ကျွန်တော့်ဆီလာလည်ကြသော သူငယ်ချင်းမိတ်ဆွေများကို အမြဲကြိုဆိုလျက်ပါ...ကျွန်တော်မှားတာလေးတွေ တွေ့ရင်လည်းခွင့်လွတ်ကြပါ..ကျေးဇူးတင်ပါတယ်...(စိုင်းလေး)

Saturday, July 28, 2012

Google ကို စပါယ်ရှယ် မွှေမယ်

Google ကို စပါယ်ရှယ် မွှေမယ်

ခုတစ်လော အလုပ်က ရှုပ်နေတာ တစ်ဘက် ။ သူငယ်ချင်းတစ်ယောက်က ဆုံးသွားတာ တစ်ဘက်နဲ့ စာ သိပ်မရေးဖြစ်ပါဘူး ။ ဒါကြောင့် ဒီညတော့ အောင့်အီးပြီး စာတပုဒ်လောက်တော့ မဖြစ်ဖြစ်အောင် ရေးရမှာပဲလို့ အားတင်ပြီးရေဖြစ်လိုက်တာပါ ။ ဒါမှလည်း ဆိုဒ်ကို လာဖတ်တဲ့သူက ရှိမှာကိုး ။ ခုတစ်လော ဆိုဒ်မှာ စာဖတ်တဲ့သူလည်း သိသိသာသာကြီးကို ကျနေတယ် ။ သိနေပါတယ် ရေးဖို့လည်း အင်အားမရှိလို့ ။ခုတော့ မဖြစ်ဖြစ်အောင် ရေးလိုက်ပါပြီ ။ ဆိုဒ်ကိုလည်း လာလည်ကြပါဦးလို့ ။

  ခုကျွန်တော့်ရေးမည့် အကြောင်းလေးက Add-On အကြောင်းပါ ။ ကျွန်တော်စက်က Add-On လုပ်လို့မရဘူး။ဒါကြောင့် လက်တွေမလုပ်ရပါဘူး ။ ကျွန်တော်ကိုယ်တိုင် မခံစားရတဲ့ ကျွန်တော်ရဲ့ စာတစ်ပုဒ်ပါ ။စာဖတ်သူတို့အတွက် များစွာ အသုံးဝင်စေပါလိမ့်မယ် ။
 ဘာအသုံးဝင်လဲဆိုရင်တော့...
 စကားနည်းနည်းပြောပါရစေ ကျွန်တော် စာတစပုဒ်ကို ရေးတုန်းက URL ,Ebook ကို မသိတဲ့လူအတွက်ပေါ့ ။
ပုံလေးကို ကြည့်လိုက်ပါ ။
လိပ်စာဘားက စာကို ဥပမာ (http://www.decembermgmg.co.cc/) က URL ပေါ့ဗျာ ။
နောက် Ebook စာအုပ်လို့ခေါ်နေကြတာပဲ ။ ဒါမှ မဟုတ် PDF file ပေါ့ဗျာ ။ ဒါတော့ ကျွန်တော် သိသလောက်ပါ ။နားလည်အောင် မပြောတတ်ဘူး ။
ဒါတော့ စကားချက်ပါ ။
ပြန်ဆက်ကြရအောင်နော်... အဲဒီ Add-On က ကို ရှာချင်တာကို လွယ်လွယ်လေး ရှာလို့ရတယ် ။ ရှာချင်အရာလေးကို အစလေးရေးလိုက်ရုံနဲ့ ပေါ်ပေါ်လာတယ် ။ စာတွေကိုပေါ့ ။ ပုံကြည့်ရင် နားလည်လိမ့်မယ်
အဲလောက် ဆိုသဘောပေါက်လောက်မယ် ထင်တယ် ။ ဒါကို အသေအချာ သုံးချင်တယ်ဆိုရင်တော့ အောက်က စာသားလေးတွေကို မှတ်မိအောင် ဖတ်စေချင်တယ် ဘာလို့ ဆိုတော့ ရှာတဲ့အခါမှာ ဒါတွေ အဓိက အချက်ဖြစ်နေလို့ပဲ
ဥပမာ g ဆိုရင် Google ပေါ့ ။ ဒါက Google နဲ့ ရှာမယ် ဆိုတဲ့ သဘောပေါ့ ။ ဒါက ပုံမှန်ရှာနေကျ Google မှာ ရိုက်ပြီးတော့ ရှာသလိုပဲ ။ ကျန်တာတွေ ရှိသေးတယ် ။ ဒါတွေကို မှတ်မိအောင် ဖတ်ပြီးမှပဲ သုံးမယ်ဆိုရင် သင့်အတွက် အများကြီး အထောက့်အကူပေးပါလိမ့်မယ် ဖြစ်ကြောင်း ....
g » for Google Search
i » for Google Images
m » for Google Maps
y » for Youtube
t » for Twitter
w » for Wikipedia
a » for Amazon
e » for eBay
b » for Bing
yh » for Yahoo
wa » for Wolframalpha
f » for Weather Forecast
c » for Calulator
ပုံကိုကြည့်

ဒါလောက်ဆို သဘောပေါက်လောက်မယ် ထင်တယ်ဗျာ ။
ဥပမာ i နဲ့... iက ဓါတ်ပုံရှာတာ...ဓါတ်ပုံကို ရှာချင်တယ် ဆိုပါတော့ အဲဒါဆိုရင် i အရင်နိပ် ပြီးရင် ဘားကလေး တစ်ချက်ခြားပေးပါ ။ ပြီးရင် ကိုယ်ရှာမယ့် ဓါတ်ပုံနာမည်ကို ရိုက်လိုက်ပေါ့  ။ အောက်မှာ စာရိုက်လို့ မဆုံးခင်မှာပဲ ဓါတ်ပုံတွေ အစီအရီတက်လာပါလိမ့်မယ်...
အဲ....ခုပြောနေတာတွေက URL ဘားမှာ ရိုက်ရတာနော်.....
ကလိုဆိုရင် သဘောပေါက်လောက်ပြီ ထင်တယ် ။ ကဲ ကျန်တဲ့ Add-On အကြောင်းကိုတော့ လုပ်ဖို့အကြောင်းကိုတော့ ကိုယ့်ဖာသာကိုယ် လုပ်တော့ စာတော်တော်ရှည်သွားပြီ ။ လုပ်လို့မတတ်ဘူးဆိုရင် ဒီနေရာက စာကို နမူနာယူပြီးလုပ်ကြပါလို့ ။ တောင်းပန်ပါရစေ ။ ဒါက သိပြီးသားလူများလို့ ထပ်ရေးရင် အပြောခံရမှာစိုးတာ တစ်ဘက်.စာက ရှည်လွန်နေပြီဖြစ်တဲ့အတွက်တွေကြောင့် မို့လို့ ထပ်မရေးတော့ကြောင်းပါ ။ ဒီနေရာမှာ Add-On သွားလုပ်ကြပါလို့ ။    ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...