ပုံမှာမြင်တွေ့နေရတဲ့ ကျောက်ဟာ Painite လို့အမည်ရပြီး ကမ္ဘာ့အရှားပါး ဆုံး ကျောက်မျက်ရတနာ ၁၀မျိုး စာရင်းထဲမှာ အဆင့် ၅ ဝင်တဲ့ ကျောက်မျက်ရတနာ တစ်မျိုး ဖြစ်ပါတယ်။
ရှာဖွေတွေ့ရှိခဲ့သူကတော့ အင်္ဂလိပ်လူမျိုး သတ္တုဗေဒ ပညာရှင် Arthur C.D.Pain ဖြစ်ပါတယ်။ ၁၉၅၀ ခုနှစ်နောင်းပိုင်းက မြန်မာနိုင်ငံ အထက်ပိုင်း၊ မိုးကုတ် ကျောက်တွင်းမှာ တူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး သူ့အမည် Pain ကို
အစွဲပြုကာ Painite လို့အမည်ပေးလိုက်ခြင်းဖြစ်ပါတယ်။ ဓာတုဗေဒအခေါ်ကတော့ Borateဖြစ်ပါတယ်။
ကယ်လ်ဆီယံ၊ ဇိုင်ကိုနီယမ်၊ ဘိုရွန်၊ အလူမီနီယံ၊ အောက်ဆီဂျင် စတဲ့ သတ္တုဓာတ်တို့ပါဝင်ပြီး ခရိုမီယံ၊ ဗနေဒီယံ စတဲ့ သတ္တုတို့နည်း အနည်းငယ်ရောစပ်ပါဝင်တယ်လို့ သိရပါတယ်။
ကယ်လ်ဆီယံ၊ ဇိုင်ကိုနီယမ်၊ ဘိုရွန်၊ အလူမီနီယံ၊ အောက်ဆီဂျင် စတဲ့ သတ္တုဓာတ်တို့ပါဝင်ပြီး ခရိုမီယံ၊ ဗနေဒီယံ စတဲ့ သတ္တုတို့နည်း အနည်းငယ်ရောစပ်ပါဝင်တယ်လို့








