ကျွန်တော့်ဆီလာလည်ကြသော သူငယ်ချင်းမိတ်ဆွေများကို အမြဲကြိုဆိုလျက်ပါ...ကျွန်တော်မှားတာလေးတွေ တွေ့ရင်လည်းခွင့်လွတ်ကြပါ..ကျေးဇူးတင်ပါတယ်...(စိုင်းလေး)
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Saturday, November 10, 2012

အဆိုတော် (ဦး) ခင်မောင်တိုး၏ အင်တာဗျူးမှ ကောက်နှုတ်ချက်





စကားနည်းပြီး ဘ၀ကိုအေးအေးဆေးဆေးနဲ့ ကိုယ်တွေးချင်ရာကို လွတ်လပ်စွာ တွေးတောလုပ်ကိုင်ခွင့်ရတဲ့ ဘ၀ကို နှစ်သက်တဲ့ ခင်မောင်တိုးဆိုတဲ့ ဂီတငွေကြယ်ပွင့်တစ်ပွင့်ကို ၁၉၅၀ ပြည့်နှစ် ဧပြီလ ၁ ရက် နေ့က စစ်ကိုင်းတိုင်း မော်လိုက်မြို့မှာ အရေးပိုင်မင်း ဦးခင်မောင်နဲ့ ဇနီး ဖြစ်သူ ဒေါ်ခင်လှတို့က မွေးဖွားခဲ့ပါတယ်။ သူက မောင်နှမဆယ့်သုံးယောက် ရှိတဲ့အထဲမှာ သုံးယောက်မြောက်သားအဖြစ် မွေးဖွားခဲ့ခြင်းပါ။

ပညာရေးကို နံပါတ်တစ်နေရာမှာထားပြီး ပညာအမွေကိုသာ အဓိကပေးချင်ခဲ့တဲ့ မိသားစုထဲမှာ ခင်မောင်တိုးရဲ့ ငယ်ဘ၀ခရီးကလည်း ပညာရေးသည်သာ ပထမဆိုတဲ့ အသိစိတ်နဲ့ ဖြတ်သန်း ကြီးပြင်းလာခဲ့သူပေါ့။ ဖခင်ဖြစ်သူ အရေးပိုင်မင်းပြောင်းရွှေ့ရာမြို့တွေမှာ လိုက်လံနေထိုင်ခဲ့ရတဲ့ ခင်မောင်တိုးက သူငယ်တန်းကနေ ဆဌမတန်းအထိကို ရွှေဘိုမြို့၊ သတ္တမတန်းနဲ့ အဌမတန်းပညာကို စစ်တွေမြို့နဲ့ အထက်တန်း ပညာအောင်သည် အထိကိုတော့ သထုံမြို့မှာ တက်ရောက်သင်ယူခဲ့သူ ဖြစ်ပါတယ်။

Wednesday, August 8, 2012

နိမိတ်ကောင်းတဲ့ နှုတ်ထွက်စကားလေးတွေ ပြောဆိုတတ်ကြပါစေ

ကျွန်မ အမျိုးသားနဲ့ vzo ချက်နေတဲ့ အချိန်လေးမှာ အမှတ်မထင်ကြားလိုက်မိတဲ့ စကားသံက တိုးတိုးလေးပါ ။
ကျွန်မ နားထဲတော့ ပဲ့တင်ထပ်ကျယ်လောင်နေခဲ့ပါတယ် ။ မျက်ရည်တွေ အတားဆီးမဲ့စွာ ပါးပေါ်စီးကျခဲ့တယ် ။

ရုတ်တရက်ထငိုလိုက်တဲ့ ကျွန်မကို အမျိုးသားက အံ့သြစွာ မေးပါတော့တယ် ။ ကျွန်မ အကုန်ကြားလိုက်တယ်မောင် ။

အဲဒါ တကယ်ကြီးလားမောင် ။ ဖြေပါအုံး တကယ်လားလို့ ။ ဟုတ်တယ် ဒါပေမယ့် မိန်းမနဲ့ မဆိုင်ပါဘူးကွာ ။ မိန်းမပြောတိုင်းဖြစ်ရမှာလား မဟုတ်သေးပါဘူး ။ အဖြစ်ပျက်လေးက ဒီလိုပါ ။ 




မကြာသေးမှီက ကျွန်မတို့ မိတ်ဆွေ မင်္ဂလာဆောင်တစ်ခုကို သွားခဲ့ပါတယ် ။ အဲဒီမင်္ဂလာ လက်မှတ်ရေးထိုးပွဲလေးမှာ အသိသက်သေ လက်မှတ်ထိုးတဲ့ ကောင်လေးက ကျွန်မအမျိုးသား သူငယ်ချင်းပါ ။ လက်မှတ်ထိုးပြီးအပြန် ကျွန်မ သူကို နောက်လိုက်မိတယ် ။ သူများကို သက်သေထိုးတဲ့

သူက နောက်နှစ်လောက် မိန်းမ မရဘူးနော်... လူပျိုကြီးလည်း ဖြစ်တတ်တယ်လို့ စလိုက်မိတယ် ။

Wednesday, August 1, 2012

သွေးဆေးကန် ခေါ်တွင်သည်မှာ



ပြောရင်လည်း ကြိုက်ကြမှာ မဟုတ်ဘူး။ စာဖတ်ခြင်း လေ့လာခြင်းတွေလည်း အလွန်ပဲ အားနည်းလာ ကြတယ်။ တစ်ထွာပြရင် တစ်တောင် မြင်တာမျိုး မဟုတ်တော့ဘဲ တစ်သံကြားရင် ဆယ်သံစာလောက် ချဲ့ကားပြောကြတယ်။ ဘာမှအဓိပ္ပာယ်မရှိတဲ့ ဗျုပ္ပတ်တွေ ထွင်လာကြတယ်။ လိုရာဆွဲတွေ ဆွဲရေးလာကြတယ်။ ရွှေတိဂုံဘုရားရှေ့ကကန်ကို သွေးဆေးကန်လို့ အလွယ်ခေါ်ကြတယ်။ ကျူးကျော်လာတဲ့ ရန်သူကို တိုက်ထုတ်ခဲ့လို့ ဓားမှာပေနေတဲ့ သွေးတွေကို ဆေးကြောခဲ့တဲ့ကန် လို့ ဇာတ်အသစ်တေ
ွ ထွက်လာတယ်။ လုပ်ဇာတ်ကို နားဆင်ရတာ အားတက်ချင်စရာ ဂုဏ်ယူချင်စရာ ပေမယ့် အမှားကို အမှန်လို့ ပိုပိုထင်လာမှာစိုးလို့ ထောက်ပြချင်တာ သက်သက်ပါပဲ။

Tuesday, July 31, 2012

."အရည်အချင်းနှင့်လက်တွေ့"....


လူငယ်တစ်ဦးသည် ကုမ္ပဏီတစ်ခုတွင် အလုပ်စ၀င်လေသည်။ လုပ်ဖော်ကိုင်ဖက်ထဲတွင် သူသည် ပညာအရည်အချင်း အမြင့်ဆုံးဖြစ်သည်။

တစ်နေ့တွင် သူသည် နားခိုရာ အဆောင်နောက်ရှိ ငါးကန်တွင် ငါးသွားမျှားလေသည်။ သူ၏ လက်ယာနှင့် လက်ဝဲဘက်တွင် လုပ်ဖော်ကိုင်ဖက်နှစ်ဦးက သူ့ထက် ရောက်နှင့်နေသည်။ သူတို့နှစ်ဦးကို ခေါင်းညိတ်ပြုံးပြပြီး စိတ်ထဲတွင် "ရိုးရိုးဘွဲ့ရထားတဲ့ လူတွေနဲ့ ငါ့မှာ ဆွေးနွေးစရာအကြောင်းမရှိ" ဟု စဉ်းစားမိသည်။

Sunday, July 29, 2012

မြန်မာတွေဘာကြောင့်အောက်ကျနေရသလဲ ....?

(၁) ဘာသာရေးအမြင်နှင့်သုံးသပ်ခြင်း
(က)အပမ်းဖြေခရီးထွက်တဲ့အတွက် မြန်မာတွေအောက်ကျသွားနိုင်ပါသလား။
ဗုဒ္ဓဂါယာ ဘုရားဖူးမသွားခြင်းဟာ မြန်မာတွေက ဘာသာရေးမှာ အောက်ကျစေပါသလား။
စာရေးသူအနေနဲ့ ဗုဒ္ဓဂါယာ ဘုရားဖူးသွားတဲ့လူတွေကို မကြုံလောက်အောင် အလှမ်းဝေးနေပုံရပါတယ်။
တကယ်တန်း ဗုဒ္ဓဂါယာ သွားသူ များ အတော်အတန်ရှိကြောင်း ခရီးသွားအေဂျင်စီများကို စုံစမ်းရင် သိနိုင်ပါတယ်။စာဖတ်သူတွေထှဲာလည်း ဗုဒ္ဓဂါယာရောက်ဖူးတဲ့လူတွေ ပါမှာပါ။
ဗုဒ္ဓဂါယာ မသွားလို့ ဘာသာရေးမှာအောက်ကျတယ် မဆိုနိုင်ပါဘူး။ မြတ်စွာဘုရားရဲ့ ဓါတ်တော်၊မွေတော်၊ခြေရာတော်တွေရှိတဲ့ မြန်မာပြည်လိုပြည်တွင်းမှာလည်း ကုသိုလ်ပြုနိုင်ပါတယ်။
အဆင်သင့်မယ်ဆိုရင် ရွှေတိဂုံ၊ ကျိုက်ထီးရိုး၊ပြည်ရွှေဆံတော်၊ မကွေးမြသလွန်၊ မန္တလေးမဟာမြတ်မုနိ စတဲ့ ၊ပုဂံ စတဲ့ စေတီပုထိုး များသို့ သွားရောက်လေ့လာစေချင်ပါတယ်။ နေ့စဉ်ဆက်မပြတ် ဘုရားဖူး ကုသိုလ်ယူသူများဖြင့် စည်ကားလျှက်ရှိကြောင်းပါ။

Thursday, July 26, 2012

ကမ္ဘာကျော်ကျောက်စိမ်းများ ထုတ်လုပ်မှု၏ နောက်ကွယ်

ရေးသားသူ-အယ်စိုးမင်း
စာရေးသူသည် ဤအကြောင်းအရာများနှင့် ပတ်သက်သော အချက် အလက်အပြည့်အစုံကို ၂၀၁၀ ပြည့်နှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း(Myanmar Geosciences Society)  ၏ (၁၃)ကြိမ် မြောက် စာတမ်းဖတ်ပွဲ၌ ဖတ်ကြားတင်သွင်းခဲ့ပြီးဖြစ်သည်။ ကျောက်စိမ်းတူးဖော်ခြင်းကြောင့် ဖြစ်ပေါ်နေသော ပတ်ဝန်းကျင်ရေးရာ အကျိုးသက်ရောက်မှုများ၊ နစ်နာဆုံးရှုံးနိုင်မှုများကို အများပြည်သူသိရှိစေရန်နှင့် သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းမှ အချိန်မီပြောင်းလဲဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဤဆောင်းပါးကို ရေးသားတင်ပြရခြင်း ဖြစ်ပါသည်။

    ယနေ့အချိန်အခါထိ ရတနာတန်းဝင်သော ဂျေတိုက်   (Jadeite)    ကျောက်စိမ်းကို ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံတစ်နိုင်ငံတည်းမှာသာ တူးဖော်ရရှိနိုင်သေးသည်။ ထိုကဲ့သို့သော ကျောက်စိမ်းမျိုးကို မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်အတွင်းရှိ ဖားကန့်၊ လုံးခင်၊ တောမှော်ဒေသများတွင် သဘာဝတွင်းထွက် အရင်းအမြစ်ကြီး နှစ်မျိုးနှစ်စားအနေဖြင့် တွေ့ရှိရပါသည်။
    မူလဖြစ်တွင်းထွက် အရင်း အမြစ်ဖြစ်သော ဒေသအခေါ် (ငုတ်ကျောက်)ကို တောမှော်နှင့် ပတ်ဝန်းကျင်ဒေသတွင် ဗေစ့်လွန်မီးသင့်ကျောက်   (Ultrabasic rocks)    များ အကြားတွင် အကြောလိုက် အနေအထားဖြင့် တွေ့ရပါသည်။

Wednesday, July 18, 2012

ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်း ပွဲ၌ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်း

ရဲဘော်တို့........
ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူကြရတော့မယ်။ ယနေ့ အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေးဘူး။

ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော်အသီသီး ဋ္ဌာနအသီးသီးမှာ ရာထူးအလုပ်ဝတ္တရားများရတာနဲ့ တပြိုင်နက် ရဲ ဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။ ဒီလို ကိုယ့်တာဝန် ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံ တော်နဲ့ ဗမာ့တပ်မတော်ရဲ့ အမှုကိုထမ်းကြတဲ့အခါ ရဲဘော်တို့ကို မှာသင့်မှာရာ အချက်တွေကို ငါတို့မှာကြားလိုတယ်။
Related Posts Plugin for WordPress, Blogger...