Thuzar Kyaw maytz144@gmail.comတစ်ခါတုန်းကရွာတစ်ရွာမှာအငြင်းသ
န်တဲ့
ဇနီးမောင်နှံနှစ်ယောက်ရှိသတဲ့။ သူတို့နှစ်ယောက်ဟာ ဘယ်တော့မဆို
တစ်ခုခုကိုငြင်းလေ့ရှိကြပါတယ်။ တစ်နေ့ကျတော့ သူတို့နှစ်ယောက်ဟာ
ဟောဒီလောကမှာ ယောက်ျားနဲ့မိန်းမ ဘယ်သူကမြတ်သလဲဆိုတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး
ငြင်းခုံကြသတဲ့..။ အဲဒီအခါယောက်ျားလုပ်သူက… “ဟောဒီ လောကမှာယောက်ျားဆိုတာ
မဟာပုရိသ အမြတ်ဆုံးကွ ကြိုးစားရင် ဘုရားဖြစ်တယ်ဆိုတာ ဒို့ယောက်ျားတွေပဲဖြစ်တာကွ”….
ယောကျာ်းဖြစ်သူကသူ့ဘာသာဂုဏ်ယူစွာနဲ့ပြောလိုက်တယ်။ မိန်းမလုပ်သူကလဲဒီအတိုင်းငြိမ်မနေပါဘူး..။ “ရှင်တို့ယောက်ျားတွေ ကြိုးစားဘုရားဖြစ်တယ်ဆိုတာ ဖြစ်တောင့်ဖြစ်ခဲပါတော် ယောက်ျားတွေကသောက်စားမူးယစ်လို့ ငရဲမှာဂျိုးကပ်နေကြတာ”…