ကျွန်တော့်ဆီလာလည်ကြသော သူငယ်ချင်းမိတ်ဆွေများကို အမြဲကြိုဆိုလျက်ပါ...ကျွန်တော်မှားတာလေးတွေ တွေ့ရင်လည်းခွင့်လွတ်ကြပါ..ကျေးဇူးတင်ပါတယ်...(စိုင်းလေး)

Friday, August 10, 2012

သေသည့်တိုင်အောင်ချစ်မယ်


အချိန်နဲ့ နာရီများ
ဒဏ်ရာတွေကို
တကယ်များကုစားသလား?
ငါ့ရင်ထဲက နာကျင်မူ
ယနေ့တိုင်ရှိဆဲလေ
မြစ်ထဲကျခဲ့ရင်တောင်
လှေငယ်ရှိကောင်းရှိမယ်
ရေတွင်းထဲကျခဲ့ရင်လည်း
ကြိုးရှိကောင်းရှိနေဦးမယ်
မင်းရဲ့ အချစ်ကျော့ကွင်းထဲ
ကျသွားခဲ့တဲ့ငါ
မျှော်လင့်ချက်တောင်
မရှိတော့ပါဘူးလေ။
ဒီလိုနဲဘဲငါ
ရှေ့ဆက်လာခဲ့တယ်
၁၀စုနှစ်ကျော်လို့
၂၀စုနှစ်ထဲ
ငါဟာ လွှမ်းနေဆဲပါ
သတိရမူ့တွေရှိနေဆဲပါ
ဂရုစိုက်မူ့တွေလည်း
ပေးချင်တုန်းပါ
အကယ်၍များ
ဒီကမ္ဘာလောကထဲ
၁၀ယောက်လောက်များ
မင်းကိုဂရုစိုက်နေရင်
ငါတစ်ယောက်အပါအဝင်ပေါ့
၎ယောက်လောက်များ
ဂရုစိုက်နေသေးရင်လည်း

ငါဟာပါဝင်မြဲပါဘဲချစ်သူ
တကယ်လို့
တစ်ယောက်မှမင်းကို ဂရုမစိုက်တော့ရင်
ဒီလောကကြီးထဲမှာ
ငါမရှိတော့လို့ပါချစ်သူ။
ဒါကိုတော့အပြစ်မယူလိုက်ပါနဲ့
သေပြီးနောက်ဘဝရယ်
ဘာတွေဖြစ်နိုင်မယ်မသိနိုင်လို့
သေသည့်တိုင်အောင်တော့
ချစ်နေဦးမှာပါ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...