ကျွန်တော့်ဆီလာလည်ကြသော သူငယ်ချင်းမိတ်ဆွေများကို အမြဲကြိုဆိုလျက်ပါ...ကျွန်တော်မှားတာလေးတွေ တွေ့ရင်လည်းခွင့်လွတ်ကြပါ..ကျေးဇူးတင်ပါတယ်...(စိုင်းလေး)

Sunday, July 29, 2012

မြန်မာတွေဘာကြောင့်အောက်ကျနေရသလဲ ....?

(၁) ဘာသာရေးအမြင်နှင့်သုံးသပ်ခြင်း
(က)အပမ်းဖြေခရီးထွက်တဲ့အတွက် မြန်မာတွေအောက်ကျသွားနိုင်ပါသလား။
ဗုဒ္ဓဂါယာ ဘုရားဖူးမသွားခြင်းဟာ မြန်မာတွေက ဘာသာရေးမှာ အောက်ကျစေပါသလား။
စာရေးသူအနေနဲ့ ဗုဒ္ဓဂါယာ ဘုရားဖူးသွားတဲ့လူတွေကို မကြုံလောက်အောင် အလှမ်းဝေးနေပုံရပါတယ်။
တကယ်တန်း ဗုဒ္ဓဂါယာ သွားသူ များ အတော်အတန်ရှိကြောင်း ခရီးသွားအေဂျင်စီများကို စုံစမ်းရင် သိနိုင်ပါတယ်။စာဖတ်သူတွေထှဲာလည်း ဗုဒ္ဓဂါယာရောက်ဖူးတဲ့လူတွေ ပါမှာပါ။
ဗုဒ္ဓဂါယာ မသွားလို့ ဘာသာရေးမှာအောက်ကျတယ် မဆိုနိုင်ပါဘူး။ မြတ်စွာဘုရားရဲ့ ဓါတ်တော်၊မွေတော်၊ခြေရာတော်တွေရှိတဲ့ မြန်မာပြည်လိုပြည်တွင်းမှာလည်း ကုသိုလ်ပြုနိုင်ပါတယ်။
အဆင်သင့်မယ်ဆိုရင် ရွှေတိဂုံ၊ ကျိုက်ထီးရိုး၊ပြည်ရွှေဆံတော်၊ မကွေးမြသလွန်၊ မန္တလေးမဟာမြတ်မုနိ စတဲ့ ၊ပုဂံ စတဲ့ စေတီပုထိုး များသို့ သွားရောက်လေ့လာစေချင်ပါတယ်။ နေ့စဉ်ဆက်မပြတ် ဘုရားဖူး ကုသိုလ်ယူသူများဖြင့် စည်ကားလျှက်ရှိကြောင်းပါ။

တကယ်တန်း ဗုဒ္ဓဂါယာ မသွားခြင်းဟာ မြန်မာတွေ အောက်ကျရတာနဲ့ သက်ဆိုင်မှုအတော်လေး အလှမ်းဝေးပါတယ်။

( ခ) ဘီယာ ဆိုင် ကိုသွားရင် ဘီယာသောက် သူကိုတွေ့ရမှာပါ။ သေချာပါတယ်။ ဘီယာဆိုင်မှာ ပုတီးသမားကိုတွေ့ရင်တော့ ထူးခြားဖြစ်စဉ်လို့ သတ်မှတ်ရပါမယ်။
စေတိကျောင်းကန်ဘုရားသွားရင် ဘုရားဖူး ကုသိုလ်ယူသူနဲ့တွေ့ရပါမယ်။ စေတီရင်ပြင်ပေါ်မှာ အရက်ဝိုင်းဖွဲ့နေရင်တော့ အောက်တန်းကျပါတယ်။ အဲ့ဒါဆိုဘာသာရေးကို စော်ကားရာရောက်ပါတယ်။
မိန်ကလေးတွေ ကလပ်တတ်တာတွေ့ပါတယ်။ ဘီယာသောက်တာတွေ့ပါတယ်။အရက်သောက်တာတွေ့ပါတယ်။
ယောက်ကျားလေးတွေလဲ သောက်ပါတယ်။ တက်ပါတယ်။ ဒါပေမဲ့ ကလပ်တက်သူက တတ်သူသီးသန့်ပါ။
မြန်မာအမျိုးသမီးထုတစ်ရပ်လုံးတက်တာမဟုတ်ပါဘူး။ မြန်မာပြည် အမျိုးသမီး ထုအရေအတွက် အချိုးနဲ့စာရင်
အခုလိုကလပ်တတ်သူ အရေအတွက်က သမန်အနေအထားမှာဘဲရှိပါတယ်။ မြန်မာပြည်မှာဘဲ ထူးကဲပြီး မိန်းကလေး ကလပ်တတ်သူပိုများနေတာဟုတ်ပါဘူး။
ကလပ်ကိုသွားကြည့်ရင်တော့ ကလပ်တတ်သူကိုတွေ့ရမှာ သဘာဝပါ။

မြန်မာတွေ ဘာကြောင့်အောက်ကျရသလဲ ဆိုတော့ မိန်းကလေးတွေ ကလပ်တတ်တာကြောင့်ဆိုတာ အကြုံးဝင်ပါသလား။ စာရေးသူအနေနဲ့ အောက်ကျတယ်ဆိုတာ ဘာကိုဆိုလိုပါသလဲ။ ဘယ်ဂဏကိုဆိုလိုပါသလဲ။ ပညာရေး၊ လူမှုရေး၊စီးပွားရေး၊ နိုင်ငံရေး၊ကျမ်းမာရေး၊ အားကစား အားလုံကိုဆိုလိုပါသလား။ မြန်မာတွေ ဘာကြောင့် အောက်ကျနေရသလဲ ပြောချင်ရင် အခုကျနော်ပြောတဲ့ အချက်တွေကို အဓိကထားပြီး ပြောရပါမယ်။ ဘာကြောင့်အောက်ကျနေသလဲ။ ဘာတွေပြုပြင်ရမလဲ။ စသည်ဖြင့်ပေါ့။

ဆိုတော့ မြန်မာပြည်က မိန်းကလေးတွေသာမက တိုးတတ်ပါတယ်ဆိုတဲ့အနောက်နိုင်ငံတွေမှာ မိန်းကလေး ကလပ်တတ်သူ ၊ ဘီယာသော်ကသူ ၊ အရက်သောက်သူ မြန်မာပြည်ထက်များပါတယ်။ အဲ့ဒီတိုင်းပြည်က မိန်းကလေးတွေ အရက်သောက် ကခုန်တဲ့အတွက် အဲ့ဒီတိုင်းပြည် အောက်ကျသွားပါသလား။
မိန်းကလေး ဘီယာသောက်လို့ မြန်မာပြည်အောက်ကျသွားတယ်လို့ ကျနော် မယူဆပါဘူး။ အရက်သောက်သူက သောက်သူနဲ့ဆိုင်ပါတယ်။ မြန်မာမိန်းကလေးတစ်ယောက် အရက်သောက်ပြီး ဘုရားရင်ပြင်ပေါ်မှာ အော်ဆဲနေတယ်ဆိုရင်တော့ ဒါ အောက်တန်းကျပါတယ်။ ဘယ်လိုကျလဲ ။ဘာသာရေးနဲ့ ကျပါတယ်။ ခရစ်ဝင်က ချက်အတွင်းမှာ မူးရစ်ပြီး ဘုန်းတော်ကြီးကိုထထိုးရင် အခြားဘာသာဝင် အနေနဲ့ကြည့်ရင် အဲ့ဒီဘာသာအောက်ကျပါတယ်။ဘာလို့လဲဆိုတော့ မိမိဘာသာအပေါ် လေးစားမှုမရှိလို့ပါ။ မိမိဘာသာအပေါ်လေးစားမှုမရှိတဲ့လူဟာ အခြားဘာသာအပေါ်မာလဲ လေးစားမှုမရှိနိုင်ပါ။ ဥပမာ မြန်မာဘုန်းတော်ကြီးတွေ ပရိတ်ရွတ်နေတဲ့အချိန်မှာ ဗုဒ္ဓဘာသာဝင်ကိုယ်တိုင်တစ်ချို့က ရန်းကားပြီး တုတ်နဲ့ရိုက်၊ချေထောက်နဲ့ကန်မယ်ဆိုရင် အခြားဘာသာအမြင်မှာ အဲ့ဒီဘာသာ အောက်ကျပါတယ်။ ဘာလို့လဲဆိုတော့ မိမိဘာသာအပေါ် လေးစားမှုမရှိလို့ပါ။

နိုင်ငံရပ်ခြားမှာ ပညာသင်၊ အလုပ်လုပ်တဲ့ လူငယ်တွေအနေနဲ့ သူတို့မှ အခက်အခဲပေါင်းများစွာရှိပါတယ်။
တစ်သီးပုဂ္ဂလ သီးသန့်နေလို့ မလွယ်ပါဘူး။ ဆိုတော့ group အလိုက်နေရပါတယ်။ အဆင်ပြေရင် ဖူးစိာုတာ ရေစက်ပါရင်ဆုံနိုင်ပါတယ်။ ချစ်သူတွေဖြစ်သွားနိင်ပါတယ်။ living together ဖြစ်သွားနိုင်ပါတယ်။ အဲ့ဒါက နိုငိငံခြားသွားမှ မဟုတ်ပါဘူး။ မြန်မာပြည်တွင်းမှာလဲ ရှိနေပါတယ်။ ငါးခုံးမတစ်ကေင်ကြောင့် တစ်လှေလုံးပုတ်တယိုတာ မြန်မာစကားပုံပါ။ တကယ်တော့ ပုတ်တဲ့တစ်ကောင်သာ ပေါ်သင့်ပါတယ်။
ဘာကြောင့် တစ်လှေလုံးပုတ်သွားတာလဲ ဆိုတာကိုဆင်ခြင်ရပါမယ်။ ပုတ်တဲ့တစ်ကေင်ကိုသာ ကောင်းကောင်းကိုင်တွယ်နိုငိရင် ကျန်တဲ့ငါးတွေ နံစရာအကြောင်းမရှိပါဘူး။ မြန်မာလူမျိုးတွေက တစ်စုံတစ်ရာကိုပြောရင် အားလုံးကို သိမ်းကြုံးပြီးပြောတတ်ပါတယ်။ ဒါက မကောင်းကြောင်းဆိုရင်ပေါ့။
တော်သူကိုချီးမွမ်းဖို့ဆိုရင် နုတ်ပိတ်နေတတ်ကြပါတယ်။ တော်သူကို နေရာပေးဖို့ ၊ ချီးမြောက်ဖို့ဆိုတာ မြန်မာလူမျိုးတွေရဲ့ လုပ်နိုငိခဲတဲ့ အကျင့်တစ်ခုပါ။ နေမြေခြားမှ အခက်အခဲတွေနဲ့ ရင်ဆိုင်ရုန်းကန်ပြီး အောင်မြင်မှုတွေရယူပြီး အမိပြည်မှာ ကိုယ်တတ်ထားတဲ့ပညာနဲ့ အနာဂတ်လူငယ်တွေကို ပညာတွေပြန်သင်ပေးနေတဲ့ ဆရာသမားတွေအကြောင်းကို လူငယ်တွေအားကျလာအောင် ရေးပေးဖို့သင့်ပါတယ်။ တကယ်လို့ အခုလိုမျိုး နိုငငံရပ်ခြားမျာ ပညာသင်နေတဲ့ လူငယ်တွေကို ထောက်ပြတာမျိုးနဲ့ မတုဘဲ နှိပ်ကွပ်လိုက်သလို ဖြစ်သွားမယ်ဆိုရင် မြန်မာပြည်အတွက် မကောင်းတာတော့ အမှန်ဘဲနော်။ ဒီလိုရေးလိုက်တဲ့အတွက် နိုင်ငံခြားထွက်ရင် ငါ့ကို ဒီလိုမြင်မလား ဆိုတဲ့ အသိဝင်သွားနိုင်တယ်။
Individually ပြောတာကောင်းပါတယ်။ အကုန်ဝိုက်ပြီး သိမ်းကြုံးပြောရင် နယ်မြေခြားသွားပြီး ပညာရှာသူ၊ အလုပ်လုပ်သူတွေ အားလုံးကို ထိခိုက်နိုင်ပါတယ်။ အားပေးပါ။ လိုအပ်ချက်ကို အပြုသဘောနဲ့ထောက်ပြစေချင်ပါတယ်။ new year , christmas ဆိုတာ
ကာယ ၊ဥာဏ လုပ်သားတွေ၊ ကျောင်းသူကျောင်းသားတွေအတွက် အားလပ်ရပ်ပါ။ ပျော်ရွှတဲ့အချိန်မှာပျော်ရွှင်သင့်ပါတယ်။ သူတို့တွေဟာ ကလေးတွေမဟုတ်ကြတော့ပါဘူး။ သူတို့ဟာ အဲ့ဒီအချိန်မှာ လွပ်လွပ်လပ်လပ်ပျော်ရွှင်ကြပေမဲ့ တကယ် အလုပ်လုပ်တဲ့နေရာမှာတော့ ပီပီပြင်ပြင်လုပ်ကြရပါတယ်။ ပညာသင်တယ်ဆိုရာမှာလည်း ဒီမှာလို သုံးပုဒ်ကျက်ပြီးအောငိတာမျိုးမဟုတ်ပါဘူး။
သူတို့ ဆီက သတ်မှတ်ထားတဲ့ စံချိန်စံညွန်းပြည့်မီမှသာ ပေးတဲ့ဘွဲ့ကိုရမှာပါ။ ဆိုတော့ အားသွန်ခွန်စိုက် လုပ်ကြရပါတယ်။ ဒါပေမဲ့ ပျော်ရွှင်ရတဲ့ အချိန်မှာ ဒီလိုပျော်ရွှင်ခွင့်ရမှလဲ ရှေ့ဆက်မယ့် နေ့သစ်တွေကို အားမန်အပြည့်နဲ့ လန်းလန်းဆန်းဆန်း ကျော်ဖြတ်နိုင်မှာပါ။ သူတို့ပျော်နေတဲ့ တစ်ချိန်ထဲကိုကွက်ပြီး ကြည့်ပြောဖို့မသင့်ပါဘူး။

တစ်ခုက ပန်းသီးကြွေကျတာကို စဉ်းစားပြီး ဖော်မြုလာထုတ်တဲ့ကောင်က အိုင်းစတိုင်း မဟုတ်ပါဘူး။
ပန်းသီးတွေ သစ်တော်သီးတွေ တဘုတ်ဘုတ်နဲ့ကျလာတာကို စဉ်းစားပြီး ဖော်မြူလာထုတ်တဲ့ကောင်က နူတန် ဖြစ်ပါတယ်။ Newton's Law of gravitational force ကို စတင်ဖော်ထုတ်ခဲ့ပါတယ်။ အိုင်းစတိုင်းကတော့
၂၀ ရာစုမှာဟုန်းဟုန်းတောက်ကြော်ကြားခဲ့တဲ့ Relativity နဲ့ super relativity ကိုတင်ပြပြီး E= mc2 နဲ့ ကမ္ဘာကို ကိုင်လှုပ်ခဲ့သူဖြစ်ပါတယ်။ ပညာရှိ တို့ ရေးချင်ဇောအားကြီးသွားပြီး အမှတ်တမဲ့ ရောရေးလိုက်တာ ဖြစ်နိုငိပါတယ်။

စိုင်းစိုင်းခမ်းလှိုင်တို့ ကြက်ဖတို့က အောက်တန်းစားတွေပါ ဆိုတဲ့နေရာမှာ လဲ ပြောစရာရှိပါတယ်။
အောင်တန်းစား ဆိုတာကို ဘယ်လို စံနဲ့ သတ်မှတ်သလဲ ။
ဟုတ်ကဲ့ ကန်တော်ကြီးမျော်စင်ကျွန်းမှာ စိုင်းစိုင်း ဘတ်ဒေးလုပ်ပါတယ်။ သွားကြည့်တဲ့လူ ဘယ်နှယောက်ရှိပါသလဲ။ ရန်ကုန်မြိုတော်မှာ လူဦးရေ ဘယ်လောက်ရှီပါသလဲ ။ အချိုး ချကြည့်ပါ။
ဒီပွဲ မှာ ဒီဖီလင်ကို ယူချင်သူက ဒီပွဲကို သွားပါမယ်း။ ဒါဟာ ဂီတရဲ့ စီးမြောမှုတစ်ခုပါ။ ဒီအချိန်မှာ ဒီသံစဉ်တွေ ပေါက်လာပါတယ်။ ဒါကို တားဆီးလိုမရပါဘူး။ မနှစ်သက်သူက ရှောင်နေရပါမယ်။

မြန်မာပြည်မှာ ကော်ပီ စနစ်က အခုထိ မလွတ်မြောက်နိုင်သေးပါဘူး။ အခုပေါက်နေတဲ့ ၇၀ % ဟာ ကော်ပီ ဖြစ်ပါတယ်။ ကော်ပီနဲ့ ပေါက်တဲ့ သူဟာလည်း သူ့အဆင့်နဲ့သူ ပါဘဲ။ သူတို့ဟာ ပြည်တွင်းမှာ ဘဲ နေရာယူနိုင်မှာပါ။
တကယ်ပြည်ပထွက်ဆိုတဲ့အခ့ါ ကော်ပီရဲ့ အဆင့်အတန်းကို သူတို့ နားလည်ကြပါတယ်။ ဘယ်သူက နိမ်.တာလဲမေးရင် ဂျက်အေးသူမေရိုက် ဆိုသလို တစ်ယောက်ကိုတစ်ယောက် အပြစ်တင်နေကျမှာပေါ့။

တကယ်တော့ပြည်သူတွေရဲ့ အနာဂတ်ဟာ ဘယ်မှာလဲ ၊ နိုင်ငံရဲ့ အနာဂတ်ဟာ ဘယ်သူလက်ထဲမှာရှိလဲ ဆိုတာ မြင်အောငိကြည့်ပါ။ လူတိုင်းဟာ တိုးတတ်ချင်ကြပါတယ်။ လူတိုင်းဟာ အဆင့်ရှိရှိ နေလိုကြပါတယ်။

တိုးတတ်တဲ့ နိုင်ငံသားတိုင်းရရှိကြတဲ့ အခွင့်အရေးမျိုး မြန်မာပြည်မှာသာရှိရင် မြနိမာပြည် တိုးတတ်ပါပြီ။

ကျန်တဲ့အပိုင်းကတော့ ပို့စ်မှာပြောသလို ဖြစ်နေတာတွေ့ရပါတယ်.... စိတ်မကောင်းပါဘူး..
မြိုပြစနစ် ထွန်းကားလာခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေပါ..ဒါကလည်း နိုင်ငံနဲ့ အ၀ှမ်း၊ ကမ္ဘာနဲ့ ချီပြီူ ကြုံရတဲ့ ပြဿနာတွေပါဘဲ...

တကယ်တန်းမြန်မာတွေ ဘာကြောင့်အောက်ကျနေသလဲ ဆိုရင် ထောက်ပြစရာအချက်တွေ အများကြီးထွက်လာပါတယ်။ ဒါပေမဲ့ အားလုံးကို ခြုံ့ပြီး စကားတစ်လုံးဘဲပြောမယ်ဆိုရင်
ြ်မန်မာတွေ ဘာလို့အောက်ကျနေသလဲ ဆိုတော့ မြန်မာတွေရဲ့ စိတ်ဓါတ်တွေ အောက်တန်းကျနေလို့ပါ။
မြန်မာအများစု စိတ်ဓါတ်အောက်တန်းကျနေလို့ မြန်မာ နိုင်ငံအောက်တန်းကျနေတာပါ။
ြ်မန်မာပြည်ရဲ့ ဖြစ်တည်မှုကို ဖန်တီးနိငိသူတွေရဲ. စိတ်ဓါတ်တွေ အောက်တန်းကျနေလို့ မြန်မာပြည် အောက်တန်းကျနေခဲ့တာပါ။

ကျနော့်သူငယ်ချင်းကို ဘီယာသောက်ရင်း ကျနော်မေးဖူးပါတယ်။ မြန်မာ တွေဘာကြောင့် အောက်တန်းကျနေရ လဲ မေးတော့ သူငယ်ချင်းက အပေါ်မတတ်လို့ပေါ့ကွ လို့ ပြန်ဖြေဖူးပါတယ်။
ဟားဟားဟား

ကျေးဇူးတင်ပါတယ်။

s0me questions to above post?
မြန်မာတွေဘာကြောင့်အောက်ကျနေရသလဲ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...