တစ် ခါ တစ် ခါ
ကဗျာ ဆရာ တောင် မဖြစ် ချင် တော့ လောက် အောင်
ငါ…ကာ ရန် တွေ ကို မုန်း မိ တယ်၊
ရင် ခုန် သံ တွေ ဆိတ် သုဉ်း
အရှုံး တွေ ပွေ့  ပိုက်
ငါ စတေး လိုက် ရတဲ့  သံယောဇဉ် တွေ
ငါ တွေး လိုက် ရတဲ့  ပယင်းရောင်
မျက်ရည် စက် တွေ နဲ့ 
ငါ မက် ခဲ့  ဖူး တဲ့  ပန်း နု ရောင် အိပ် မက် တွေ…
ရကောင်း စေ ရယ် လို့  လည်း
မသတ် မှ တ် ခဲ့ ပါ ဘူး
ဒါပေ မယ့် 
ငါ့ လက် က ထွက် တဲ့ 
ကဗျာ တစ် ရွက်
ကမ္ဘာ တစ် ဖက် မလင်း လက် နိုင် ရင် တောင်
မှောင် နေ တဲ့  ငါ့ အခန်း လေး
အလွမ်း တေး တစ် ပုဒ် နဲ့  နွေး ချင် တယ်….။ ။
No comments:
Post a Comment