ကျွန်တော့်ဆီလာလည်ကြသော သူငယ်ချင်းမိတ်ဆွေများကို အမြဲကြိုဆိုလျက်ပါ...ကျွန်တော်မှားတာလေးတွေ တွေ့ရင်လည်းခွင့်လွတ်ကြပါ..ကျေးဇူးတင်ပါတယ်...(စိုင်းလေး)

Saturday, July 28, 2012

Local ချစ်သူ

ရေမြေတောင်……
မခြားပါဘူး မိုင်လေး
ရာဂဏန်းလောက်ကို
ငါ သေလောက်အောင်
လွမ်းမိတယ် ……….။
ဘယ်အချိန်မှ နီးမလဲ?
နင်မရှိတဲ့ အချိန်တွေက
ဆောင်းည ဆိုပေမယ့်ချစ်သူအိမ်မက်.........သို့

မီးထဲမှာ နေရသလို
ရင်ခွင်မှာ ပူလောင်လို့ ..
ငါ့ အဖြစ်ကိုတော့…နင်
လှောင်လို့  မရယ်လိုက်ပါနဲ့ 
ချစ်သူ………………။
Online တက်
Phone ဆက်ရုံနဲ့ 
စစ်မှန်တဲ့ ငါ့အချစ်ကို
သက်သေပြလို့ မရဘူးဆိုတာ
ငါသိပါတယ်.
တစ်..နေ့ ….တော့
expressကြီးစီးလို့ 
အရောက်လာခဲ့မယ်.
မင်းရှိရာ အရပ်ဆီ။ ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...