ကျွန်တော့်ဆီလာလည်ကြသော သူငယ်ချင်းမိတ်ဆွေများကို အမြဲကြိုဆိုလျက်ပါ...ကျွန်တော်မှားတာလေးတွေ တွေ့ရင်လည်းခွင့်လွတ်ကြပါ..ကျေးဇူးတင်ပါတယ်...(စိုင်းလေး)
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Wednesday, November 7, 2012

ကဗျာဆိုတာ….






ကဗျာဆိုတာ….
အချို့က..ပျော်ဖို့အတွက်
အချို့က..ရင်ဖွင့်ချင်လို့
အချို့က..စိတ်ပျော်ရွှင်ဖို့အတွက်
ချစ်သူအတွက်
ခေတ်ကာလကြီးကိုချီးမွမ်း၊လှောင်ပြောင်၊သုံးသပ်တဲ့အနေနဲ့
ရေးကြတယ်….။
ကျွန်တော်လည်းအပေါ်ကတစ်မျိုးမျိုးပါပဲ…။
ခင်ဗျားတို့ရော…..။
poemscorner..............မှ

Monday, November 5, 2012

အချစ်မြူ


သမုဒယ တွယ်ငင်မှ
သံယောဇဉ်စစ်မယ် … ဆို
နမ်းချူ ခူးယူမယောင်ပြုစား
စိတ်ကူးတွေကြား
ဗျာများခဲ့ရသူက
ကိုယ် …….။
အမူပို ဆိုစကား
ခါးတယ် ပြောရက်သမျှ
အဆိပ်တက်ကာ ဖျားခဲ့ရ
နွမ်းလျသူကလည်း
ကိုယ် …..။
မကြင်နာ သူပစ်ပယ်တော့
ဝေဒနာ မှန်အစစ်
အလွမ်းနွံ နစ်ကာရှုံး
မုန်းမေ့မရတာက
ကိုယ် ….။
ပြစ်မဆို ဝေးစေတော့
ဘ၀င်အေး ကြည်မြစေဖို့
ခ၀ါချကာ နောက်ဆုတ်
အချစ်ပျောက်ရသူကလည်း
ကိုယ် ….။
 poemscorner.....................မှ

Sunday, November 4, 2012

မိုးရယ်…….


မိုးရယ်….
မိုးရဲ့အကြည့်တစ်ချက်နဲ့
ရင်ဘတ်ဟတ်တက်ကွဲခဲ့တာပါ။
မိုးရယ်….
မင်းစိတ်မကြည်ဖြူ
နှုတ်ခမ်းဆူနေတာတောင်သေမလိုဖြစ်နေရသူပါ။
မိုးရယ်….
ဒီရင်ကိုခွဲ အသည်းကိုယူလည်း
ပြုံးပြုံးကြီးကျေနပ်နေမှာပါ။
မိုးရယ်….
မင်းမကြင်နာမုန်းသွားတောင်
ငါ့အတွက်တော့အကြင်နာရဆုံးစာရင်းမှာမင်းနံပါတ်၁ပါပဲ။
မိုးရယ်….
ဘာကြောင့်ဒီလိုလူကိုခွဲ
နင်ဘယ်ကိုများထွက်ပြေးရတာလဲ???
 poemscorner...................မှ

Tuesday, October 16, 2012

အလွမ်းမိုး





 ခံစားချက်ဝှက်ဖဲများကဗျာ..ဆိုဒ်မှ..တင်ပြသည်.။

လွမ်းငွေ့ပွေလီ  
လွမ်းရာသီဝယ်
လွမ်းတည်ရင်စို့ 
လွမ်းလက်တို့လျက်
လွမ်းဖို့ဖန်လာ    
လွမ်းစေပါသော်
လွမ်းကာထိုင်ငေး
လွမ်းပိုက်ထွေးမိ
လွမ်းရေးခက်ကြုံ
လွမ်းဖွယ့်ဘုံမှာ
လွမ်းဟုန်လှိုက်ဆူ
လွမ်းနေသူတွက်
လွမ်းပူမိကာ
လွမ်းဝဋ်ကြာအောင်
လွမ်းနာထားရစ်
လွမ်းဒဏ်ဖြစ်ဖို့
လွမ်းကျစ်သည့်ကြိုး
လွမ်းရစ်တိုးပြီ
လွမ်းမိုး စိုစေ..ရင်ခွင်မြေ..။

Saturday, October 13, 2012

လောကကြီးကို စိတ်နာတယ်


ဖြူစင်နေတဲ့ဘဝ
အစွန်းအထင်းတွေပေကျံခဲ့ရင်
tissue စက္ကူတွေ
လွှင့်ပစ်ခံခဲ့ရတယ်…….
အကျိုးရှိမယ့်သုံးစရာကုန်အောင်
ညှစ်ထုတ်ခံရပြီးနောက်
သွားတိုက်ဆေးဘူး..
လွှင့်ပစ်ခံခဲ့ရတယ်…………
အသွားတွေတုံးအောင်
ခုတ်ထပ်ပေးခဲ့ပြီးနောက်
ဓါးလွတ်တွေ
လွှင့်ပစ်ခံခဲ့ရတယ်….
ဆက်စပ်နေတဲ့လောကကြီး
ဟန်ချက်ညီနေပုံက အံ့လောက်ပါရဲ့…
တကယ်တမ်းကျတော့..
ငါဟာ tissue စက္ကူ…
ငါဟာ သွားတိုက်ဆေးဘူး…
ငါဟာ ဓါးလွတ်တစ်လက်..
မင်းအတွက်ပြည့်စုံသွားပေမယ့်
ငါ့မှာ စွန်းထင်းခဲ့ရတယ်…..
မင်းအတွက်လှပသွားပေမယ့်
ငါ့မှာ အကျည်းတန်ခဲ့ရတယ်….
မင်းအတွက် လမ်းရှင်းသွားပေမယ့်
ငါ့မာနတွေ အသက်မဲ့ခဲ့ရတယ်……
လောကကြီးကိုစိတ်နာတယ်
လမ်းဘေးကအမှိုက်ကမှ
လွှင့်မပစ်ခင် ကောက်ယူခံလိုက်ရသေးတယ်
ငါ့မှာတော့…
……………….
………………
ငါ…လောကကြီးကိုစိတ်နာတယ်…။                 ။
Related Posts Plugin for WordPress, Blogger...