲလို့ အချစ်ကို သင်အပြစ်ဆိုခဲ့ရင် .... မေးပါရစေ.... စစချင်းမှာ အချစ်ရောက်ရှိလာဖို့ကို သင်ခေါင်းညိတ် လက်ခံခဲ့တယ် မဟုတ်လား!

(၆) ပါးစပ်နဲ့ပြောပြနိုင်တဲ့ သောကတွေဟာ တကယ့်သောကတွေမဟုတ်ဘူး။ သင့်ကို ခွဲသွားနိုင်တဲ့ချစ်သူဟာ တကယ့်ချစ်သူမဟုတ်ဘူး။

အလွမ်းမပါသော ကဗျာ





အလွမ်းမပါသော ကဗျာ

ကျွန်တော့်မှာ ည နှစ်ည ရှိတယ်။
ရှုပ်ရှုပ်ထွေးထွေးတော့ မဟုတ်ပါဘူး။
အိပ်မရတဲ့ ည နဲ့ အိပ်ရတဲ့ ည . . .
အဲဒီညတွေနဲ့ ဘဝကို မီးစာထိုးဖြစ်ခဲ့တယ်။

ငွေ့ရည်ဖွဲ့ချိန်ကို မရလိုက်ပါဘူး ၊
မုတ်သုံရာသီလို့ မသိတသိ အချိန်မှာတင်
မျက်ဝန်းတွေက
အလိုမတူလည်းပဲ စိုလာကြတယ်။

မုန်းတယ် . . .
မုန်းတယ် . . . လို့
အပြောရ လွယ်သလောက် . . .
မုန်းတယ် . . .
မုန်းတယ် . . . လို့
အပြောခံရတာ သိပ်မလွယ်ဘူး။

ချက်တင်ချစ်သူအတွက် အမျက်ဖြေ

ဟို ရှေးရှေးတုန်းကပေါ.နော်
ကိုယ်ပြုမိတဲ.အပြစ်အတွက်
အသက်ဘေးကလွတ်အောင်
အမျက်ဖြေကဗျာတွေးရေးဆက်လို.
အရှင်သခင်တွေထံ
တောင်းပန်ရပါသတဲ.။
မြင်ရကြားရတဲ.ခဏလေး
ပေါ်လာတဲ.အတွေးကို
ကျနော်ကတော.အပျော်သဘော
ခပ်သောသောလေးနဲ.
“ချက်တင်ချစ်သူ”လို.အမည်ပေး
ကဗျာလေးကိုရေးလိုက်မိပါတယ်။

နင်မှမသိတာ..


တမြေစီမမြင်နိုင်ချိန်
ရင်ခုန်သံချင်းဝေးနေချိန်
ယုယမှုတွေမပေးနိုင်ချိန်
ကြင်နာမှုတွေမပြနိုင်ချိန်
လွဲမှားမှုတစုံတရာကြား
ခံစားချက်တွေအေးခဲသွားမှာစိုးလို့…..
အရူးတစ်ယောက်လို ဆုတောင်းနေရတာ
နင်မှမသိတာ…
အချစ်ကြောင့်ဖြစ်တဲ့ ငါ့အတ္တနဲ့
ငါ့ကိုယ်ငါမီးမြှိုက်ပြီး
တစ်ဖတ်သတ်ကြီးလွမ်းခဲ့တော့
မီးလောင်ရာလေပင့်ခဲ့သလို
တမြေ့မြေ့နဲ့လောင်ကျွမ်းနေရတာ
နင်မှမသိတာ………

ချစ်သူအတွက် အမှာစာ…

ဝေးနေတဲ့အချိန်တိုင်း…
အမြဲတမ်းသတိရနော်…
သတိရတိုင်းလည်း တွေ့ခွင့်မရချိန်မှာ
ရင်ခုန်သံတွေ ပြန်ကြားယောင်နော်……..
ရင်ခုန်သံတွေမကြားနိုင်ချိန်မှာ….
အိပ်မက်တွေထဲ ထည့်မက်နော်…..
အိပ်မက်တွေထဲ မပါနိုင်ချိန်မှာ..
မသိစိတ်တွေထဲက လွမ်းနေနော်…
လွမ်းနေတဲ့ အချိန်တိုင်းလဲ
တိုးတိုးပြီး ချစ်နော်…….
ငါတို့နှစ်ယောက် ဝေးနေကြချိန်မှာ…..
အရင်ထက်ပိုပြီး သစ္စာရှိပေးပါနော်…………။               ။
P.S.လွမ်းဆွတ်သတိရခြင်းများစွာဖြင့်…. အဝေးးးတနေရာစီမှ ချစ်သူသို့တမ်းတလျက်…..

အဝေးသို့

အလွမ်း ကိုယ်ယောင်ဖျောက်ပြီး
အချစ်တွေ မြင်ယောင်ခဲ့တာပါ
အရာရာဟာ
အိပ်မက်လို ပြိုကွဲတတ်မှန်း
အစကတော့
တကယ့်ကို မသိခဲ့ဘူး ….
အဝေးကို
လှည့်ထွက် ချန်ရစ်ခဲ့ပြီးမှတော့
ဘာကို တမ်းတလွမ်းဆွတ်ရဦးမလဲ ….
ထားခဲ့တော့
ဆိတ်သုဉ်းသွားတဲ့
မြတ်နိုးမှု ခေတ်ပျက်ကြီးထဲ
မျှော်လင့်ချက်အသစ်တွေ
ထပ်မွေးဖွားတော့မှာ မဟုတ်တော့တာ
သေချာနေတာပဲ ….

ရယ်မောခြင်းအပိုင်းအစများ


    ဆရာဝန်က လူနာကိုစမ်းသပ်ကြည့်ပြီးနောက်...
    "ခင်ဗျားအသည်းက အားနည်းနေတယ်။ အသည်းအားဆေးတွေ သောက်ရမယ်။ ဒါနဲ့ ခင်ဗျား အရက်ကော သောက်တတ်သလား"
    "ဟုတ်ကဲ့"
    "မဖြတ်နိုင်ဘူးလား"

    "ရုတ်တရက်တော့ ဖြတ်ဖို့မလွယ်ဘူးဆရာ"
    "ကောင်းပြီ။ ဒါဆို လျှော့သောက်ရမယ်။ တစ်နေ့ကို ၂ယူနစ်ထက် ပိုမသောက်ပါနဲ့"
    နောက်တစ်လခန့်ကြာသောအခါ လူနာဖြစ်သူသည် ဆေးခန်းသို့ ပြန်ရောက်လာသည်။
    "မသက်သာဘူးဆရာ"
    ဆရာဝန်က စမ်းသပ်ကြည့်ပြီး...
    "ဟင်.. အသည်းက ပိုပြီးတော့တောင်ဆိုးလာသေးတယ်။ ကျွန်တော့်စကား နားမထောင်ဘူးထင်တယ်"
    "ဆရာညွှန်ကြားချက်ကို အတိအကျလိုက်နာပါတယ်။ ဆရာက တစ်နေ့ နှစ်ယူနစ်ထက် ပိုမသောက်ရဘူးဆိုလို့ ဘီယာနှစ်ဂျားပဲသောက်တာပါ"
                            * * * *

Sunday, August 19, 2012

Gtalk acc ကိုသိရုံနဲ့ ဘယ် ကနေသုံးနေတယ်ဆိုတာကို ကြည့် လို့ရပါတယ်

 



ကျွန်တော်ကိုယ်တိုင် သုံးနေပါတာ တကယ် လိုအပ်တဲ့ အချိန်တွေမှာပေါ့လေ သူငယ်ချင်းတွေလဲ လိုအပ်ရင် သုံးလို့ရပါတယ်..မသိသေးတဲ့သူတွေ အတွက် အလိမ်မခံရစေချင်ပါဘူး …………
Gmail address တစ်ခုကို သိရုံနဲ့ သူဟာ ဘယ်နိုင်ငံကလဲဆိုတာ သိနိုင်ပါတယ်ဂျ။ ပြီးတော့ သူ့ဆီကို Mail တစ်စောင်ပို့တဲ့အခါ သူဟာ အဲဒီ မေးလ်ကို ဖတ်လား မဖတ်လား ဆိုတာကိုလည်း သိနိုင်ပါတယ်။
Website နှစ်ခုကို အသုံးပြုပြီး လုပ်နိုင်ပါတယ်ဂျာ။ ပထမဆုံးတစ်ခုက Spypig ။
Browser ကနေ New Windows တစ်ခုကို ဖွင့်လိုက်ပါ။
http://www.spypig.com/

ကိုသွားလိုက်ပါဂျ။
နောက်
Windows တစ်ခု ထပ်ဖွင့်ပြီး ကိုယ့် Gmail ကိုဖွင့်ထားပါ။ Compose Mail ကိုနှိပ်ထားပါ။
Spypig ရဲ့ Step1 Text box မှာ ကိုယ့် email ကိုရိုက်ပါနော်။
Step2 မှာ Subject ထည့်ပါ။
Step3 မှာပေးထားတဲ့ ပုံတွေထဲက ကိုယ်ကြိုက်တာကို ရွေးပါ။
Step4 မှာ 3 ကိုရွေးပါ။

အချစ်အကြောင်း ဒုတိယံမ္မိကဗျာ . . .

 


အချစ်အကြောင်း သိပ်မရေးချင်ဘူးကွယ်
ကိုယ့်ကဗျာကိုယ် ပြန်ဖတ်မိတိုင်း
ကိုယ့်ကို ကိုယ် ငကြောင်တစ်ယောက်လိုမြင်လို့  . . .


ဘာလဲ ရင်ဘတ်ထဲမှာ တဆစ်ဆစ်မြည်မှ အချစ်လား
မြင်တွေ့ရုံနဲ့ မျက်ဝန်းထဲမှာ မျက်ရည်ကြည်အိုင်မှ အချစ်လား
ခြေမကိုင် လက်မကိုင် ကတုန်ကရီ ဖြစ်မှ အချစ်လား
မဟုတ်ပါဘူး ကလေးရယ်
အနားမှာနေရတဲ့ တခဏဟာ တစ်ဘ၀တာ
ဟောဒီလောက ဟာ မှောင်နေရက်နဲ့ မင်းအကြောင်းတွေးတာနဲ့
အလင်းဖြစ်တဲ့ နေ့တွေလည်း ရှိရဲ့ . . .

ပေါ့ ပေါ့ ပါး ပါး ပေါ့
ဟောဒီရင် ထဲမှာ ထမ်းထားရတာက လေးလေးနင့်နင့်
အတူရှိတဲ့ အချိန်တိုင်း နတ်ပြည်နဲ့ ငရဲခန်းကို ၀င် . . .

ချစ်တယ် ချစ်တယ် ချစ်တယ်
မတည်မြဲမှန်းသိရဲ့နဲ့ မင်း အပြုံးကိုချစ်တယ်
မင်း မျက်ဝန်းကိုချစ်တယ်
မင်း နုတ်ခမ်းကို ချစ်တယ်
ရိုင်းရိုင်းပြောရရင် မင်းခန္တာကို ချစ်တယ် . . .

ဘာဆက်ရေးရမှန်း မသိတော့ဘူးကွယ်
ဒီတော့ ကိုယ့် ခန္တာမှာ ကိန်းအောင်းနေတဲ့ ဂါထာတစ်ပုဒ်ကိုပဲ ရွတ်လိုက်မယ်
ချစ်တယ် ချစ်တယ် ချစ်တယ် . . .

မပြောကောင်း မဆိုကောင်း
တို့တွေ အခုလိုမဟုတ်ပဲ တကယ်ဝေးသွားရင်တောင်
ကိုယ့် နုတ်ခမ်းက ပြတ်တယ် ဆိုပေမယ့်
ဟော ဒီရင်ထဲမှာ ချစ်တယ် ချစ်တယ် ချစ်တယ် . . .

ချစ်တယ် ချစ်တယ်  ချစ်တယ် . . .

          
 မာဃလုလင်

Friday, August 17, 2012

IT နည်းပညာ site များ

http://www.nyinaymin.com/


http://www.zwani.com/ ပုံလှလှလေးတွေ လိုချင်ရင်

http://myanmaritpros.com/ ကွန်ပျူတာ အမေးအဖြေများလေ့လာရန်….

http://www.thelist.com/countrycode.html#top နိုင်ငံများရဲ့ ကုတ်ကို သိချင်ရင်….

http://mmastrology.myanmarbloggers.org/ မြန်မာ့ရိုးရာ ဗေဒင် နှင့် နက္ခတ်

http://chitoophoto.blogspot.com/ blog နှင့် I T နည်းပညာ

http://www.deathclock.com/index.cfm ကိုယ်ဘယ်နေ့  သေမလဲ သိချင်ကြပါသလား….

https://mail.google.com/mail/?ui=2&ik=6af78d8a85&view=att&a……
ကွန်ပြူတာအတွက် နောက်ခံ ကိုယ့်ပုံနဲ့ မြင်ကွင်း…

http://sharingtofrds.blogspot.com/ နည်းပညာ အတွက် လေ့လာရန်…

http://www.myanmarisp.com/computer_ict ကွန်ပြူတာ နဲ့ သတင်း နည်းပညာ..

http://www.imagechef.com/ ကိုယ့်ပုံလေးတွေနဲ့ Logo / Icon လေးတွေလုပ်ချင်ရင်..

http://photofunia.com/ ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ဖို့…..

http://www.topsecretemail.com/Encode_Message.cfm Email တွေကို လုံခြုံအောင် ပို့ကြမယ်..

http://www.passwordmeter.com/ သင်သုံးနေတဲ့ Password လုံခြုံမှုရှိရဲ့လား..စစ်ချင်ရင်…

http://burglish.googlepages.com/fontconv.htm မြန်မာ တခြားဖောင့်မှ
ဇော်ဂျီဖောင့် သို့ ပြောင်းချင်ရင်…

Kurt Wenner ရဲ့ လမ်းပေါ်က 3D ပန်းချီလက်ရာဆန်း....


Wednesday, August 15, 2012

ချစ်ဦးညို (စာအုပ်လင့်များ)

ချစ်သူအိမ်မက်ဘလော့...သို့



မည်သူမဆိုစာရေးသူအမည်မဖျက်ဘ

ဲမျှဝေနိုင်ပါသည်။

- မန္တလေးဇာတိ-အဘ-ဦးရွှေဒေါင်း
ညို၊ အမိ-ဒေါ်စိန်ရင် , အမည်ရင်း-ကျော်စွာ----
-ရန်ကုန်တက္ကသိုလ်မှ ၊ ၁၉၈၆-ခုနှစ်တွင် ဒဿနိကဗေဒ အဓိကဖြင့် ၀ိဇ္ဇာ(ဂုဏ်ထူး) ဘွဲ့ရခဲ့ ၊ မဟာဝိဇ္ဇာ ဆက်လက်တက်ရောက်ခဲ့---
- ၁၉၇၀-မှ ၁၉၇၅- အထိ ၊ တက္ကသိုလ် နည်းပြ ဆရာအဖြစ် အမှုထမ်းခဲ့ပြီး အမှုထမ်းဘ၀ကို စွန့်လွှတ်ခဲ့----
-ပထမဆုံး ပုံနှိပ်စာမူ--- ၁၉၇၀- အောက်တိုဘာလထုတ် မိုးဝေစာပေ မဂ္ဂဇင်းပါ ( ရန်ကုန်မြို့အလယ်) ၀တ္ထုတို ----
-ပထမဆုံး လုံးချင်းဝတ္ထု ၁၉၇၇- ထုတ် ( လင်္ကာဒီပချစ်သူ) ၊( ယင်းဝတ္ထုကို ယခုအခါ -၁၄ ကြိမ်အထိ ပုံနှိပ်ထုတ်ဝေပြီး) ----
-ယခုအထိ ဗုဒ္ဓယဉ်ကျေးမှုနောက်ခံ ၊ သမိုင်းနောက်ခံ ၀တ္ထုများ - ဆောင်းပါး၊၀တ္ထု၊ သုတေသနစာတမ်းများ အပါအ၀င် (၈၁) အုပ် ရေးသားထုတ်ဝေပြီးဖြစ်သည်---
-စာပေယဉ်ကျေးမှုဆိုင်ရာ ပြည်ပခရီးစဉ်များအဖြစ် ( ၁၉၈၈ မှ, ၂၀၁၁ အတွင်း စင်္ကာပူ, အိန္ဒိယ, တရုတ်,ထိုင်း,မလေးရှား, အမေရိကန် ပြည်ထောင်စု ၊ တောင်ကိုးရီးယားနှင့် ယူအေအီး ( ဒူဘိုင်း) နိုင်ငံများသို့ သွားရောက်ခဲ့---
မြန်မာနိုင်ငံရုပ်ရှင်အစည်း

အရုံးတွင်- ဒုတိယ ဥက္ကဌ , ရန်ကုန် ယဉ်ကျေးမှု တက္ကသိုလ်တွင် ပညာရေး အဖွဲ့ဝင်အဖြစ် တာဝန်ယူရင်း စာရေးခြင်းဖြင့် အဓိက အသက်မွေးဝမ်းကျောင်း နေထိုင်လျှက်ရှိ ----။

ချစ်ဦးညို ၏ စာအုပ် လင့်များ

ဆလုံလူမျိုးတွေအကြောင်း လေ့လာကြရအောင်နော်...



ဆလုံလူမျိုးသည် မြိတ်ကျွန်းစု၏ အဖိုးမဖြတ်နိုင်သော ပြယုဒ်တစ်ခုဖြစ်သည်။ သူတို့၏ ဓလေ့စရိုက်၊ ရိုးသား ဖြောင့် မတ်မှုကို တုနှိုင်းရန်အရာ မရှိပါ။ ထို့ကြောင့် ၎င်းလူမျိုးတို့မှာ လူသိများထင်ရှားနေခြင်းဖြစ်သည်။
ဆလုံလူမျိုးတို့သည် နေရာအတိအကျမရှိ၊ ပင်လယ်ပြင်တစ်ခွင် ၀မ်းစာအတွက် လှည့်လည်ကျက်စား ကြသည်။

ရေကူး၊ ရေငုပ်ရာတွင် ကျွမ်းကျင်သည်။ ထို့ကြောင့် Sea Gypsy or Men of the Sea အဖြစ် အမည်တွင်ခြင်းဖြစ်သည်။

သမိုင်းကြောင်း အရ ရှေးယခင်က မလေးကျွန်းဆွယ်တွင် နေထိုင်ကြပြီး စီးနှင်းတိုက်ခိုက်လုယက်မှု များကြောင့် မြိတ်ကျွန်း စု ဘက်သို့ ရွေှ့ပြောင်းလာကြခြင်းဖြစ်သည်။ ယနေ့အခါ ဆလုံလူမျိုးများ ကို ကော့သောင်းမြို့အနီး ကျွန်းများတွင် မြင်တွေ့ နိုင်သည်။


ဆလုံလူမျိုးများသည် စိုက်ပျိုးရေး၊ မွေးမြူရေးတို့ဖြင့် အသက်မမွေး ရေလုပ်ငန်း၊ ပုလဲငုပ်ခြင်းလုပ်ငန်းတို့ဖြင့် အသက်မွေး ကြသည်။ ပင်လယ်ကမ်းခြေတစ်လျှောက် လှေလှော်ခတ်ရင်း တစ်ကျွန်းမှ တစ်ကျွန်းကူး ကာ နေထိုင်လေ့ရှိသည်။ လှေလေး များကို ပေါ့ပါးသော သစ်လုံးများဖြင့် ထွင်းယူကြသည်။

ငါ ရေး တဲ့  ကဗျာ

တစ် ခါ တစ် ခါ
ကဗျာ ဆရာ တောင် မဖြစ် ချင် တော့ လောက် အောင်
ငါ…ကာ ရန် တွေ ကို မုန်း မိ တယ်၊
ရင် ခုန် သံ တွေ ဆိတ် သုဉ်း
အရှုံး တွေ ပွေ့  ပိုက်
ငါ စတေး လိုက် ရတဲ့  သံယောဇဉ် တွေ
ငါ တွေး လိုက် ရတဲ့  ပယင်းရောင်
မျက်ရည် စက် တွေ နဲ့ 
ငါ မက် ခဲ့  ဖူး တဲ့  ပန်း နု ရောင် အိပ် မက် တွေ…
ရကောင်း စေ ရယ် လို့  လည်း
မသတ် မှ တ် ခဲ့ ပါ ဘူး
ဒါပေ မယ့် 
ငါ့ လက် က ထွက် တဲ့ 
ကဗျာ တစ် ရွက်
ကမ္ဘာ တစ် ဖက် မလင်း လက် နိုင် ရင် တောင်
မှောင် နေ တဲ့  ငါ့ အခန်း လေး
အလွမ်း တေး တစ် ပုဒ် နဲ့  နွေး ချင် တယ်….။  ။

မိမိ ကွန်ပျူတာ နှေးကွေးလေးလံနေပါက



by ကိုလင်း- သလ္လာဝတီ on Sunday, August 12, 2012 at 5:19am 

                                                                      
ွကွန်ပျူတာနဲ့ ပတ်သက်ပြီး ကိုယ်တိုင်တွေ့ကြုံရရှိလာသော အတွေးအကြုံလေးကို ပြောပြချင်ပါတယ်။ လူတိုင်း မိမိသုံးနေသော ကွန်ပျူတာ နှေးကွေးလေးလံနေပါက အသုံးပြုချင်မှာ မဟုတ်သလို စိတ်အနှောင့်အယှက်လဲ ဖြစ်ကြမှာပါ။
ကျွန်တော် အခု ဖော်ပြမယ့် နည်းလမ်းများက မေးမြန်းလေ့လာထားတဲ့ နည်းလမ်းများ ဖြစ်ပါတယ်။ လိုအပ်ချက်တော့ ရှိမှာပါ။ ယခုလဲ ကျွန်တော်ကိုယ်တိုင် လက်တွေ့အသုံးပြုပြီး ကောင်းမွန်တဲ့အတွက် စာဖတ်သူများကို ပြန်လည် Share လုပ်ခြင်း ဖြစ်ပါသည်။ သိတဲ့ လူတွေရှိသလို မသိတဲ့ လူတွေလဲ ရှိမှာပါ။ မသိတဲ့ လူများအတွက် ရည်ရွယ်ပြီး ပြောပြတာပါ။ အောက်ပါအတိုင်း ပြုလုပ်သွားပါ။
အရင်ဦးဆုံး မိမိရဲ့ စက်ကို အမြင် ပြောင်းလဲရပါမယ်။ အောက်ပါအဆင့်အတိုင်း ပြုလုပ်ပါ။
၁) Desktop ပေါ်က My Computer ကို Right Click လုပ်ပါ။ Properties ကို ရွေးပါ။ ၂) System Properties Box ကျလာလျှင် Advanced Tab ကို ရွေးပါ။ ၃) Performance အောက်က Settings ကို ရွေးပါ။ ၄) Visual Effects tab မှ Adjust for best performance ကို ရွေးချယ်ပါ။ ၅) Apply လုပ်။ အနည်းငယ်စောင့်။ ပုံပြောင်းသွားလိမ့်မယ်။ ပြီးရင် Ok ပေါ့။
ကွန်ပျူတာစဖွင့်ရာမှ မြန်ဖို့အတွက် မလိုအပ်တဲ့ ဆော့ဝဲတွေကို လျော့ချ ရပါ လိမ့်မယ်။ ဖျက်ပစ်တာ မဟုတ်ပါဘူး။ ၀င်းဒိုးစ် စတက်တဲ့အခါ ဆော့ဝဲလ်မျိုးစုံကို စစ်နေရတဲ့ အတွက် ကြာလှပါတယ်။ ဒါကြောင့် မလိုအပ်တဲ့ ဆော့ဝဲလ်တွေ ပိတ်သင့်တာကို ပိတ်ရပါလိမ့်မယ်။ ကွန်ပျူတာမှာ အသုံးနည်းတဲ့ လုပ်ငန်းစဉ်ဖိုင်တွေကို ပိတ်ရပါ လိမ့်မယ်။ ဘာတွေလဲဆိုတော့

Sunday, August 12, 2012

Movies site များ

အင်္ဂလိပ် ၀ိဥာဉ်နှင့်သက်ဆိုင်နဲ့ကားများ အများဆုံးတင်တဲ့ဆိုက်က ဒီမှာ ပါ။
အင်္ဂလိပ် ဟာသနှင့်သက်ဆိုင်တဲ့ကားများ အများဆုံးတင်တဲ့ဆိုက်က ဒီမှာ ပါ။
ထူးထူးဆန်းဆန်းကားလေးများ (အင်္ဂလိပ်) ဒီမှာ ပါ
ရိုးရိုး movies များ ကတော့ ဒီမှာ ပါ
မြန်မာ ဗွီဒီယို ဇာတ်ကားများတင်တဲ့ဆိုက်က (Download)ဆိုက်က ဒီမှာ ပါ။
(တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်)

မြန်မာ movies download sites က တော့ ဒီမှာ ပါ
နောက်တစ်ခုက (မြန်မာ) ဒီမှာ ပါ။
နောက်တစ်ခု (မြန်မာ) ဒီမှာ ပါ။

Friday, August 10, 2012

ဆော့ဝဲလ် ပေါင်း 250 ကျော်



ကျိုက္ခမီသားလေး ခင်မောင်စိုး   ဆီမှ တွေ့ရလို့ ပြန်လည်မျှဝေလိုက်ပါတယ်..။
 
ကျွန်တော်တင်ထားတဲ့ဆော့ဝဲလ်တွေရယ် နောက်ထပ် အသစ် 40 လောက်ထပ်ထည့်ပေးထားပါတယ်
တစုတစည်းထဲရှာလို့လွယ်အောင်လို့ ပြန်စုပေးထားတာပါ
ပုံထည့်လို့ အဆင်ပြေမှာမဟုတ်တဲ့အတွက် နာမည်လေးတွေကြည့်ပြီးသာ ရှာသွားပါဗျာ
ကိုယ်မသိတဲ့အသစ်တွေဆိုရင် စမ်းသုံးကြည့်တာမမှားပါဘူးဗျာ
အနဲဆုံးတော့ မြင်ဘူးတာပေါ့နော်



Utillities tool
1.Auslogics_BoostSpeed_5.0.4.225
2.TweakNow_RegCleaner_v.4.2
3.FileMenu_Tools_5.6
4.Clean_Disk_Security_6.0
5.Delete_FXP_Files_1.2.72_Server_Edition
6.XYplorer_v9.60_Professional

7.Tweak_IE_1.0

Nero8 ရဲ့အသုံးဝင်မှု - ဓာတ်ပုံနဲ့ နောက်ခံသီချင်းလုပ်နည်း



(1) Nero နဲ့  သီချင်း များ ဓာတ်ပုံများထည့်၍ Photo Slide Show လုပ်နည်း
ဒီဆော့ဝဲက ဓာတ်ပုံနဲ့  သီချင်း တွဲပြီး အခွေထုတ်ချင်ရင် အရမ်းလွယ်ကူပါတယ်
ဒီဇိုင်းကလည်း လန်းပါတယ် နမူနာဒီဇိုင်းလေးလည့် လုပ်ပြထားပါတယ် အခွေနဲ့ 
ထုတ်မယ်ဆိုရင်လည်း လွယ်တယ် အဖက်ဒီဇိုင်း တွေလည်း မျိုးစုံအောင်ပါတယ်
VCD နဲ့  DVD အဆင်ပြေသလိုလုပ်ကြည့်ပါ.........။အောက်ကလင့်မှာကြည့်ပါ.။

မိမိ Computer မှာ ( 7.45 GB ) Free သုံးချင်တယ်ဆိုရင်

ကျွန်တော်တို့ ကွန်ပျူတာမှာ Hard Drive တစ်ခုကို ပိုပြီးတော့အသုံးပြု ချင်သူတွေအတွက်ပါ .. 7.45 GB လောက်တော့ အသုံးပြုလို့ ရမှာဖြစ်ပါတယ် .. ကျွန်တော်တို့ စက်မှာ အရင်ရှိပြီးသား Partation တွေကတော့ ပုံမှန်အတိုင်း Hard Diskထဲမှာ Storage လုပ်ပေးမှာ ဖြစ်ပေမယ့် .. အခုအသုံးပြုလို့ ရမယ့် Gmail Drive ကတော့ G-Mail အကောင့်ထဲမှာ Storage လုပ်ပေးမှာဖြစ်ပါတယ် .. Internet ပေါ်မှာ Storage လုပ်ပေးမှာ ဖြစ်ပေမယ့် ကျွန်တော်တို့က အသုံးပြုချင်တဲ့အခါမှာ My Computer မှာတင် Other Drive တစ်ခုအနေနဲ့ အသုံးပြုလို့ ရမှာဖြစ်ပါတယ် .. ဒီကောင်လေးကိုဘယ်လို အသုံးပြုရမယ် ဆိုတာကိုတော့ ကျွန်တော်အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ် ..

Window 8 free download


Size ကြီးလို့မူရင်းမူရင်းဆိုဒ်လင့်ကိုပဲညွှန်းပေးထားပါတယ်ခွေဆိုင်သွားရတာအခက်ခဲ့ရှိတဲ့မိတ်ဆွေများအတွက်အေးဆေး
Down လို့ရအောင်တင်ပေးလိုက်ပါတယ်

Android ဖုန်းများအတွက် Viber ထဲ့နည်း (for free calling)


Viber နဲ့ဖုန်းကို free call ဆက်ဖို့အတွက် ဖုန်းမှ internet connection (သို့)wifi internet connection တစ်ခုခုမိနေဖို့လိုပါတယ်။ဒါဆိုရင်ပြည်တွင်းပြည်ပမှကိုယ့်မိတ်ဆွေတွေဆီကို free ဆက်လို့ရပါတယ်
နှစ်ဖက်စလုံးမှာ internet မိနေဖို့နဲ့ viber install လုပ်ထားဖို့လိုပါတယ်။အောက်မှာ download ပေးထား
ပါတယ်အရင် Download ဆွဲလိုက်ပါ၊ပီးရင် ဖုန်းနှင့်ကွန်ပျူတာချိန်ဆက်ပီး viber.apk လေးကို ဖုန်းရဲ့ sd card
ထဲ့ကို copy ကူးထဲ့ပါ၊ဖုန်းမှာရှိတဲ့ file manager ထဲ့ကိုဝင်ပီး sdCard ထဲ့ဝင်ပီးကိုယ်ထဲ့လိုက်တဲ့ viber.apk
ကိုနိုပ်ပီး install လုပ်လိုက်ပါ။ install လုပ်ပြီးပါက viber ကိုဖွင့်ပါအောက်မှာပြထားတဲ့ပုံအတိုင်းနိုင်ငံရွေးပါ
အောက်က Box မှာ ကိုယ့်ရဲ့ဖုန်းနံပါတ်ထဲ့ပါ၊ကိုယ့်ဖုန်းနံပါတ်က (ဥပမာ)09450012345 ဆိုပါစို့ သုညဖြုတ်ပီး
9450012345 ဆိုပီးထဲ့ပါ ပီးရင် Continue နိုပ်ပါ။

နည်းပညာ စာအုပ် များ

http://www.mediafire.com/?ememzwhndzm = Gmail ရဲ့  လှို့ ဝှက်ချက်တွေသိချင်ရင်
http://www.mediafire.com/?noziemyl5yj = GTALK နှင့်ပက်သက်သမျှ
http://www.mediafire.com/?050ltj4kgkd = လွယ်ကူစွာဂျီမေးနှင့်ဂျီတော့အသုံးပြုနည်း
http://www.mediafire.com/?yyyzjylj2gy = ဂူးဂဲလျို့ဝှက်ချက်များ

http://www.mediafire.com/?tzdqjdmemdj = ၀က်ဒီဇိုင်းလက်တွေ့သင်ခန်းစာများ
http://www.mediafire.com/?xagz1meq9yn = မြန်မာဘလော့တစ်ခုပြုလုပ်ပုံအဆင့်ဆင့်
http://www.mediafire.com/?dgxzdjwdrmd = ၀က်ပိတ်တစ်ခုဖန်တီးခြင်း
http://www.mediafire.com/?w3cdqdzwmmx = HTML မိတ်ဆက်
http://www.mediafire.com/?zjcjv2dnrso = ဘလော့ဂါနှင့်ဆိုက်ဘာအတိုက်အခံသမားများ လက်စွဲ

ဆော့ဝဲမသုံးပဲ လျို့ဝှက် floder လုပ်နည်း

ကိုယ်ရဲ့ အချက်အလက်တွေကိုသူများဖွင့်ကြည့်လို့မရအောင် သိမ်းဆည်းဖို့ လျှိ့ဝှက် floder လုပ်နည်းပါ။အလွယ်ဆုံးနည်းလေးပါ...ဘာဆော့ဝဲမှဒေါင်းစရာ အင်းစတဲလုပ်စရာမလိုပါဘူး...ပထမဆုံး Notepad ကိုဖွင့်လိုက်ပါ..
  
၁..အောက်ကကုတ်လေးတွေကို Notepad ထည်းကူထည့်ပါ

သေသည့်တိုင်အောင်ချစ်မယ်


အချိန်နဲ့ နာရီများ
ဒဏ်ရာတွေကို
တကယ်များကုစားသလား?
ငါ့ရင်ထဲက နာကျင်မူ
ယနေ့တိုင်ရှိဆဲလေ
မြစ်ထဲကျခဲ့ရင်တောင်
လှေငယ်ရှိကောင်းရှိမယ်
ရေတွင်းထဲကျခဲ့ရင်လည်း
ကြိုးရှိကောင်းရှိနေဦးမယ်
မင်းရဲ့ အချစ်ကျော့ကွင်းထဲ
ကျသွားခဲ့တဲ့ငါ
မျှော်လင့်ချက်တောင်
မရှိတော့ပါဘူးလေ။
ဒီလိုနဲဘဲငါ
ရှေ့ဆက်လာခဲ့တယ်
၁၀စုနှစ်ကျော်လို့
၂၀စုနှစ်ထဲ
ငါဟာ လွှမ်းနေဆဲပါ
သတိရမူ့တွေရှိနေဆဲပါ
ဂရုစိုက်မူ့တွေလည်း
ပေးချင်တုန်းပါ
အကယ်၍များ
ဒီကမ္ဘာလောကထဲ
၁၀ယောက်လောက်များ
မင်းကိုဂရုစိုက်နေရင်
ငါတစ်ယောက်အပါအဝင်ပေါ့
၎ယောက်လောက်များ
ဂရုစိုက်နေသေးရင်လည်း

Wednesday, August 8, 2012

မြန်မာလို PDF စာအုပ်များ ၁၀၄ အုပ်

  1. About Deepfreeze (194.8KB)  (Download mediafire)
  2. Acrobat (5.18MB)  (Download mediafire)
  3. Adobe PhotoShop - Web Designer Guide (ပဒုမ္မာ) (12.88MB)  (Download mediafire)
  4. Adobe Illustrator အဓိကသော့ချက်များ (မင်းသန့်အောင်)  (11.09MB)  (Download mediafire)
  5. Adobe Photoshop CS4 (11.22MB)  Download  (Download jumbofiles)
  6. Adobe Photoshop Design Tutorials By U Aung Naing Maw (12.64MB) (Download mediafire)
  7. Applied AutoCAD 2009 (5.59MB) (Download mediafire)
  8. Applying Computer Business Environment Vol-4 By U Zaw Lin (Youth) (15.35MB)(Download mediafire)

နိမိတ်ကောင်းတဲ့ နှုတ်ထွက်စကားလေးတွေ ပြောဆိုတတ်ကြပါစေ

ကျွန်မ အမျိုးသားနဲ့ vzo ချက်နေတဲ့ အချိန်လေးမှာ အမှတ်မထင်ကြားလိုက်မိတဲ့ စကားသံက တိုးတိုးလေးပါ ။
ကျွန်မ နားထဲတော့ ပဲ့တင်ထပ်ကျယ်လောင်နေခဲ့ပါတယ် ။ မျက်ရည်တွေ အတားဆီးမဲ့စွာ ပါးပေါ်စီးကျခဲ့တယ် ။

ရုတ်တရက်ထငိုလိုက်တဲ့ ကျွန်မကို အမျိုးသားက အံ့သြစွာ မေးပါတော့တယ် ။ ကျွန်မ အကုန်ကြားလိုက်တယ်မောင် ။

အဲဒါ တကယ်ကြီးလားမောင် ။ ဖြေပါအုံး တကယ်လားလို့ ။ ဟုတ်တယ် ဒါပေမယ့် မိန်းမနဲ့ မဆိုင်ပါဘူးကွာ ။ မိန်းမပြောတိုင်းဖြစ်ရမှာလား မဟုတ်သေးပါဘူး ။ အဖြစ်ပျက်လေးက ဒီလိုပါ ။ 




မကြာသေးမှီက ကျွန်မတို့ မိတ်ဆွေ မင်္ဂလာဆောင်တစ်ခုကို သွားခဲ့ပါတယ် ။ အဲဒီမင်္ဂလာ လက်မှတ်ရေးထိုးပွဲလေးမှာ အသိသက်သေ လက်မှတ်ထိုးတဲ့ ကောင်လေးက ကျွန်မအမျိုးသား သူငယ်ချင်းပါ ။ လက်မှတ်ထိုးပြီးအပြန် ကျွန်မ သူကို နောက်လိုက်မိတယ် ။ သူများကို သက်သေထိုးတဲ့

သူက နောက်နှစ်လောက် မိန်းမ မရဘူးနော်... လူပျိုကြီးလည်း ဖြစ်တတ်တယ်လို့ စလိုက်မိတယ် ။

Monday, August 6, 2012

Facebook Smiley Codes


Cool Facebook Smiley Codes for Ultimate Fun :)Cool Facebook Smiley Codes for Ultimate Fun :)  
Facebook

Smiley Codes လေးတွေပါ

မမြင်ရတဲ့ password တွေကို ဘယ်လို မြင်အောင်ကြည့်မလဲ ...


ပါဝါမျက်မှန် အထူကြီးနဲ့ ကြည့်လို့မရတာတော့ အမှန်ပါ .. ကဲ တင်ပေးလိုက်ပြီ ဗဟုသုတရဖို့ တစ်ခုတည်းပဲ ရှေးရှုတာပါ ... တစ်ခြားတော့ ရည်ရွယ်ချက်မပါပါဘူး ... အခုကျွန်တော်တင်ပေးတဲ့ ရည်ရွယ်ချက်က တစ်ခါတစ်လေ မိမိကိုယ်တိုင် ကွန်ပျူတာမှာ ဘာ password ပေးမိလို့ပေးမိမှန်းမမှတ်မိတော့ တာမျိုးပေါ့ .. gmail ကတော့ ၀င်လို့ရတယ် ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ပိုင် ကွန်ပျူတာဖြစ်နေတော့ remember password ပေးထားလိုက်တာကိုး .. အဲ့ဒီ့လိုအခြေအနေမျိုးမှာ password ကို သိချင်တာပဲဖြစ်ဖြစ် .. သူ့မူရင်းပါ့စ်ဝါ့ကို မေ့နေလို့ ပြန်ကြည့်တာပဲဖြစ်ဖြစ်ပေါ့ .. နည်းပညာဆိုတာတော့ အကုန်လုံးသိထားရင် ပိုကောင်းမယ်ထင်လို့ တင်ပေးလိုက်တာပါ .. hacking အတွက်လဲ မတွေ့တော့ ဒီမှာပဲ တင်ပေးလိုက်တယ် ... ကဲ သူကတော့လွယ်ပါတယ် ကျွန်တော်ပေးထားတဲ့ software ကို ဒေါင်းလော့လုပ်ပြီးတာနဲ့ ပေးထားတဲ့ username and password ကို ထည့်လိုက် ... ပျောက်နေတဲ့ပါ့စ်ဝါ့ (အတုံးလေးတွေပဲမြင်နေရတာမျိုး) ဆိုရင် ဒီမှန်ဘီလူးလေးနဲ့ ကြည့်လိုက် ...

Gtalk စတိုင်တစ်မျိုးပါ







ကဲ ချက်တင်သမားများအတွက် ဂျီတော့ လန်းလန်းလေးပါ..စိတ်ဝင်စားရင်
ဆွဲပါဗျာ..
အဆင်ပြေကြပါစေ .. ဆန္ဒများစွာဖြင့် 

myanmar Gtalk


ချက်တင်သမားတွေအတွက် ဂျီတော့ အလန်းလေးပါ
စိတ်ပါဝင်စားရင်ဒေါင်းပေါ့  ပိုတေးဘဲလ် လေးပါ
သုံးရတာလွယ်ကူ အဆင်ပြေတယ်လေ..ကြိုက်မယ်လို့ မျှော်လင့် ပါတယ်
အဆင်ပြေကြပါစေ ဆန္ဒများစွာဖြင့်  ........ အောက်မှာဒေါင်းလိုက်ပါဗျာ..

Sky Net Line ကြည့်ချင်သူများ အတွက်


ကျွန်တော် အဝေးရောက် မြန်မာများအတွက် http://www.tvunetworks.com/ ကနေတစ်ဆင့် Sky Net Line ကို တိုက်ရိုက်ကြည့်လို့ ရမဲ့ နည်းလမ်းလေးကို ညီလေးတစ်ယောက် စီကနေ တစ်ဆင့်ရလို့ ပြန်ရှယ် ပေးသွားပါမယ် .. သိပြီးသားသူတွေ ရှိရင်ပဲ ဖြစ်ဖြစ် ဒီထက်ကောင်းတဲ့ အဆင်ပြေတဲ့ နည်းလမ်းလေးတွေ ရှိရင်ပဲ ဖြစ်ဖြစ် ပြန်ရှယ်ပေးခဲ့အုံး ပေါ့ဗျာ .. အားလုံးအတွက် အဆင်ပြေတာပေါ့ ... ကျွန်တော် တစ်ချို့ မသိသေးတဲ့ သူတွေအတွက် အသုံး ပြုလို့ အဆင်ပြေအောင် အောက်မှာ ပုံလေးတွေနဲ့ တစ်ဆင့်ချင်း ပြပေးထားပါတယ် .. စစချင်း မလာခင်တော့ နည်းနည်း စောင့်ရပါတယ် .. ကောင်နက်ရှင်ကြောင့်လားတော့ မပြောတက်ဘူး .. နောက်ပိုင်းလိုင်းလာပြီ ဆိုရင်တော့ ပုံမှန် ကြည့်နေရသလို အဆင်ပြေပြေ ကြည့်လို့ရတော့ အဆင်ပြေပါတယ် ..

FOLDER BACKGROUN

သယ်ရင်းတို့ အတွက် လာပါပြီးဗျာ ဒါလေးကတော့ မိမိ ဖိုဒါ လေး တွေရဲ့ ဘက်ဝရောင်းလှလှလေးနဲ့ 
ထားချင်တယ်ဆိုရင်ပေါ့ ဗျာ.. ဆော့ဝဲလ် နဲ့  ပြောင်းတာလေးပေးချင်ပါတယ်..
မသိသေး မရှိသေးတဲ့ လူအတွက် ရည်ရွယ်ပါတယ် ဗျာ..
လုပ်နည်းလေးကတော့  ဆော့ဝဲလ် ကို ဒေါင်းပါ
နောက်ပြီး ဆော့ ဝဲလ် အိုင်ကွန်လေးကို ဖွင့်  
SELECT FOLDER ကနေမိမိ ပြောင်းချင်တဲ့  ဖိုဒါလေးကို ရှာနှိပ်ပေးလိုက်ပါ
CHANGE IMAGE ကနေ မိမိပြောင်းချင်တဲ့  ပုံလေးကို ရှာနှိပ်ပေးလိုက်ပါ..
ပြီးရင် EXIT ကိုနှိပ်ထွက်လိုက် ပါ..
ထိုနောက် မိမိဖိုဒါလေး ကို ဖွင့် ကြည့် လိုက်ပါ..မိမိဖိုဒါလေး ဘက်ဂရောင်း ပြောင်းနေကြောင်း တွေ့ ရပါမည်..
နမူနာ ပုံလေးကြည့် လိုက်နော် ....
ကဲအဆင်ပြေကြပါစေ ဗျာ..
သယ်ရင်းများအတွက်ကြိုးစားလျက်....
ဆော့ ဝဲလ်လေးကို ဒေါင်းလိုက်ပါ..

G-TALK ချက်ဘောက် ဘက်ဂရောင်းပြုလုပ်ခြင်း

မိမိ ကိုယ်ပိုင် ကွန်ပြူတာ နဲ့ ချက်တင်သမား တွေ အတွက် မိမိ ဂျီတော့ ချက်ဘောက် လေးကို
အပုံလေး ထည့် ပြီး အသုံးပြုနည်းလေး ပြောချင်ပါတယ်..သိပြီးသူများရှိမယ် ထင်ပါတယ်
မသိသေးမရှိသေးတဲ့ လူများအတွက် ရည်ရွယ်ပါတယ်..ညီလုပ်ထားတဲ့ ဒီဇိုင်းလေး ကို အရင်ကြည့် လိုက်ပါဦး
မိမိ ဥာဏ်ရှိသလို ဖိုတိုရှော့ သုံးပြီး ပြုလုပ်လို့ ရပါတယ်..
နမူနာ ပုံလေး က
အိုကေ ကြိုက်ရင် စလိုက်ရအောင်..
အဆင့်  ၁။။။ RUN ကို ခေါ်လိုက် run ကို start ကနေပြီး နှိပ်လိုက်ရတယ် နောက်ခေါ်နည်းက window key နဲ့  r ကို တွဲနှိပ်ရင် run ဘောက် ပေါ်လာမယ်..

Sunday, August 5, 2012

ကွန်ပြူတာ ပတ်စဝေါ့  အလွယ်တကူကျော်မယ်


kon usb boot ဆော့ဝဲလ်လေး ကို သုံးပြီး ကွန်ပြူတာရဲ့ အက်ဒမင်စာ ပတ်စဝေါ့ ကို ကျော်ခွလို့ ရပါသည်
ညီ လက်တွေ့ ပါ စိတ်ဝင်စားတယ်ဆိုရင် ဒေါင်းပေါ့ ဗျာ..အသုံးပြုနည်း က လွယ်ပါတယ်
ဒေါင်းလို့ ရလာတဲ့ ဖိုင်ထဲက ဆော့ဝဲလ် ကို အင်စတော လုပ်တဲ့ အခါ usb ကိုပေးလိုက်ပါ
ထို့ နောက် ပတ်စဝေါ့ ရှိသောကွန်ပြူတာ မှာ စမ်းကြည့် လိုက်ပါ
usb နဲ့ ကွန်ပြူတာ မှာ boot တက်လိုက်ရင် ပတ်စဝေါ့ ကို သူ့ ဟာသူ ကျော်သွားတာ မြင်ရမှာဖြစ်ပါသည်..
မသိသေး မရှိသေးတဲ့ လူများ အတွက်ရည်ရွယ်ပါသည်..
ဒေါင်းရန်... ဒီမှာ

ရှာပုံတော်

အစဉ်လာ တိမ်တိုက်နေတွေကြား
ထမ်းထားခဲ့တဲ့ ဝန်ထုပ်တစ်ခုဟာ
မျက်ရည်မိုးစက်တွေ ရွာသွန်းလို့
ခုတ်မောင်းနေတဲ့ ဘဝထဲ ဝင်ရောက်လာတယ်…။ 

ပြေးဝင်သွားတယ် အသံမကြားလိုက်ဘူး..
ခုတ်မောင်းတာ မြန်ဆန်လွန်းတယ်
နဘေးက ကြားလိုက်တဲ့ သူက
ကျည်ဆန်ရထားတစ်စီး ဖြတ်သွားတာလားတဲ့…။ 
Related Posts Plugin for WordPress, Blogger...