ကျွန်တော့်ဆီလာလည်ကြသော သူငယ်ချင်းမိတ်ဆွေများကို အမြဲကြိုဆိုလျက်ပါ...ကျွန်တော်မှားတာလေးတွေ တွေ့ရင်လည်းခွင့်လွတ်ကြပါ..ကျေးဇူးတင်ပါတယ်...(စိုင်းလေး)

Wednesday, July 18, 2012

ချစ်ခြင်းအတွက် ----



ချစ်ခြင်းအတွက် ----



မေ့နေခဲ့တာမဟုတ်ပါဘူး ----

အချိန်ကာလ ကြီးကသာ---တဖြည်းဖြည်းရွေ့နေခဲ့တာပါ

တဖြည်းဖြည်းအသက်တွေကြီးရင့်လာတဲ့အခါ

ကိုယ့်သဏ္ဍာန်ကိုယ်--မပီသတော့သလိုမျိုး

ခင်ဗျားကို ----တိုးတိုးပြီး စိုးမိုးနေမိခဲ့



လူတွေကလည်းခက်တယ် ----


ရေဒီယိုအသံကြားလည်း လက်ခုပ်ထတီးကြတယ်

ရုပ်မြင်သံကြားမြင်လည်း လုပ်ခုပ်ထတီးကြတယ်

ခွေးနှစ်ကောင်ကိုက်လည်း လက်ခုပ်ထတီးကြတယ်

ဟုတ်တယ် ----

မရှိခြင်းထက်---မသိခြင်းကပိုခက်တယ်ဆိုပါစို့

ကျွန်တော်ကတော့---ခင်ဗျားကို -- အသိရှိရှိနဲ့

မြတ်နိုးနေခဲ့တဲ့ကောင်ပါ



မေ့ပစ်လိုက်စမ်းပါ

လူတွေကြုံတွေ့ရလေ့ရှိတဲ့ ခင်ဗျားဘ၀ရဲ့ လောကဓံတွေကို

ရှေ့မှာ မြူတွေ ပြယ်တော့မဲ့ ကောင်းကင်ပြင်---

ကြယ်ကလေးတွေလည်း ---မှိတ်တခါလင်းတလှည့်

ခင်ဗျားရဲ့ အနုပညာဆန်မှုကို ဦးညွှတ်နေကြ



မှေးစက်လှည့်ပါ

ဒီကောင့်ရင်ခွင်နွေးနွေးမှာ ပကာသန မပါပေမယ့်

ဗလာမကတဲ့ ချစ်ခြင်းအနန္တတွေရှိပါတယ်

အရာရာမှာ---ပန်းတွေပွင့်စေချင်ခဲ့သူတစ်ယောက်မို့

ချစ်သူ----

ချစ်ခြင်းအတွက်----

အပြစ်ကင်းစေကွယ် ------


(သက်-တန့်-ချို)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...