ကိုယ်ပိုင်ဆိုင်ထားတဲ့ မြေကွက် လေးမှာ အနားယူ အပန်းဖြေဖို့ တန်ဖိုး
နည်း အိမ်လေး တစ်လုံးလောက် ဆောက် ချင်တယ် ဆိုသူတွေ အတွက် ဆောက် လုပ်ရေး
ပစ္စည်းတွေ တစ်ခုချင်းဝယ်၊ အလုပ်သမားငှား စတာမျိုးတွေ လုပ်နေ စရာ မလိုဘဲ
Ready Made အိမ်လေး ရနိုင်မှာမျိုး ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့
သင့်လျော်အောင် တီထွင် ဖန်တီးထားတဲ့ တန်ဖိုးနည်း လုံးချင်း အိမ်
တပ်ဆင်လိုက်ရုံနဲ့ အသင့် နေလို့ရအောင် ဆောက်လုပ် ရောင်းပေးနေတဲ့ ကုမ္ပဏီ
တစ်ခုကို ညွှန်ပေးပါမယ်။ နေအိမ် အခက်အခဲ ဖြစ်နေတဲ့ ဒေသတွေ အတွက် ရည်ရွယ်
လှူဒါန်းမယ်ဆို လည်း ဒီလို အိမ်လေးတွေက သင့်တော် တာမို့ ဈေးနှုန်း၊
အရည်အသွေးကို ကြိုက်ရင် ဝယ် မဝယ် ထည့်စဉ်းစားလို့ ရအောင် ဖော်ပြ
ပေးရခြင်းပါ။
Windows 8 OS (Operation System) အသုံးပြုသင်ပုန်းကွန်ပျူတာ (Tablet) များကို နိုင်ငံတကာကွန်ပျူတာကုမ္ပဏီအများစုက
နိုဝင်ဘာလဆန်းပိုင်းမှစတင်ကာ ပြည်တွင်းဈေးကွက်အတွင်းသို့ စတင်ဖြန့်ချိမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Lenovo, Dell, Asus, Acer အစရှိသည့် ကုမ္ပဏီများသည် Windows 8 စနစ်ကို ထည့်သွင်းအသုံးပြုထားသည့် သင်ပုန်းကွန်ပျူတာများကို
နိုင်ငံတကာဈေးကွက်သို့ ဖြန့်ချိရန် စတင်ပြင်ဆင်နေကြပြီဖြစ်သည်။
မိုက်ကရိုဆော့ဖ်ကုမ္ပဏီက Windows 8 ကို မိတ်ဆက်ပြီး ရက်ပိုင်းအကြာတွင် အထက်ပါ အမှတ်တံဆိပ်နည်းပညာထုတ်ကုန်များကို
သက်ဆိုင်ရာကွန်ပျူတာ ကုမ္ပဏီအသီးသီးက နိုင်ငံတကာဈေးကွက်သို့ ဖြန့်ချိရန် မိတ်ဆက်မှုများ ပြုလုပ်လာခြင်းဖြစ်သည်။
Windows 8 OS အသုံးပြု သင်ပုန်းကွန်ပျူတာအမှတ်တံဆိပ်အမျိုးမျိုးတွင် Acer တံဆိပ် ထုတ်ကုန်များက လာမည့် နိုဝင်ဘာလဆန်းမှ
စတင်ကာ ၀င်ရောက်လာမည်ဖြစ်၍ ပြည်တွင်းဈေးကွက်သို့ အစောဆုံးဝင်ရောက်လာမည့် အမှတ်တံဆိပ်တစ်ခုဖြစ်သည်ဟု သိရသည်။