မင်းခင်မင်ရင်းနှီးဖို့အတွက်
သူငယ်ချင်း၊မိတ်ဆွေ...ဆိုတဲ့အရာကို
သဘာဝကပေးထားတယ်....
မင်းပညာသင်ဖို့အတွက်
တက်သိတက်အပ်သော
ပညာရပ်တွေဆိုတဲ့အရာကို
သဘာဝကပေးထားတယ်....
မင်းကိုပြုစုပျိုးထောင်ပေးဖို့အတွက်
မိဘညီကိုမောင်နှမတွေ၊ဆွေမျိုးတွေဆိုတဲ့အရာကို
သဘာဝကပေးထားတယ်....
မင်းလုပ်ကိုင်စားသောက်ဖို့အတွက်
အလုပ်အကိုင်...ဆိုတဲ့အရာကို
သဘာဝကပေးထားတယ်...
မင်းနဲ့အတူတူ
တစ်ဘ၀လုံးပေါင်းပြီးပါရမီဖြည့်ဘက်အဖြင့်
ပူးပေါင်းဖို့အတွက်...ချစ်ရသူကို
သဘာဝကပေးထားတယ်...
မင်းကို..ကိုးကွယ်ဆည်းကပ်ဖို့အတွက်
ဘုရား..ဆိုတဲ့အရာကို
သဘာဝကပေးထားတယ်...
အဲဒီအရာတွေနဲ့မှ...မင်းသင့်တော်စွာ
မနေတက်ဘူးဆိုရင်
မင်းသဘာဝကြီးထဲမှာ
မနေသင့်တော့ဘူး.....
(အိမ်ထောင်မရှိသူများသည်...ချို့ယွင်းချက်ဖြစ်သည်)
ရေးသူ......စိုင်းလေး
No comments:
Post a Comment