ကျွန်တော့်ဆီလာလည်ကြသော သူငယ်ချင်းမိတ်ဆွေများကို အမြဲကြိုဆိုလျက်ပါ...ကျွန်တော်မှားတာလေးတွေ တွေ့ရင်လည်းခွင့်လွတ်ကြပါ..ကျေးဇူးတင်ပါတယ်...(စိုင်းလေး)

Monday, August 27, 2012

သဘာဝကပေးတယ်

မင်းခင်မင်ရင်းနှီးဖို့အတွက်
သူငယ်ချင်း၊မိတ်ဆွေ...ဆိုတဲ့အရာကို
သဘာဝကပေးထားတယ်....

မင်းပညာသင်ဖို့အတွက်
တက်သိတက်အပ်သော
ပညာရပ်တွေဆိုတဲ့အရာကို
သဘာဝကပေးထားတယ်....

မင်းကိုပြုစုပျိုးထောင်ပေးဖို့အတွက်
မိဘညီကိုမောင်နှမတွေ၊ဆွေမျိုးတွေဆိုတဲ့အရာကို
သဘာဝကပေးထားတယ်....


မင်းလုပ်ကိုင်စားသောက်ဖို့အတွက်
အလုပ်အကိုင်...ဆိုတဲ့အရာကို
သဘာဝကပေးထားတယ်...

မင်းနဲ့အတူတူ
တစ်ဘ၀လုံးပေါင်းပြီးပါရမီဖြည့်ဘက်အဖြင့်
ပူးပေါင်းဖို့အတွက်...ချစ်ရသူကို
သဘာဝကပေးထားတယ်...

မင်းကို..ကိုးကွယ်ဆည်းကပ်ဖို့အတွက်
ဘုရား..ဆိုတဲ့အရာကို
သဘာဝကပေးထားတယ်...

အဲဒီအရာတွေနဲ့မှ...မင်းသင့်တော်စွာ
မနေတက်ဘူးဆိုရင်
မင်းသဘာဝကြီးထဲမှာ
မနေသင့်တော့ဘူး.....
(အိမ်ထောင်မရှိသူများသည်...ချို့ယွင်းချက်ဖြစ်သည်)
ရေးသူ......စိုင်းလေး


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...