ကျွန်တော့်ဆီလာလည်ကြသော သူငယ်ချင်းမိတ်ဆွေများကို အမြဲကြိုဆိုလျက်ပါ...ကျွန်တော်မှားတာလေးတွေ တွေ့ရင်လည်းခွင့်လွတ်ကြပါ..ကျေးဇူးတင်ပါတယ်...(စိုင်းလေး)

Saturday, July 28, 2012

*ချစ်သူ*

ငါ့စာတွေကို လာမဖတ်နဲ့ ချစ်သူ
ဘယ်သူ့ကိုမှ ပြောခွင့်မရှိတဲ့ ရင်ခုန်သံတွေ
ကဗျာတစ်ပုဒ်ပဲဖြစ်ဖြစ် ချရေးပါရစေ
ငါ့ရင်ခုန်သံကို နားမထောင်နဲ့ ချစ်သူ
ဘယ်သူ့ကိုမှ မပေးတော့မယ့် အချစ်တွေ
ရင်ထဲမှာပဲဖြစ်ဖြစ် သော့ခတ်ထားပါရစေ
ငါ့အချစ်တွေ မလိုချင်နဲ့တော့ ချစ်သူ
ဘယ်လိုမှ ပေါင်းစည်းဖို့ မဖြစ်နိုင်တဲ့ ဘဝတွေ
တစ်သက်လုံးပဲဖြစ်ဖြစ် စိတ်နာလိုက်စမ်းပါ
ငါ့ဘဝကို စွန့်ထွက်သွားတော့ ချစ်သူ
ဘယ်လိုမှ ပြန်မလန်းဆန်းနိုင်တော့တဲ့ နားလည်မှုတွေ
ဓားနဲ့ပဲဖြစ်ဖြစ် ငါ့ရင်ကိုမွှန်းလိုက်စမ်းပါ
အကြင်နာတွေကို နာတာတွေနဲ့ ဖုန်းလွှမ်းလိုက်တော့ ချစ်သူ
ဖြူဖြူကျော်သိန်းဆိုခဲ့တဲ့ သီချင်းတစ်ပုဒ်ရဲ့ စာသားတွေ
နင်သက်သာအောင် အော်ဆိုလိုက်စမ်းပါ………(ချစ်သူအိမ်မက်.......သို့)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...