ကျွန်တော့်ဆီလာလည်ကြသော သူငယ်ချင်းမိတ်ဆွေများကို အမြဲကြိုဆိုလျက်ပါ...ကျွန်တော်မှားတာလေးတွေ တွေ့ရင်လည်းခွင့်လွတ်ကြပါ..ကျေးဇူးတင်ပါတယ်...(စိုင်းလေး)

Sunday, July 29, 2012

ရီနဲ့နော်…..(ချစ်လို့ပါ)


မျက်တောင်လေး
တစ်ခါခတ်တိုင်း
နင့်ကို သတိရတယ်
ပြောရင် ငါ့ကို
နင်…..ရီမလား။
အတွေးလေးထဲ
နင့်အကြောင်းတွေးရင်း
ငါပြုံးတတ်တာ ပြောရင်
နင်…..ရီမလား။
နင်ပြန်လာမယ့်ရက်
လက်ချိုးတွက်လို့
နင်ရှိမယ့်နေရာ
သွားတတ်တာကို
နင်သိရင်များ
နင်……..ရီမလား။

နင်အကြောင်းလေးတွေ
ကြားချင်မိလို့
နင့်သူငယ်ချင်းတွေကို
ငါခင်မိတာ
နင်သိရင်များ
နင်…..ရီမလား။
ချစ်သူရယ်
ချစ်မိတော့လဲ
အရူးလိုလို အလုပ်လေးတွေ
ငါလုပ်မိသွားတယ်
ဒီအကြောင်းတွေ
နင်သိရင်များ
နင်…..ရီမလား။(ချစ်သူအိမ်မက်...........သို့)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...