ကျွန်တော့်ဆီလာလည်ကြသော သူငယ်ချင်းမိတ်ဆွေများကို အမြဲကြိုဆိုလျက်ပါ...ကျွန်တော်မှားတာလေးတွေ တွေ့ရင်လည်းခွင့်လွတ်ကြပါ..ကျေးဇူးတင်ပါတယ်...(စိုင်းလေး)
Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

Friday, October 26, 2012

ခြေရှုပ်သူရဲ့ ဇနီးမယားတို့ သိစေဖို့အချက် (၁၄) ချက်

http://www.lubo601.com............မှ

၁ .။ လင်ယောင်္ကျား အပေါ် အတတ်နိုင်ဆုံးစကားကိုချိုသာစွာ ပြောဆိုပါ..။

၂..။နို့ စို့ ကလေး အရွယ်မှလွဲ၍ အိပ်ရာသီးခြားခွဲသိပ်ပါ. ။( ဖြစ်နိုင်ရင် လင်မယား ၂ ယောက် ထဲသာသီးသန့်အိပ်စက်သင့်ပါတယ် )

၃..။ အချိန်ရလျင်ရသလို စာဖတ်ပါ.။( စာဖတ်ခြင်းကြောင့် ဗဟုသုတ တိုးပြီး စိတ်ခွန်အားရစေပါတယ်)

၎..။ လတ်တလောခြေလှမ်းပျက်နေသောလင်ယောင်္ကျားအား မေးမြန်းစုံစမ်းခြင်းမပြုပဲ အသာစောင့်ကြည့်ပါ.။( လင်ယောင်္ကျားဘက်က မည်သည့်အကြောင်းအရာမှ ဖွင့်ဟခြင်းမရှိသေးသရွေ့ မိမိသိနေ ရိပ်မိနေကြောင်းမပြပါနှင့် )

ဘုရားရှိခိုးရခြင်း၏အကြောင်းရင်း

http://www.lubo601.com.........မှ

ဘုရားရှိခိုးရခြင်း၏အကြောင်းရင်းမှာ မြတ်စွာဘုရားသည် ကောင်းသောသဘာဝတရားများ နှင့် မကောင်းသော သဘာဝတရားများကို ဟောကြားပေးခဲ့သည်။ သင်ကြားပေးခဲ့သည်။ ထိုကြောင့် မြတ်စွာဘုရားကို ဗုဒ္ဓဘာသာဝင်တို့က ဆရာအဖြစ်မှတ်ယူသည်။ ဆရာအဖြစ်မှတ်ယူကာ ကျေးဇူးတင်သည့်အနေဖြင့် ရှိခိုးခြင်းဖြစ်သည်။ မြတ်စွာဘု၇ားကို ကြောက်၍ ရှိခိုးခြင်းမဟုတ်ပါ။ ရှိမခိုးဘဲ နေလိုက နေနိုင်သည်။ ကိုယ်ကျင့်တရားသာ အဓိကဖြစ်သည်။ မိမိကိုယ်တိုင် ကိုယ်ကျင့်တရားကောင်းမွန်ကာ ပတ်ဝန်းကျင်ကို ငြိမ်းချမ်းအောင် လုပ်ပေးဖို့နှင့် ကိုယ့်ပတ်ဝန်းကျင် စိတ်ချမ်းသာအောင် လုပ်ပေးဖို့ အရေးကြီးသည်။

Thursday, October 25, 2012

ဗုဒ္ဓဘာသာနှင့် နတ်ကိုးကွယ်မှု၊ ဗေဒင်ယုံကြည်မှု

lubo....မှ

ခေါင်းစဉ်ဖတ်လိုက်တာနဲ့ အင်မတန်စိတ်ဝင်စားစရာကောင်းမဲ့ အကြောင်းအရာဆိုတာ စာဖတ်သူ ဓမ္မမိတ်ဆွေတို့ သိရှိမှာဖြစ်ပါတယ်။
 ဟုတ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တို့ နတ်ကိုးကွယ်ဆည်းကပ်ခြင်းသည် မှန်သလော မှားသလောမှာ ဆိုတာ တော်တော်များများ ဇဝေဇဝါဖြစ်နေသော မေးခွန်းဖြစ်ပါတယ်။ “ဘယ်နတ်မှ မကိုးကွယ်ဘူး။
အိမ်စောင့်နတ်လေးတော့ ကိုးကွယ်တယ်” ဆိုတာမျိုးတွေက အစ အားလုံးရှင်းလင်းအောင် တတ်နိုင်သမျှ ရှင်းလင်းပြသွားပါမယ်။
 ၃၁ ဘုံမှာ နတ်တို့ဟာ နတ်ပြည်ခြောက်ထပ်မှာ စံမြန်း (နေထိုင်) ပါတယ်။ ဒါတွေထားလိုက်ပါ။ (သေချာသိချင်တယ်ဆိုရင် ဘုံအကြောင်း သည်းသန်ရေးပါ့မယ်။) ဗုဒ္ဓဘာသာဝင်အများစု ကိုးကွယ်နေသော နတ်မျိုးပေါင်းစုံရှိပါတယ်။ ကိုကြီးကျော်၊ ရှင်ကြီး၊ရှင်လေးဆိုလား၊ ဘဲဥလက်နှစ်ဖက်ကိုင် နတ်မယ်။ မယ်ဝဏ္ဏ။ မဖဲပြာလား၊ ဝါလား။ နတ်စိမ်းလားဘာလား အမျိုးမျိုးအထွေထွေရှိပါတယ်။ ရေကြောက်သောနတ်၊ရေနိုင်သော နတ်၊ မီးကြောက်သောနတ်၊ မီးနိုင်သောနတ် စသည်ဖြင့် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတိုးကိုးကွယ်နေတာ အင်မတန် စုံလင်လှပါတယ်။

Saturday, October 20, 2012

ဘာသာခြားကမေးရင် ဘယ်လိုဖြေမလဲ

မေး။ ။ အရှင်ဘုရား တပည့်တော် အစ္စလမ်နဲ့ဗုဒ္ဓဘာသာရဲ့ ခြားနားချက်မေးခွန်းအနည်းငယ်ကို သိလိုပါတယ်ဘုရား။ တပည့်တော် သူငယ်ချင်း အစ္စလမ်တစ်ယောက် ဗုဒ္ဓဘာသာနဲ့ပတ်သတ်ပြီး မေးတဲ့အခါ တပည့်တော်ရှင်းလင်းအောင် မဖြေပေးနိုင်တဲ့အရာတွေရှိနေလို့မို့ တပည့်တော်မေးတဲ့ မေးခွန်းများကို အင်္ဂလိပ်လို ပြန်ဖြေပေးစေချင်ပါတယ်ဘုရား။

၁။ အစ္စလမ်ဘာသာဝင်တွေက ကမ္ဘာမြေ၊ လ၊ နေ၊ တိရစ္ဆာန်၊ လူစတဲ့အရာအားလုံးကို အလ္လာဟ်က ဖန်ဆင်း ထားတယ်လို့ ပြောတယ် ဘုရား။ အဲဒါနဲ့ တပည့်တော်က ဗုဒ္ဓဘာသာမှာက ဘာပဲလုပ်လုပ် ကံကံရဲ့အကျိုးကြောင့် ဖြစ်တယ်။ ကံကံရဲ့အကျိုးတရားအတိုင်း ပြန်လည် ခံစားရတယ်လို့ ပြောတဲ့အခါ သူငယ်ချင်းက ဒါဆို ကမ္ဘာမြေ၊ လ၊ နေ၊ တိရစ္ဆာန်၊ လူစတာတွေဟာ ဘယ်လိုလုပ်ပေါ်ပေါက်လာသလဲ လို့ မေးပါတယ်။ ဒါနဲ့ တပည့်တော်က မင့်တို့အလ္လာဟ်ကိုရော ဘယ်သူဖန်ဆင်းသလဲလို့ ပြန်မေးတဲ့အခါ သူက မသိဘူးလို့ ပြောပါတယ်။ သူက သူ့ဘာသာအကြောင်း မရှင်းပြတတ်ပေမဲ့ တပည့်တော်က ကိုယ့်ဘာသာအကြောင်း ရှင်းပြချင်လို့ ဒီမေးခွန်းကို ဖြေပေးပါဦးဘုရား။

Sunday, September 9, 2012

ဘာသာခြားကမေးရင် ဘယ်လိုဖြေမလဲ


မေး။ ။ အရှင်ဘုရား တပည့်တော် အစ္စလမ်နဲ့ဗုဒ္ဓဘာသာရဲ့ ခြားနားချက်မေးခွန်းအနည်းငယ်ကို သိလိုပါတယ်ဘုရား။ တပည့်တော် သူငယ်ချင်း အစ္စလမ်တစ်ယောက် ဗုဒ္ဓဘာသာနဲ့ပတ်သတ်ပြီး မေးတဲ့အခါ တပည့်တော်ရှင်းလင်းအောင် မဖြေပေးနိုင်တဲ့အရာတွေရှိနေလို့မို့ တပည့်တော်မေးတဲ့ မေးခွန်းများကို အင်္ဂလိပ်လို ပြန်ဖြေပေးစေချင်ပါတယ်ဘုရား။

၁။ အစ္စလမ်ဘာသာဝင်တွေက ကမ္ဘာမြေ၊ လ၊ နေ၊ တိရစ္ဆာန်၊ လူစတဲ့အရာအားလုံးကို အလ္လာဟ်က ဖန်ဆင်း ထားတယ်လို့ ပြောတယ် ဘုရား။ အဲဒါနဲ့ တပည့်တော်က ဗုဒ္ဓဘာသာမှာက ဘာပဲလုပ်လုပ် ကံကံရဲ့အကျိုးကြောင့် ဖြစ်တယ်။ ကံကံရဲ့အကျိုးတရားအတိုင်း ပြန်လည် ခံစားရတယ်လို့ ပြောတဲ့အခါ သူငယ်ချင်းက ဒါဆို ကမ္ဘာမြေ၊ လ၊ နေ၊ တိရစ္ဆာန်၊ လူစတာတွေဟာ ဘယ်လိုလုပ်ပေါ်ပေါက်လာသလဲ လို့ မေးပါတယ်။ ဒါနဲ့ တပည့်တော်က မင့်တို့အလ္လာဟ်ကိုရော ဘယ်သူဖန်ဆင်းသလဲလို့ ပြန်မေးတဲ့အခါ သူက မသိဘူးလို့ ပြောပါတယ်။ သူက သူ့ဘာသာအကြောင်း မရှင်းပြတတ်ပေမဲ့ တပည့်တော်က ကိုယ့်ဘာသာအကြောင်း ရှင်းပြချင်လို့ ဒီမေးခွန်းကို ဖြေပေးပါဦးဘုရား။

၂။ တပည့်တော်တို့ဟာ သူတစ်ပါးအသက်သတ်ရင်တော့ အပြစ်ဖြစ်တယ်ဆိုပြီး ဘာဖြစ်လို့ အသားငါးကျတော့ စားကြတာလဲတဲ့၊ အသားငါးစားတာဟာလည်း သူတစ်ပါးအသက်သတ်သလို ဖြစ်မနေဘူးလားတဲ့။ ဒါနဲ့ တပည့်တော်က ကိုယ်တိုင်မသတ်ဘူး။ သူများရောင်းလို့ ၀ယ်စားတာ၊ ရောင်းတဲ့လူမရှိရင် မစားဘူးလို့ပြောတဲ့အခါ သူငယ်ချင်းက ၀ယ်စားတာဟာလည်း ရောင်းတဲ့လူသတ်အောင် အားပေးသလိုဖြစ်နေတဲ့အတွက် အပြစ်မဖြစ်ဘူးလားလို့ မေးပါတယ်ဘုရား။

၃။ ဗုဒ္ဓဘာသာဟာ ဘာကိုယုံကြည်ပါသလဲလို့ မေးပါတယ်ဘုရား။

Sunday, July 29, 2012

ဗုဒ္ဓဘာသာအကြောင်းကိုစုံစုံလင်လင်သိရှိလိုသူများအတွက်

ဗုဒ္ဓဘုရားရှင်
ဗုဒ္ဓဘာသာဝင် ဆိုသည်မှာ မြတ်ဗုဒ္ဓ၏အဆုံးအမများပေါ်တွင်တည်သူ တနည်းအားဖြင့် မြတ်ဗုဒ္ဓ ဟောကြားခဲ့သော တရားများ အဆုံးအမများကို လိုက်နာကျင့်သုံးသူ ကိုခေါ်ဝေါ်သည်။
ဗုဒ္ဓဘာသာသည် ကမ္ဘာပေါ်တွင် လူသန်းပေါင်း ၃၀၀ မှ ၅၀၀ခန့် ယုံကြည်သက်ဝင်ကိုးကွယ်ကြသည့် ဘာသာတရားဖြစ်ပါသည်။

Saturday, July 28, 2012

အစွမ်းထက်ဂါထာတော်များ

မိုးညှင်းဆရာတော်ကြီး အမြဲရွတ်ပွားသည့် အန္တရာယ်ကင်းဂါထာ
အောက်ပါဂါထာမှာ ရှေးအထက် ဆရာကြီးတို့ အဆက်ဆက် လက်စွဲပြု၍ မိုးညှင်းဆရာတော်ကြီးကိုယ်တိုင် အမြဲရွတ်ဆိုလျက် တပည့်များကိုလည်း ရွတ်ဆိုရန် ညွှန်ပြတော်မူသော အန္တရာယ်ကင်းဂါထာတော် ဖြစ်သည်။
(ပါဠိဂါထာ)
ဗုဒ္ဓဂုဏော အနန္တော၊
ဓမ္မဂုဏော အနန္တော၊
သံဃဂုဏော အနန္တော၊
မာတာပိတုဂုဏော အနန္တော၊
အာစရိယဂုဏော အနန္တော၊

ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ၊
ဓမ္မော မေ သရဏံ အညံ နတ္ထိ၊
သံဃော မေ သရဏံ အညံ နတ္ထိ၊

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ၊
ဧသာ ဉတ္တိ၊ သဗ္ဗ အန္တရာယော ဂစ္ဆ အမုမှိ သြကာသေ တိဋ္ဌာဟိ။

မိုးကုတ်ဆရာတော်ဘုရားကြီး၏MP3တရားတော်များ

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီးဟောတော်မူသော
http://img269.imageshack.us/img269/804/photorl.jpg

"ခန္ဓာ ၅ ပါးကိုမျောက်ဖြင့် ဥပမာပြဟောကြားပုံ"

http://www.mediafire.com/?mdztytityrn

"အ၀ိဇ္ဇာလက်အောက်ခံ သင်္ခါရ၃မျိုးတရားတော်"

http://www.mediafire.com/?zno2mfmeyyz

"အ၀ိဇ္ဇာတဏှာ၂ဘက်ကန်းနေပုံနှင့်၂ဘက်မြင်ဖြစ်ရေးတရားတော်"

http://www.mediafire.com/?nwd2ajw3dnn

တရားနဲ့ပတ်သက်သော သီချင်းများ

ဟေမာနေ၀င်း သီဆိုထားသောမေတ္တာဂုဏ်ရည်
http://img372.imageshack.us/img372/6422/newdownloadmk7.png
http://www.dhammaransi.net/Audio/DhammaSongs/Haymar-MittaGonYi-06.mp3
ချစ်ပူတူး
09-04-2009, 06:56 AM
ဟေမာနေ၀င်းသီဆိုသော သံဗုဒ္ဓေ
http://img372.imageshack.us/img372/6422/newdownloadmk7.png
http://www.dhammaransi.net/Audio/DhammaSongs/Haymar-ThanBoteDay-09.mp3
nyinyi27
11-16-2009, 10:17 AM
ဘုရားဂုဏ်တော်ကိုးပါး (http://www.multiupload.com/ZRJGID5K5I) -- သီဆိုပူဇော်သူ - ရွှေ့ယမင်းဦးနှင့်အဖွဲ့ (57.1 Mb)

ဆရာတော်ဘုရားကြီးများ၏ တရားပေါင်း မြောက်များ စွာ.........

peace: ဆရာတော် ဘုရားကြီးများ ၏ တရားတော်များ( တရားပေါင်း မြောက်များ စွာ )ကို အောက်က လင်.တွေမှာ ဒေါင်းလို. ရပါတယ်...တရားပေါင်း မြောက်များစွာ ရှိတဲ.အတွက် တစ်ပုဒ်ချင်း မဖော်ပြနိုင်လို.ပါ......အားလုံးကို ဓမ္မ ဒါနပြုအပ်ပါတယ်.... IDM ရှိဖို.တော. လိုပါတယ်....

ပထမဦးဆုံး.... ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရား အခွေပေါင်း (၁၀၀ ) နီးပါးလောက်ကို ဒီမှာ ဒေါင်းနိုင်ပါတယ်....
http://www.dhammadownload.com/MogokSayadaw-mp3.htm

ဆင်ဖြူကျွန်းဆရာတော် ဦးဓမ္မသာရ
ဟောကြားတော်မူသောတရားတော်များစွာကို လည်း ဒီမှာ ဒေါင်းနိုင်ပါတယ်.....
http://www.dhammadownload.com/SayaDaw-U-Dhammasara-mp3.htm

ဆရာတော်ဦးဃောသိတ
အဂ္ဂမဟာ ကမ္မဋ္ဌာနာ စရိယ
သာသနဓဇ သီရိပ၀ရ ဓမ္မာစရိယ
မိုးကုတ်ဝိပဿနာအဖွဲ့ချုပ် ပဓာန နာယက
ဟောကြားတော်မူသောတရားတော်များ
http://www.dhammadownload.com/SayaDaw-U-GawThiTa-wma.htm

Wednesday, July 18, 2012

ဗုဒ္ဓဘာသာဆိုတာ ဘာကိုခေါ်ပါသလဲ


"ဆရာတော်ဘုရား၊ ဗုဒ္ဓဘာသာဆိုတာ ဘာကိုခေါ်ပါသလဲဘုရား၊ ဘာသာခြားတစ်ဦးဦးက မေးလာလျှင် မည်သို့ ဖြေရမှာပါလဲဘုရား တိုတိုရှင်းရှင်းနဲ့ နားလည်အောင် ပြန်ပြောပြနိုင်အောင် ဖြေဆိုတော်မူပါဘုရား၊

ဆရာတော်ဘုရားကို ဆရာလုပ်တာ မဟုတ်ပါဘုရား၊

Related Posts Plugin for WordPress, Blogger...