ကျွန်တော့်ဆီလာလည်ကြသော သူငယ်ချင်းမိတ်ဆွေများကို အမြဲကြိုဆိုလျက်ပါ...ကျွန်တော်မှားတာလေးတွေ တွေ့ရင်လည်းခွင့်လွတ်ကြပါ..ကျေးဇူးတင်ပါတယ်...(စိုင်းလေး)

Thursday, August 30, 2012

ဘာရယ်မဟုတ် ရေးမိရုံသာ

ပန်းချီဆွဲရတာ ကျေနပ်ဖို့ကောင်းပါတယ်
ပန်းချီ ဆွဲဖူးသူသာ သိပါတယ်
ပန်းချီ ဆွဲတတ်တဲ့ ကောင်မလေးတစ်ယောက် ကို ကျွန်တော် မြတ်နိုးဖူးပါတယ်
ကျွန်တော် ပန်းချီ ဆွဲရတာ ငယ်ငယ်လေး ကတည်းက ကြိုက်ပါတယ်
အခုတော့ မကြိုက်တော့ပါဘူး
ပန်းချီဆွဲ ရတာ ပျင်းဖို့ကောင်းစရာကြီး ဖြစ်လာပါတယ်
အလုပ်ရှုပ်ပါတယ်
အမှိုက်ပွပါတယ်
ကျွန်တော် လည်း သူမ ကို မချစ်တော့ပါဘူး
သူမ က ကျွန်တော့်ကို ပေကျံရှုတ်ပွ စေပါတယ်
ပန်းချီ ဟာ ကျွန်တော် မုန်းတဲ့ အရာ ဖြစ်လာပါပြီ
ကျွန်တော် ပန်းချီကားတွေ ဘယ်တော့မှ မကြည့်တော့ဘူးလို့ ဆုံးဖြတ်ချက်ချထားပါတယ်    ။

ကျွန်တော် သစ်ပင်တွေ ကို မချစ်ပါဘူး
သစ်ပင်တွေဟာ ချစ်စရာမကောင်းပါဘူး
စိုက်ပျိုးဖို့လည်း ကောင်းတဲ့အရာမဟုတ်ပါဘူး
အလှအပ အတွက် သူမရှိလည်း ဖြစ်ပါတယ်
ပန်းပွင့်လာတယ် အသီးသီးလာတယ်ဆို
ကျွန်တော့် အတွက် ပျော်ရွှင်စရာ မဟုတ်ပါဘူး
အခုတော့ ကျွန်တော် သစ်ပင် ပေါက်လေး တစ်ပင် စိုက်ထားပါတယ်
အမေ့ရဲ့ ပန်းအိုး အလွတ်အကြီးကြီးထဲမှာ သူက ပုတုတုလေး နေရာယူထားပါတယ်
ဟုတ်ကဲ့
ကျွန်တော် သူ့ကို အရမ်းချစ်ပါတယ်
လူတစ်ယောက် လိုကို ချစ်ပါတယ်
(တစ်မျိုးမထင်စေလိုပါ)    ။
အချိန် နေရာ နဲ့ ရာသီ
ဒါတွေဟာ တည်မြဲနေမှာတော့ မဟုတ်ပေမဲ့
မိန်းမ တစ်ယောက် နဲ့ သစ်ပင်တစ်ပင်
ကျွန်တော့် ရင်ထဲမှာ ရှိနေသေးတယ်
မိန်းမ က ကျွန်တော့်ကို သစ္စာမဖောက်ခဲ့ပေမဲ့
သစ်ပင်လေးက အပြုအစုကြားက သေသွားတယ်
ပန်းချီကားတွေထဲ ကျွန်တော့် ပုံရိပ်တွေ ရှိနေပေမဲ့
ကျွန်တော့် ဂရုပြုမှုတွေဟာ အရည်တွေအဖြစ်
ပန်းအိုးထဲက သဲတွေထဲ သွန်ချခဲ့ရုံပါပဲ    ။
ဒါပါပဲ . . . .
အခုတော့ ပန်းပင်လေးတစ်ပင်ကို 
ကောင်မလေးတစ်ယောက်က ပန်းချီဆွဲပေးပါတယ်
ကျွန်တော် ကတော့ အဲ့ကောင်မလေးကို ချစ်မိနေပါတယ်    ။  ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...