ကျွန်တော့်ဆီလာလည်ကြသော သူငယ်ချင်းမိတ်ဆွေများကို အမြဲကြိုဆိုလျက်ပါ...ကျွန်တော်မှားတာလေးတွေ တွေ့ရင်လည်းခွင့်လွတ်ကြပါ..ကျေးဇူးတင်ပါတယ်...(စိုင်းလေး)

Tuesday, November 13, 2012

တန်ဖိုးနည်းလုံးချင်း အိမ်ဝယ်ချင်လား


ကိုယ်ပိုင်ဆိုင်ထားတဲ့ မြေကွက် လေးမှာ အနားယူ အပန်းဖြေဖို့ တန်ဖိုး နည်း အိမ်လေး တစ်လုံးလောက် ဆောက် ချင်တယ် ဆိုသူတွေ အတွက် ဆောက် လုပ်ရေး ပစ္စည်းတွေ တစ်ခုချင်းဝယ်၊ အလုပ်သမားငှား စတာမျိုးတွေ လုပ်နေ စရာ မလိုဘဲ Ready Made အိမ်လေး ရနိုင်မှာမျိုး ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ သင့်လျော်အောင် တီထွင် ဖန်တီးထားတဲ့ တန်ဖိုးနည်း လုံးချင်း အိမ် တပ်ဆင်လိုက်ရုံနဲ့ အသင့် နေလို့ရအောင် ဆောက်လုပ် ရောင်းပေးနေတဲ့ ကုမ္ပဏီ တစ်ခုကို ညွှန်ပေးပါမယ်။ နေအိမ် အခက်အခဲ ဖြစ်နေတဲ့ ဒေသတွေ အတွက် ရည်ရွယ် လှူဒါန်းမယ်ဆို လည်း ဒီလို အိမ်လေးတွေက သင့်တော် တာမို့ ဈေးနှုန်း၊ အရည်အသွေးကို ကြိုက်ရင် ဝယ် မဝယ် ထည့်စဉ်းစားလို့ ရအောင် ဖော်ပြ ပေးရခြင်းပါ။

အိမ်အရွယ်အစား က ၁၄ ပေx ၃၃ ပေ အကျယ်အဝန်း ရှိတာမို့ ကျယ်ကျယ် ဝန်းဝန်းလို့ ပြောလို့ မရပေမယ့် ကျဉ်း လွန်းတယ်လို့လည်း ဆိုမရနိုင်ပါဘူး။ အိမ်ရဲ့ ကိုယ်ထည်ကို Hollow သံပိုက်တွေနဲ့ ခိုင်ခံ့အောင် ပြုလုပ် တပ်ဆင်ထားပြီး အမိုးကို 4 Angle Alluzinc သွပ်နဲ့ မိုးပေး ထားတာပါ။ အောက်ခြေကို အုတ်ဖိနပ် အုတ်ခုံ တွေနဲ့ တည်ဆောက်ထားတာ ဖြစ်ပြီး အိမ်ရဲ့ဘေးအကာ၊ နံရံနဲ့ ကြမ်းခင်း တွေ ကို ရေစိုခံ Smart Board တွေနဲ့ သုံး ထားတယ်။ အဝင်အထွက် တံခါးတွေ အတွက်လည်း ကျွန်းတွေ ကိုသာ သုံးထားတယ်လို့ ဒီလုပ်ငန်းရဲ့ တာဝန် ရှိသူက ရှင်းပြတယ်။ အိမ်တစ်လုံးဖြစ် ဖို့အတွက် သုံးတဲ့ ကုန်ကြမ်းတွေကို ဗီယက်နမ်၊ ထိုင်ဝမ်၊ ထိုင်း၊ တရုတ်စတဲ့ နိုင်ငံတွေက အဓိက မှာယူတင်သွင်း တယ်လို့ ဆိုတယ်။

အသင့် အိမ်ဆောက် နေနိုင်အောင် စီစဉ်ထားတာမို့ ဒီက ဝယ်သွားပြီးရင် သူ့နေရာနဲ့သူ အစိတ်အပိုင်း အလိုက် ဆင် ပေးလိုက်ရုံပါပဲ။ တချို့တွေက အငှား ခေါ် တပ်ဆင်ခိုင်းလေ့ရှိပြီး ယောက်ျား သားများတဲ့ မိသားစုဆို သူတို့ဘာသာ တပ်ဆင် ဆောက်လုပ်ကြတာ မျိုးလည်း ရှိတယ်လို့ လည်း ဒီလုပ်ငန်းရဲ့တာဝန် ရှိသူကပြောပြတယ်။ လတ်တလော မှာတော့ ဒီတန်ဖိုးနည်း လုံးချင်းအိမ် တစ်လုံးကို စက်ရုံထုတ်ဈေး ကျပ် ၃၆ သိန်း သတ်မှတ် ရောင်းပေးတယ်။ လှူ ဒါန်းချင်သူတွေ၊ ပမာဏ ခပ်များများမှာ ယူလိုသူတွေ အတွက်တော့ နှစ်ဦးနှစ် ဖက်အဆင်ပြေအောင် ညှိနှိုင်းဆောင် ရွက်ပေးမှာ ဖြစ်ပြီး ဒီ ၃၆ သိန်းဆိုတဲ့ ပမာဏ ဟာလည်း အတတ်နိုင်ဆုံး အဆင်ပြေအောင် သတ်မှတ်ထားတဲ့ နှုန်းထားတစ်ခု လို့လည်း ဆိုတယ်။
နေရာဒေသ မရွေး ဆောက် လုပ်နိုင်အောင် ဖန်တီး ထားတာ ဖြစ်ပြီး ဝယ်ယူ သူတွေ အနေနဲ့ သုံးရက် လောက်နဲ့ ဆောက်လုပ် ပြီးနိုင်တယ်လို့ ဆိုတယ်။
ဒီလုပ်ငန်း ဆောင် ရွက်နေတာက ဘုန်းကြွယ် ကုမ္ပဏီ လီမိတက်ဖြစ် ပြီး အမှတ် - ၁၅၉၊ ဦးမြူလမ်း၊ အရှေ့ဒဂုံ စက်မှုဇုန်၊ ရန်ကုန် ဖုန်း - ဝ၉ - ၇၃ဝ၃၁၄၉၄၊ ဝ၉ - ၅ဝဝ၈၇၃၉ ကို ဆက်သွယ် ဆောင်ရွက် နိုင်ပါလိမ့်မယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...