ကျွန်တော့်ဆီလာလည်ကြသော သူငယ်ချင်းမိတ်ဆွေများကို အမြဲကြိုဆိုလျက်ပါ...ကျွန်တော်မှားတာလေးတွေ တွေ့ရင်လည်းခွင့်လွတ်ကြပါ..ကျေးဇူးတင်ပါတယ်...(စိုင်းလေး)

Thursday, August 30, 2012

သတိရခြင်း

တစ်ခါတစ်ရံတော့လည်းလေ
အတိတ်ရဲ့မျက်စောင်းထိုးမှာရှိနေတဲ့
အလွမ်းတချို့ဟာ
အတွေးတွေထဲ ကို
စိတ်ကူးတွေထဲ ကို
ကူးချေ သန်းချေ
လုပ်နေကြလေရဲ့
မနိုင်တဲ့  အဆုံး
လက်မြောက်အရှုံးပေးတာတောင်
ခွင့်လွှတ်မပေးနိုင်တဲ့သူ
ကျူပင်ခုတ်ကျူငုတ်မကျန်တဲ့လေ
ကျွန်တော် ကိုတင်မက
ကျွန်တော့် အသည်းကိုပါ
ချိတ်ပိတ်ခဲ့လေသူ
သူမ မှ သူမ ဖြစ်ခဲ့တဲ့ ကျွန်တော်
နင်ကို ငါက ...

နင့်ကို ငါက နဲ့
စကားတွေ နဲ့ အနိုင်ယူ
ှနှလုံးသားကို ခွဲ
အသည်းကို ဆွဲဆုတ်
အိပ်မက်ထဲ ကို
အဆိပ်ခတ်
ကျွန်တော့် အတွေးတွေ ကို
ရက်ရက်စက်စက်
သတ်ပစ်ခဲ့သူလေ
ချစ်တာနဲ့မတန်
မေတ္တာနဲ့ မဟန်သူ
ထားပါတော့နောက်ဆုံး
ကျွန်တော် သူမကို
အတိတ်ဆိုတဲ့တံခါးနဲ့ပိတ်
ဥပက္ခာဆို တဲ့
သော့နဲ့ခတ်နိုင်ခဲ့ပြီ…..။
မင်းလည်း…………………။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...