ကျွန်တော့်ဆီလာလည်ကြသော သူငယ်ချင်းမိတ်ဆွေများကို အမြဲကြိုဆိုလျက်ပါ...ကျွန်တော်မှားတာလေးတွေ တွေ့ရင်လည်းခွင့်လွတ်ကြပါ..ကျေးဇူးတင်ပါတယ်...(စိုင်းလေး)
Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts
Tuesday, October 30, 2012
ဟာသများ
၁။ သတင်းကောင်း
ယောကျာ်းဖြစ်သူ အလုပ်က ပြန်လာသည်။ မိန်းမဖြစ်သူရဲ့ ညိုးငယ်သော မျက်နှာကို ကြည့်ကာ အိမ်တွင်
 တစ်ခုခုဖြစ်ပြီဟု သိလိုက်သည်..
ယောကျာ်း ။ ။"မကောင်းတဲ့ သတင်းနဲ့ ငါ့ကို မကြိုနဲ့ကွာ၊ ရုံးမှာ စိတ်ညစ်ရတာနဲ့ကိုပဲ ငါ့မှာ
 လုံလောက်နေပြီ"
မိန်းမ။ ။ကောင်းပြီ ရှင်ကို သတင်းကောင်းနဲ့ အရင်ပြောမယ်၊ ကျွန်မတို့ဆီမှာ ကလေးငါးယောက်
 ရှိတယ်နော်။
အဲ - လေးယောက်ဟာ ဒီနေ့မှာ ခြေထောက်ရော လက်ရော မကျိုးဘူး"
 ၂။ ဆက်စပ်နေတာကိုး
လူနာ။ ။"ဒေါက်တာ၊ ကျနော်ကို ကယ်ပါဦး၊ ညတိုင်း ညတိုင်း အိပ်မက်တစ်ခုတည်းကိုပဲ မက်နေတယ်။
ဘယ်နေရာ ကြည့်ကြည့် မီးတောက်မီးလျှံတွေကိုပဲ မြင်ရတယ်။ တစ်ကိုယ်လုံး
ပူလောင်အိုက်စပ်နေတယ် ၊ အသက်ရှုလို့လည်း မ၀ဘူး.. ဆိုးဆိုးဝါးဝါး ခံစားရတယ်
ဒေါက်တာရယ် "
ဆရာဝန်။ ။ "နေ့ခင်းမှာ ခင်ဗျား နေပူစာ လှုံတယ်ထင်တယ်"
လူနာ ။ ။ "မလှုံပါဘူး ဆရာ"
ဆရာဝန်။ ။"ဒါမှမဟုတ် မအိပ်ခင် အိပ်ရာကို သန့်ရှင်းအောင် ဖုန်တွေ ဘာတွေမခါဘူးထင်တယ်"
လူနာ ။ ။"ကျနော် အိပ်ခါနီးတိုင်း ခါပါတယ်ဆရာ "
ဆရာဝန်။ ။"ခေါင်းမြီး ခြုံအိပ်တယ်နဲ့ တူတယ်"
လူနာ။ ။ "မအိပ်ပါဘူးဆရာ"
ဆရာဝန်။ ။"ပိုက်ဆံကို မီးရှို့ ပစ်သလိုသုံးနေလို့ မိန်းမကခင်ဗျားကို အပြစ်တင်တယ် ထင်တယ်"
လူနာ။ ။"ကျွန်တော် အဲလိုလူ မဟုတ်ပါဘူး ဆရာ"
ဆရာဝန်။ ။"အင်း၊ အကြောင်းရင်းကို ဖော်ထုတ်ရ ခပ်ခက်ခက်ပဲ ဒါနဲ့ စကားမစပ် ခင်ဗျား ဘာလုပ်သလဲ"
လူနာ။ ။ "မီးသတ်သမားပါ"
Friday, October 26, 2012
ရာသီဖွား ဗေဒင်ဟာသ
(၁) Aries (မိဿရာသီဖွား — မတ်လ ၂၁ မှ ဧပြီ ၁၉ အတွင်းမွေးဖွားသူ)
မေမေ “Aries သမီးလေး.. စကပ်ဝတ်ထားတဲ့အချိန် ဒါန်းမစီးရဘူးနော်။ ကောင်လေးတွေ
သမီးရဲ့အတွင်းခံကို တွေ့သွားနိုင်တယ်”
Aries “ဟုတ်ကဲ့ပါ မေမေ”
ဒါပေမယ့် တစ်နေ့မှာ Ariesက မေမေဆီပြေးလာပြီး “မေမေ… မေမေ ဒီနေ့
အောင်အောင်နဲ့ဒါန်းစီးပြိုင်တာ သမီးနိုင်တယ်”
မေမေက စိတ်တိုပြီး “စကပ်ဝတ်ထားရင် ဒါန်းမစီးရဘူးလို့ မေမေမှာထားတယ်မဟုတ်လား?”
Aries “သမီး ဒီလောက်မအပါဘူး မေမေရဲ့၊ အတွင်းခံကို သူမမြင်အောင် ချွတ်ထားပြီးမှဒါန်းစီးတာပါ”
(Ariesဖွားက ရဲရင့်၊ ပွင့်လင်းပြီး လုပ်ရဲရင် ခံရဲသူဖြစ်တယ်)
(၂) Taurus (ပြိဿရာသီဖွား–ဧပြီ ၂ဝ မှ မေ ၂ဝ အတွင်းမွေးဖွားသူ)
ဖရဲသီးရောင်းသူ “လာနော်.. လာနော်.. ဖရဲသီးချိုတယ်၊ မချိုရင် ပိုက်ဆံမယူဘူး”
ရေဆာနေတဲ့ Taurus ” အတော်ပဲ… ကျွန်တော့်ကို မချိုတာပေးပါ”
(Taurusဖွားက အိမ်၊ မိသားစုကို ထိန်းသိမ်းနိုင်သူ ဘေးချော်ချင်သည့်တိုင်ကိုယ့်ကိုကာကွယ်တတ်သူဖြစ်တယ်)
ထူးဆန်းထွေလာပြည်မြန်မာ(ဟာဒရ)
အန်ကယ် ကြီး
(၁)မြန်မာနိုင်ငံတွင် ပထမဆုံးရေသုံး ၍ အိမ်သာတက်ခဲ့သော ဘုရင်မှာ ဘိုးတော်
ဦးဝိုင်း ( ၁၇၈၂- ၁၈၁၉ ) ဖြစ်သည်။
(၂)၁၈၈၅ ခုနှစ်တွင် သူ့ကျွန်ဘ၀ ကျရောက်ပီး ၁၈၈၆ ခုနှစ်တွင်ဖွင့်လှစ်
ခဲ့သောစက်ရုံသည် မန္တလေး ဘီယာ နှင့် အရက်ချက်စက်ရုံဖြစ်သည်။
(၃)တယ်လီဖုန်းအား လေပေါ်မြှောက်ကာ ဝှေ့ရမ်း၍ လိုင်းရှာရသော နည်းပညာ ကို
မြန်မာနိုင်ငံမှ စတင် တီထွင်ကာ ရောင်းချခဲ့သည်။
(၄)သတင်းစာကို နောက်ဆုံး မှ လှန်ဖတ်သော ဓလေ့စရိုက် သည်
မြန်မာနိုင်ငံတွင်သာရှိသည်။
(၅)ကမ္ဘာပေါ်တွင် ဆောင်ပုဒ် အများဆုံး နိုင်ငံမှာ မြန်မာနိုင်ငံဖြစ်သည်။
(၆) ခြင်တောင်လှန်၍ သန်းခေါင်စာရင်းစစ်သောအလေ့အထသည်
ကမ္ဘာပေါ်တွင်
မြန်မာတနိုင်ငံတည်း၌သာရှိသည်။
(၇) ကမ္ဘာပေါ်တွင် ၀ါးတားဂိတ်
(၀ါးလုံးတား၍ပိုက်ဆံတောင်းသောဂိ
တ်)အများဆုံးတိုင်းပြည်မှာ မြန်မာပြည်ဖြစ်သည်။
Saturday, October 20, 2012
Web ထဲမှ စုစည်းမှုဟာသများ
သူ.အတွေး
ကျောင်းသားလေးတစ်ယောက်ကို သူ.အမေက ကျောင်းလာအပ်တယ် ... သူ.သားက အရမ်းတော်လွန်း၊ ဥာဏ်ထက်လွန်းလို့ သူငယ်တန်းကနေ စမတက်ဘဲ သုံးတန်းကနေ ထားပေးပါလို့ တောင်းဆိုတယ်တဲ့ ... အဲဒါနဲ့ ကျောင်းအုပ်ဆရာကြီးကလည်း စာမေးတာပေါ့ ...
ကျောင်းအုပ်။ ။ ငါး .. ငါးလီ ...
ကလေး ။ ။ နှစ်ဆယ့်ငါး
ကျောင်းအုပ်။ ။ သုံး .. သုံးလီ ..
ကလေး ။ ။ ကိုး
ကျောင်းအုပ်။ ။ ကိုး ... ကိုးလီ ..
ကလေး ။ ။ ရှစ်ဆယ့်တစ်
ကျောင်းအုပ်။ ။ တော်လိုက်တဲ့ ကလေး .. ကဲ .. သွားကွာ .. သုံးတန်း ...
Tuesday, October 2, 2012
ထူးဆန်းထွေလာပြည်မြန်မာ
(၁)မြန်မာနိုင်ငံတွင် ပထမဆုံးရေသုံး ၍ အိမ်သာတက်ခဲ့သော ဘုရင်မှာ ဘိုးတော်
ဦးဝိုင်း ( ၁၇၈၂- ၁၈၁၉ ) ဖြစ်သည်။
(၂)၁၈၈၅ ခုနှစ်တွင် သူ့ကျွန်ဘ၀ ကျရောက်ပီး ၁၈၈၆ ခုနှစ်တွင်ဖွင့်လှစ်
ခဲ့သောစက်ရုံသည် မန္တလေး ဘီယာ နှင့် အရက်ချက်စက်ရုံဖြစ်သည်။
(၃)တယ်လီဖုန်းအား လေပေါ်မြှောက်ကာ ဝှေ့ရမ်း၍ လိုင်းရှာရသော နည်းပညာ ကို
မြန်မာနိုင်ငံမှ စတင် တီထွင်ကာ ရောင်းချခဲ့သည်။
(၄)သတင်းစာကို နောက်ဆုံး မှ လှန်ဖတ်သော ဓလေ့စရိုက် သည်
မြန်မာနိုင်ငံတွင်သာရှိသည်။
(၅)ကမ္ဘာပေါ်တွင် ဆောင်ပုဒ် အများဆုံး နိုင်ငံမှာ မြန်မာနိုင်ငံဖြစ်သည်။
(၆) ခြင်တောင်လှန်၍ သန်းခေါင်စာရင်းစစ်သောအလေ့အထသည်ကမ္ဘာပေါ်တွင်
မြန်မာတနိုင်ငံတည်း၌သာရှိသည်။
(၇) ကမ္ဘာပေါ်တွင် ၀ါးတားဂိတ်
(၀ါးလုံးတား၍ပိုက်ဆံတောင်းသောဂိတ်)အများဆုံးတိုင်းပြည်မှာ မြန်မာပြည်ဖြစ်သည်။
(၈) လေအေးစက်တပ်ထားသောအခန်းများတွင်
နောက်မှီကုလားထိုင်ပေါ်ထိုင်၍ တောင်းစားသောသူတောင်းစားများမှာ
မြန်မာနိုင်ငံတခုတည်းတွင်သာရှိသည်။
Friday, September 14, 2012
ရယ်မောခြင်းအပိုင်းအစများ(မင်းလူ)
     သိပ္ပံပညာရှင်နှစ်ယောက် အပြန်အလှန်ပြောနေကြသည်။
    "ကမ္ဘာပေါ်မှာ ပထမဆုံးလူသားပုံတူမျိုးပွားတဲ့ နည်းပညာကို စတင်အသုံးပြုခဲ့တာ ဘုရားသခင်ပဲဗျ။ အာဒမ်ရဲ့နံရိုးတစ်ချောင်းကို ထုတ်ပြီး ဖန်ဆင်းခဲ့တာ မဟုတ်လား"
    "ဒါပေမယ့် ရာနှုန်းပြည့်မအောင်မြင်ပါဘူး။ အာဒမ်ရဲ့ပုံတူမဖြစ်ဘဲ ဧ၀ဖြစ်သွားတာပဲလေ"
                * * * * * * * * *
    မြ၀တီရုပ်မြင်သံကြားဌာနသည် ညပိုင်းထုတ်လွှင့်မှု ပြီးဆုံးကာနီးတွင် နောက်တစ်နေ့အစီအစဉ်ကို ကြေညာရာတွင် ကောင်းနိုးရာရာအကွက်ကလေးတွေကို ထုတ်နုတ်ပြီး နမူနာအဖြစ် ကြိုတင်ပြသလေ့ရှိ၏။
    သောကြာနေ့တစ်နေ့တွင် နောက်တစ်နေ့အတွက် ကြိုတင်အစီရင်ခံ တင်ပြရာတွင် ည ခုနစ်နာရီမှာပြသမည့် ကိုရီးယားဇာတ်လမ်းတွဲနမူနာပိုင်းကို အရင်ပြသည်။ ထို့နောက် ညကိုးနာရီခွဲတွင် တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်သော ပရီးမီးယားလိဂ်
ဘောလုံးပွဲအတွက် ကစားကွက်တချို့ကို ထုတ်နှုတ်တင်ပြပြီး ကြေညာသည်။
    ထိုအခါ မအူမလည်လူတစ်ယောက်က
    "ဟာ...ဒီလူတွေ တော်တော်ပြီးစလွယ်လုပ်တာပဲ။ ပွဲစဉ်အဟောင်းကြီးထဲကဟာတွေ ပြန်ပြနေတယ်။
 နက်ဖြန်ကန်မယ့်ပွဲထဲက ကောင်းတဲ့အကွက်ကလေးတွေ နမူနာပြတာမဟုတ်ဘူး"
    ဟု ဆို၏။
                * * * * * * * * *
    ကုန်စည်ပြပွဲတစ်ခုဖြစ်၏။ ကုမ္ပဏီများသည် သူတို့ထုတ်လုပ်သော ကုန်ပစ္စည်းမျိုးစုံကို သရုပ်ပြပြီး ကြော်ငြာနေကြသည်။ ဒီအထဲမှာ လူစိတ်အ၀င်စားဆုံးကတော့ လျှပ်စစ်ဓာတ်အားပေးစက်တစ်လုံးဖြစ်၏။ ကုမ္ပဏီတာဝန်ခံတစ်ဦးသည် သူတို့၏ မီးစက်အကြောင်းကို အာပေါင်အာရင်းသန်သန် ရှင်းလင်းပြောပြနေသည်။
    "ကျွန်တော်တို့ကုမ္ပဏီက နောက်ဆုံးထုတ်လုပ်လိုက်တဲ့ဂျင်နရေတာဟာဆိုရင် မြင်တဲ့အတိုင်းပါပဲ။ စက်သံကလည်း အလွန်ညက်ညောပါတယ်။ တုန်ခါမှုကလည်း မရှိသလောက်ပါပဲ။ နာရီပေါင်းများစွာဆက်တိုက် လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ပေးနိုင် ပါတယ်။ ဗို့အားအပြည့် ၀ပ်အားအပြည့်ထွက်ပါတယ်။ ပြီးတော့..."
    "ဒါနဲ့ ခင်ဗျားမီးစက်က ဘာလောင်စာစွမ်းအင်ကို သုံးတာလဲ၊ ဒီဇယ်လား၊ ဓာတ်ဆီလား၊ ဂက်စ်လား"
    ကုမ္ပဏီတာဝန်ခံက ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်ပြီး
    "ကျွန်တော်တို့ပစ္စည်းရဲ့အဓိကအားသာချက်က အဲဒါပါပဲခင်ဗျာ။ ဒီမီးစက်ကိုမောင်းဖို့ ဓာတ်ဆီလည်းမလိုဘူး၊ ဒီဇယ်လည်း မလိုဘူး၊ တခြားဘာလောင်စာမှလည်း မလိုဘူး။ ဟောဒီပလပ်ခေါင်းလေးကို ကိုယ့်အိမ်မှာရှိတဲ့ ပလပ်ပေါက်ထဲထိုးထည့်ပြီး မီးခလုတ်ကို ဖွင့်လိုက်ရုံပါပဲ"
                * * * * * * * * *
Tuesday, August 21, 2012
ရယ်မောခြင်းအပိုင်းအစများ
    ဆရာဝန်က လူနာကိုစမ်းသပ်ကြည့်ပြီးနောက်...
    "ခင်ဗျားအသည်းက အားနည်းနေတယ်။ အသည်းအားဆေးတွေ သောက်ရမယ်။ ဒါနဲ့ ခင်ဗျား အရက်ကော သောက်တတ်သလား"
    "ဟုတ်ကဲ့"
    "မဖြတ်နိုင်ဘူးလား"
    "ရုတ်တရက်တော့ ဖြတ်ဖို့မလွယ်ဘူးဆရာ"
    "ကောင်းပြီ။ ဒါဆို လျှော့သောက်ရမယ်။ တစ်နေ့ကို ၂ယူနစ်ထက် ပိုမသောက်ပါနဲ့"
    နောက်တစ်လခန့်ကြာသောအခါ လူနာဖြစ်သူသည် ဆေးခန်းသို့ ပြန်ရောက်လာသည်။
    "မသက်သာဘူးဆရာ"
    ဆရာဝန်က စမ်းသပ်ကြည့်ပြီး...
    "ဟင်.. အသည်းက ပိုပြီးတော့တောင်ဆိုးလာသေးတယ်။ ကျွန်တော့်စကား နားမထောင်ဘူးထင်တယ်"
    "ဆရာညွှန်ကြားချက်ကို အတိအကျလိုက်နာပါတယ်။ ဆရာက တစ်နေ့ နှစ်ယူနစ်ထက် ပိုမသောက်ရဘူးဆိုလို့ ဘီယာနှစ်ဂျားပဲသောက်တာပါ"
                            * * * *
Tuesday, July 31, 2012
မြန်မာဟာသ - စုစည်းမှု (၄)
Mr. Jugger juggernaut.mm@gmail.com
U Kyaw Zay Ya
ရုပ်အရမ်းဆင်တဲ့ အမွှာညီအစ်ကိုနှစ်ဦးရှိတယ်။ အစ်ကိုဖြစ်သူမှာ
လှေအိုတစ်စီးရှိပြီး ညီဖြစ်သူမှာ ရောဂါထူတဲ့ မိန်းမတစ်ဦးရှိတယ်။ တစ်နှစ်မှာ
ညီအစ်ကိုနှစ်ဦးစလုံး ကံမကောင်းခဲ့ဘူး။ အစ်ကိုရဲ့ လှေမြှုပ်သွားခဲ့သလို
ညီရဲ့မိန်းမလည်း ဆုံးခဲ့ရတယ်။
တစ်နေ့မှာ အစ်ကိုဖြစ်သူက လမ်းမှာ မိတ်ဆွေတစ်ဦးနဲ့ဆုံခဲ့တယ်။ မိတ်ဆွေက သူ့ကို
"ညီ"လို့ထင်မှတ်ပြီး "ကျွန်တော် စိတ်မကောင်းဘူးဗျာ"
(မိန်းမဆုံးသွားတာကို>ရည်ညွှန်းပြီးပြောတာ ဖြစ်တယ်)
ဒါကို အစ်ကိုက သူ့လှေမြှုပ်သွားတာကို ပြောတယ်ထင်ပြီး "ဟုတ်တယ်ဗျာ..
ကျွန်တော်အစတည်းက သိတယ်။ သူက ရှေ့ကွဲတဲ့အပြင် နောက်မှာလည်း
အပေါက်တစ်ပေါက်ပါသေးတယ်။ အပေါက်ကနေ ရေတွေပန်းပန်းထုတ်တာ အဆိုးဆုံးပဲ။
ဟိုတစ်လောက သူငယ်ချင်းတစ်ယောက် အကြာကြီး ငှားသွားသေးတယ်။ ဒါကြောင့်ခုလို
ဖြစ်သွားရတာ"
Monday, July 30, 2012
မြန်မာဟာသများစုစည်းမှု (၃)
မသိလို့ကိုင်မိတာပါ..
အလွန် အရှက်ကြီးသော မိန်းမပျိုလေး တစ်ယောက် ငယ်သူတို့ဘာဝ ချစ်သူရည်းစား
အဖြစ် လူငယ်လေး တစ်ဦးနှင့် ရည်ငံ နေကြပါသတဲ့။ တစ်နေ့မှာ ချစ်သူနှစ်ဦး
သာယာတဲ့ မြစ်ကမ်းဘေး သစ်ပင်ရိပ်အောက် မြက်ခင်းလေးမှာ ချိန်းတွေ့နေကြတယ်။
သည်အခိုက်မှာ မနက်ခင်းတုန်းက ပဲကြီးလှော်သုပ်နဲ့ ကြက်သွန်ဖြူ
အပြင်အဘွားရဲ့ လျှက်ဆားကိုပါ တို့မြီးခဲ့တဲ့ မိန်းမပျိုခမျာ လေလည်ချင်
လာခဲ့ပါလေရော။ ခက်ပြီ။
အရှက်ကလည်းကြီး၊ ချစ်သူကလည်း အနီးမှာ အတူထိုင်နေတော့ လေများ
လည်မိလိုက်ရင် မဟာအရှက် ဟက်တက် ကွဲတော့မှာပဲ။ လေမလည်မိအောင် အတင်း
အောင့်ထားရတယ်။ အောင့်ထားရလွန်းလို့ သွားတွေလည်း စိပြီး၊ ခြေမကလည်း
ကွေးလို့။ အဲဒီ ကွေးနေတဲ့ ခြေချောင်းတွေနဲ့ ခြေမကို မြင်သွားတဲ့ ချစ်သူက
“အချစ်ရဲ့ ခြေချောင်းလေးတွေက လှရဲ့သားနဲ့ ဘာလို့ ကွေးထား တာလဲကွယ်” လို့
ပြောပြောဆိုဆို ခြေမလေး တစ်ဖက်ကို ကိုင်ပြီး ဆန့်လိုက်တယ်။
မြန်မာဟာသများစုစည်းမှု (၂)
ကောင်လေးတစ်ယောက်က ကောင်းမလေးတစ်ယောက်ကို ရည်စားစာလိုက်ပေးလေသည်။
တစ်ရက်လည်မယူ နှစ်ရက်လည်းမယူ.........နောက်တစ်ပတ်လောက် ဆက်တိုက်လိုက်ပေး
နေတော့ ကောင်မလေး သနားသွားပုံရ၏.....စာကိုလက်ခံလိုက်သည်......
၃ ရက်ကြာတော့ကောင်လေးက အဖြေပြန်လိုက်တောင်ပါလေရော.... .ကောင်မလေးပြောသွားသည်.....အကိုရယ်ဖတ်ဆဲပါပဲတဲ့........ဒီလောက်နဲ့
ကျေနပ်ပြီ ကောင်လေး ပြန်သွားလေသည်.......... နောက် ၃ရက်ကြာတော့ အဖြေ ပြန်လိုက်
ထပ်တောင်း သည်.....ဟိုကထပ်ပြော သည်..”ဖတ်ဆဲပါပဲ”တဲ့.......
၃ ခါမြောက် သွားတောင်းတော့လည်း ထိုနည်၎င်းပြောသည် ကောင်မလေးကိုမေးလိုက်သည်.....မင်းဟာက ဒီတစ်သက်ဖတ်လို့ ပြီးအုံးမှာလား....ဆိုတော့ ကောင်မလေးက ”ဟုတ်တယ်လေ....အကို့စာကို ညီမက..
ဖတ်လိုက်ရင် ဆဲလိုက်ရင် မကျေနပ်လို့ ဖတ်လိုက်ရင် ထပ်ဆဲလိုက်ရင်းနဲ့
ဒီနေ့ထိပါပဲတဲ့....”
မြန်မာဟာသ စုစည်းမှု
A ပရယ်မှာစတွေ့ကြတဲ့
B စကစ်ကြိုက်တဲ့ကောင်မလေးရယ်
C စဉ်သမျှလွဲခဲ့ရလို့
D ရင်ဘတ်ကြီးကွဲခဲ့ရပြီ
E မေဂျာကောင်မလေးနဲ့ မင်းထင်သလိုမဟုတ်ရပါဘူး
F အမ်ကနေ
G လတ်ရဲ့သီချင်းတောင်းပေးတော့
H လို့်တောင်မပျော်ဘူးဆို
I လပ်ဗ်ယူလို့ပြောတော့
J အိုင်ပီကုန်တိုက်ဘေးက
K တီဗွီမသွားဖို့ကတိတောင်းခဲ့တယ်လေ
L ဆိုင်းဇီ သီချင်းကို
Related Posts Plugin for WordPress, Blogger...