ကျွန်တော့်ဆီလာလည်ကြသော သူငယ်ချင်းမိတ်ဆွေများကို အမြဲကြိုဆိုလျက်ပါ...ကျွန်တော်မှားတာလေးတွေ တွေ့ရင်လည်းခွင့်လွတ်ကြပါ..ကျေးဇူးတင်ပါတယ်...(စိုင်းလေး)

Saturday, July 28, 2012

windows 7 မှာ windows media player 11ထည့်သွင်းနည်း


( ပုံ - ၁ )
ဘလော့မိတ်ဆွေများအားလုံး မင်္ဂလာပါ! ဒီနေ့ ဘလော့မိတ်ဆွေများကို ကျနော်ဆွေးနွေးပေး မယ့်အကြောင်းအ ရာလေးကတော့ windows 7 ကိုအသုံးပြုနေတဲ့ မိတ်ဆွေများအတွက်သာ ဖြစ်ပါတယ်.ဒီလိုပြဿနာမျိုးဆိုတာလဲ လူတိုင်းမကြုံတွေ့ ကြပါဘူး တကယ်လို့ ကြုံလာခဲ့ရင် ဖြေရှင်းလို့ ရအောင် ဒီပို့ စ်လေးကိုရေးသားရခြင်းဖြစ်ပါတယ်.ဘယ်လိုပြဿနာလဲဆိုတော့ ကျနော်တို့ windows 7  မှာ ပါဝင်တဲ့ windows media player 12 ဟာ အကြောင့်အမျိုးမျိုးကြောင့်အသုံးပြုလို့ မရခဲ့ရင် ( သို့  ) မှားယွင်းပြီးဖျက်မိခဲ့ရင် ကျနော်တို့  windows media player 12 အစားwindows media player 11 ကို windows media player 12 ပုံစံမျိုးအတိုင်း မိမိတို့ windows 7 မှာ အသုံးပြုနိုင်စေ ရန်ထည့် သွင်းမည့်နည်းလမ်းလေးဖြစ်ပါတယ်.ဘလော့မိတ်ဆွေများ အောက်မှာ ကျနော်တစ်ဆင့်ချင်းပြော ပြပေးသွားမှာဖြစ်တဲ့အတွက် အခက်ခဲဖြစ်နေသူများ သေချာ လိုက်ပြီးပြုလုပ်စေချင်ပါတယ်.

step | 1 | အရင်ဆုံး အောက်ဆုံးမှာ windows media player 11 for windodws 7 ကို download ယူလိုက်ပါ။



step | 2 | start \ control panel \ programs and features \ ဘယ်ဘက်ဘေးမှာရှိတဲ့Turn Windows features on or off \ ပြီးရင် Media Features အောက်မှာရှိတဲ့ အောက်ကပုံလေးအတိုင်းဝိုင်းထားတဲ့
အမှန်ခြစ်လေးတွေကိုဖြုတ်ပြီး OK ပေးလိုက်ပါ။ ( ပုံ - ၁ )

 ( ပုံ - ၁ )
 ( ခဏစောင့်နေပါ )\ Restart Now ကိုClick ပေးလိုက်ပါ။ ပုံ - ၂ 

 ( ပုံ - ၂ )

step | 3 | Windows ပြန်တက်လာရင် download ယူထားတဲ့ windows media player 11 for windodws 7 ကိုInstall လုပ်ပါ။ Install ကိုအဆင့်ဆင့်ပြုလုပ်ပြီးလို့ နောက်ဆုံးအချိန် အောက်ကပုံလေးအတိုင်း စက်ကို restart ချဖို့မေးလာပါလိမ့်မယ်.ဒီအချိန်မှာ အားရဝမ်းသာနဲ့ finish မလုပ်လိုက်ပါနဲ့ .ဒီ အချိန်လေးမှာ ဘဲ အလုပ်လုပ်စရာရှိနေသေးလို့ ပါ။ ( ပုံ - ၃ )
 ( ပုံ - ၃ )


step | 4  | RUN \ regedit သွားပါ.ပြီးရင် အောက်ကအတိုင်းရောက်အောက်သွားပါ။
" HKEY_LOCAL_MACHINE\Software\Microsoft\MediaPlayer\Setup\Installed Versions ပေါ်မှာ right click \ Delete နဲ့ ဖျက်လိုက်ပါ။( ပုံ - ၄ )

 ( ပုံ - ၄ )

step | 5 | ပြီးရင်တော့အောက်ကပုံလေးအတိုင်း လိုက်လုပ်လိုက်ပါ။ ( ပုံ - ၅ )

 ( ပုံ - ၅ )
step | 6 | မိမိတို့ ရဲ့ စက်ဟာ Reboot လုပ်ပြီးပြန်တက်လာရင် C:\Program Files \ window media player ကိုသွားပြီးအောက်ကပုံလေးအတိုင်း wmplayer \ right click \ Pin to taskbar ကို click ရွေးပါ။မိမိကွန်ပျူတာရဲ့  taskbar မှာ wmplayer icon ပုံလေးကိုတွေ့ မြင်ရပါလိမ့်မယ်။ ( ပုံ - ၆ )
( ပုံ - ၆ )
အခုဆိုရင်တော့ မိတ်ဆွေများရဲ့ windows 7 မှာwindows media player 12 အစားwindows media player 11 ကို windows media player 12 ပုံစံမျိုးအတိုင်း ထည့်သွင်းခဲ့နိုင်ပြီဖြစ်၍ အဆင်ပြေစွာအသုံးပြု နိုင်သွားပြီဖြစ်ပါတယ်။

အသုံးပြုချင်တဲ့မိတ်ဆွေများ အောက်မှာ download ယူနိုင်ပါတယ်...
DOWNLOAD:

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...