ကျွန်တော့်ဆီလာလည်ကြသော သူငယ်ချင်းမိတ်ဆွေများကို အမြဲကြိုဆိုလျက်ပါ...ကျွန်တော်မှားတာလေးတွေ တွေ့ရင်လည်းခွင့်လွတ်ကြပါ..ကျေးဇူးတင်ပါတယ်...(စိုင်းလေး)

Sunday, July 29, 2012

မြန်မာစကားပုံများ

ကရဏိယနှင့်ဆွမ်းစား အံသွား ဗထက်ချိုက်လိုက်ပြီ “လက်ရှိအတိုင်းနေလာသည်မှာကြာပြီ၊ အထူးအထွေအားထုတ်ဖွယ်ရာမရှိ”ဟု ဆိုလို သည်။ “မိမိနည်းနှင့်မိမိအောင်မြင်မှုအတွေ့ အကြုံများလှပြီ။ အခြားနည်း ရှာကြံလက်ခံဖွယ်...

ငါးပိဖြစ်ပြီးမှ အမြီးမနှံ့ချင်နှင့်တော့ ငါးသည်သေရုံသာမက ဆားနှင့်သိပ်နယ်ထောင်းထုခံရ၍ ငါးပိဖြစ်ပြီးသည့် နောက်တွင် မည်သည့်နည်းနှင့်မျှ လှုပ်ရှားနိုင်တော့မည်မဟုတ်သဖြင့် အမြီးနှံ့၍မရသည့် အတိုင်းမရနိုင်သည်ကို...

ညောင်ဦးကမ်းပါးပြို စမ္မနဂိုက နွားမပေါင်းကျိုး ညောင်ဦးမြို့တွင် ကမ်းပါးပြိုကျခြင်းကြောင့် ညောင်ဦးနှင့် ကွာလှမ်ေးသာ အခြားတစ်ဒေသရှိ စမ္မနဂိုမြို့မှ နွားမတစ်ကောင်ပေါင်ကျိုးရသည်ဆိုခြင်းမှာ ဘာမျှ...

ဒူးနေရားဒူး တော်နေရာတော် ရှေးအခါတုန်းက နန်းတော်တွင် ခစားကြသူများမှာ မိမိအဆင့်အတန်းအလိုက် ရရှိသောနေရာတွင်သာ ခစားကြရလေရာ တော်၊ ဒူး၊...

ပျားရည်နှင့် ၀မ်းချသည် (၀န်ချသည်) ၀မ်းသွားစေရန် အ၀င်ဆိုးသော ဆေးများဖြင့် ၀မ်းမနုတ်ဘဲ ချိုမြသော ပျားရည် ဆေးဖြင့် ၀မ်းပုပ်ချသည်ဟု...

ဘူးထဲကရေပါ လူတစ်ယောက်က ရေဘူးယူလာသည့်အခါ အခြားတစ်ယောက်က မိမိရေကိုပါ ၎င်းဘူးဖြင့်ထည့်၍ ယူခဲ့ရာ ထိုသူက သူ၏ရေကိုတောင်းသဖြင့်...

ရှေ့တိုးထမ်းပိုး၊ နောက်ဆုတ်လှည်းထုပ် လှည်းကထားသောနွားသည် မရုန်းမထွက်သာဘဲ ရှေ့သို့တိုးလျှင်လည်း ထမ်းပိုးက တားဆီးထားပြီး နောက်သို့ဆုတ်လျှင်လည်း လှည်းထုပ်က တားဆီးထား...

သူဌေးကြေးပသည် (ကြေးပံသည်) ငွေကြေးချမ်းသာ ကြွယ်ဝသော သူဌေးသည် အခွန်ထုတ်အခကြေးငွေကို ပေးနိုင်သူဖြစ်ပါလျက် ထိုသူဌေးကိုမှ အခွန်အတုတ်မကောက်ခံဘဲ ပလပ်ကင်းလွတ်ခွင့်...

ဂါထာလူတိုင်းပေး တေးဖြစ်သည် အစွမ်းအာနိသင် ထက်မြတ်သောဂါထာကို နေရာဌာနအားလျော်စွာ စည်းစနစ်တကျ ရွတ်ဆိုရန် ပေးခြင်းမဟုတ်ဘဲ လူအားလုံးကို ဖြန့်ပေးခြင်းဖြင့်...

ဆန်ပေးမှ ဆေးရသည် ဆန်နှင့်ဆေးကို လဲလှယ်၍ယူရာတွင် ဆေးကို အခမဲ့ရသည်မဟုတ် ဆန်ပေး၍ သာ ဆေးကိုရခြင်းဖြစ်သည်။ ကျေးဇူးတင်စရာ...

ထမင်းကြမ်းက အငွေ့ထွက်ချင် အပူငွေ့စဲ၍ အေးနေသော ထမင်းကြမ်းခဲကပင်လျှင် သဘာဝမဟုတ်ဘဲ အငွေ့ ထွက်ချင်ခြေင်းမှာမသင့်ဟု ဆိုလိုသည်။ မိမိသဘာဝမဟုတ်ဘဲ...

နူရာဝဲစွဲ လဲရာသူခိုးထောင်း နူနာရောဂါစွဲနေသည့်သူမှာ ထပ်၍၀ဲနာစွဲသည်။ ပြေး၍လဲကျရာတွင် သူခိုးက ထပ်မံ၍ ထောင်းသည်ဟုဆိုလိုသည်။ ဒုကတစ်ခုပေါ်တွင် နောက်ထပ်...

ဗျိုင်းမှန်လျှင် ခြေစိမ်းသည် ငှက်အမျိုးမျိုးတွင် ခြေတံရှည်၍ ငါးဖမ်းတတ်သော ငှက်မျိုးများစွာ ရှိသော်လည်း ဥဗျိုင်းမျိုးမှာ ခြေမနီဘဲ စိမ်းသဖြင့်...

ယုန်တောင်ပြေး၊ ခွေးမြောက်လိုက် ယုန်ကို ခွေးနှင့်လိုက်စေရာ ယုန်ကတောင်ဘက်သို့ ပြေးသော်လည်း ထူအ သောခွေးသည် ယုန်ကို မျက်ခြေပြတ်သွားသဖြင့်...

ဝမ်းတစ်လုံးကောင်း ခေါင်းမခဲဘူး အစာအိမ်က အစာကောင်းစွာ ချေချက်နိုင်ခြင်းမရှိခဲ့သော် ရောဂါဘယ အမျိုးမျိုး အထွေထွေ ဖြစ်ပွားတတ်ပေရာ အစာအိမ်...

အတတ်ကျူး၍ ဘီလူးဖြစ်သည် တွေ့မြင်ရာကို သင်ကြား၍ အသစ်နည်းနာမှန်သမျှ စမ်းသပ်ကာ သူတစ်ပါးထက် ထူးကဲလျှင် ပြီးတမ်းသဘောဖြင့် သူတစ်ပါးထက်ပို၍...

ခွေးလှေးခုန်၍ ဖုန်မထ အထုအထည်နှင့် အလေးချိန်နည်းပါးသေးငယ်သော ခွေးလှေး၊ ခွေးသန်းတစ်ကောင် သည် မည်မျှပင် ခုန်စေကာမူ ဖုန်တထောင်းထောင်း...

စူဠလိပ်ရေထဲလွှတ်သည် လိပ်သည် ရေထဲတွင်နေသော သတ္တ၀ါဖြစ်သော်လည်း ရေကိုကြောက်ရွံ့ ဟန်ဆောင်သဖြင့် နှိပ်စက်သည့်သဘောဖြင့် ရေထဲသို့ လွှတ်ချကြည့်သောအခါ...

တစ်ခါသေဖူး ပျဉ်ဖိုးနားလည်သည် အိမ်တစ်အိမ်၌ တစ်စုံတစ်ယောက် သေဆုံးဖူးသောအခါ အခေါင်းပြုလုပ်ရန် သစ်ပျဉ်မည်မျှ သစ်ဖိုးမည်မျှကျမည်ကို လက်တွေ့သိရှိနားလည်ဖူးသွားသည်ဟု ဆိုလိုသည်။...

ဓားခုတ်ရာတွင် လက်လျှိုမှားသည် သူတစ်ပါးက ဓားနှင့်ခုတ်စင်းနေရာသို့ မိမိက တမင်္ဂလာဝင်၍ လက်လျှိုခံ သောအခါ အကြောင်းမဲ့လက်ပြတ်ရသည်ဟု ဆိုလိုသည်။...

ဖွဲကိုထောင်း၍ ဆန်ကောင်းမရ စပါးကိုကြိတ်ထိုး၍ ဆန်လုံးတီးစေ့ကို ထောင်းမှ ဆန်ဖြူဆန်ကောင်း ရရှိနိုင်သည်ဖြစ်ရာ ဆန်စေ့မပါတော့သည့် ဖွဲကြမ်းခွံကို မည်မျှပင်...

မျက်နှာကြီးရာ ဟင်းဖတ်ပါ (ဇွန်းခွက်ကြီးရာ ဟင်းဖတ်ပါ) ထမင်းဝိုင်းတွင် ဟင်းလိုက်ပေးရာ၌ မျက်နှာကြီးငယ်မရွေးတတ်၍ ကြွယ်ဝချမ်း သာသူ၊ လိုလားသူ၏မျက်နှာကိုငဲ့၍ ထိုသူအား ဟင်းဖတ်များစွာထည့်ပေးပြီးလျှင်...

လင်းတလောက်တော့ ငှက်တိုင်းလှသည် လင်းတသည် ငှက်အမျိုးမျိုးအနက်တွင် အရုပ်ဆိုးသော ငှက်ဖြစ်သဖြင့် အခြား ငှက်များသည် အရုပ်ဆိုးသည်ဟု ဆိုရစေကာမူ...

ဟောင်လွန်းသည့်ခွေး လူမလေး ခွေးဟောင်သောအခါ ကိုက်တော့မည်အထင်ဖြင့် လူကထိတ်လန့်တတ်သော် လည်း ခွေးသည်ဟောင်ခြင်းကိုသာ အားကိုး၍ တဟောင်တည်း ဟောင်နေသောအခါ...

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...