ကျွန်တော့်ဆီလာလည်ကြသော သူငယ်ချင်းမိတ်ဆွေများကို အမြဲကြိုဆိုလျက်ပါ...ကျွန်တော်မှားတာလေးတွေ တွေ့ရင်လည်းခွင့်လွတ်ကြပါ..ကျေးဇူးတင်ပါတယ်...(စိုင်းလေး)
Showing posts with label သိမှတ်ဖွယ်ရာ. Show all posts
Showing posts with label သိမှတ်ဖွယ်ရာ. Show all posts

Thursday, December 27, 2012

ချစ်သောညီမလေးသိပါစေ

ချစ်သောညီမလေးသိပါစေ...........


လွတ်လပ်စွာ နေထိုင်ခွင့်  ရှိပါတယ်
စည်းတော့  မကျော်စေနဲ့ ပေါ့ .............
...
ပွင့်လင်းစွာ ပြောဆိုခွင့်  ရှိပါတယ်
မရိုင်းစေနဲ့ ပေါ့ ............



ပိုင်ဆိုင်ထားတဲ့  အလှ
လူတကာ မြင်အောင်ပြချင်နေရင်တော့ 
မိန်းကလေးတွေရဲ့ တန်ဖိုး
ဘယ်သူတွေကို လက်ညိုးထိုးပြရမလဲ ...
ခုခေတ်ကြီးမှာပေါ့ ကွယ်.............

Saturday, December 1, 2012

GTA(Grand Theft Auto)Computer(PC)တွက်ကားသူခိုး ခိုးနည်းလေးတွေ

GTA(Grand Theft Auto)Computer(PC)တွက်ကားသူခိုး ခိုးနည်းလေးတွေပါ။
လိုချင်ရင်ယူထားနော်။
sailay
schophile.blogspot.com


MUNASEF  - Adrenaline Mode

YLTEICZ  - Aggressive Drivers

COXEFGU  - All Cars Have Nitro

ZEIIVG   - All green lights

XJVSNAJ  - Always Midnight

CIKGCGX  - Beach Party

Monday, November 26, 2012

အမျိုးသမီးများက အမျိုးသားများထက် ကိုးဆပို၍ အသည်းကွဲလွယ်တယ်ဆိုပဲ..:)

http://uzawyankin.blogspot.com......မှမျှဝေသည်။



ချစ်သူနှင့် လမ်းခွဲရခြင်းမျိုးသို့မဟုတ် ချစ်သူခင်သူတစ်ယောက်ဆုံးပါးသွားခြင်းတို့သည်အသည်းကွဲခြင်းကို ဖြစ်စေပါသည်။

ယင်းကဲ့သို့သော အဖြစ်မျိုးမှာ အမျိုးသမီးများတွင် ပို၍ အဖြစ်များကြောင်း သုတေ သနအသစ် တစ်ရပ်အရ သိရသည်။

 စိတ်ထိခိုက်ခြင်းသည် နှလုံး တိုက်ခိုက်ခံရခြင်း သို့မဟုတ် အခြား နှလုံးရောဂါဆိုင်ရာ ပြဿနာ
များ၏ ရောဂါလက္ခဏာ ရပ်များကို အကြီးအကျယ် လှုံ့ဆော်ပေးနိုင်သည်ဟု ဆိုသည်။


ပထမဆုံးအကြိမ် အဖြစ် လူအမြောက်အမြားတွင် လေ့လာသုတေသန ပြုချက်အရ အမျိုးသမီးများသည် အမျိုးသားများထက် အသည်းကွဲရောဂါ ဖြစ်နိုင်ခြေ ကိုးဆပို၍များသည် ဟုဆိုသည်။

Wednesday, November 21, 2012

အမေရိကန်သမ္မတအိုဘားမား၏လုံခြုံရေးအဆင့်မြင့်ကား Cadillac


အမေရိကန်သမ္မတအိုဘားမား၏လုံခြုံရေးအဆင့်မြင့်ကား Cadillac

အမေရိကန်သမ္ပတအဖြစ်ရွေးချယ်တင်မြောက်ခံရပြီးနောက်ဘာရက်အိုဘားမားရဲ့လုံခြုံရေးအတွက်အိမ်ဖြူတော်မှငွေကြေးအမြောက်အများအသုံးပြုခဲ့ပါတယ်။

ပုံမှာမြင်တွေ့ရတဲ့အတိုင်းအမေရိကန်သမ္မတတစ်ဦးအတွက်ထောက်ပံ့ပေးထားတဲ့ကားကတော့ဂျိမ်းစဘွန်းကားထက်တောင်သာတယ်လို့ဂုဏ်တင်ပြောဆိုကြပါတယ်။ အမေရိကန် General Motor ကုမ္မဏီထုတ် Cadillac ဇိမ်ခံကား Brand ကနေခွဲထွက်တဲ့ ခါးရှ
ည် ကားအမျိုးအစား ဖြစ်ပါတယ်။ မဖတ်ရှု ရသေးသူများအတွက် နောက်တစ်ခါ ထပ်မံ တင်ပြ လိုက်ရပါတယ်။

ဆီတိုင်ကီ
ကျည်မဖောက်၊ရေမြှုပ်ဖြင့်အလွှာထပ်ထားပြီး၊တိုက်ရိုက်ခိုက်မှုနှင့်ဖောက်ခွဲမှုဒဏ်ကိုခံနိုင်ရည်ရှိပါတယ်။

ကားနောက်ဖုံး
အောက်စီဂျင်သက်ကယ်ဗုးနဲ့၊မီးငြိမ်းသက်ရေးစနစ်တို့ပါဝင်ပါတယ်။

အတွင်းခန်း
လူလေးဦးထိုင်အတွင်းခန်းဖြစ်ပြီး၊သမ္မတထိုင်ဆိုဖာခုံကိုလိုသလိုရွှေ့ပြောင်းနိုင်။ဆိုဖာခုံတွင်ဂြိုလ်တုဖုန်းတပ်ဆင်ထား၊ပြီးဒုတိယသမ္မနှင့်ပင်တဂွန်စစ်ဌာနချုပ်သို့ဆက်သွယ်ရန်တိုက်ရိုက်ဖုန်းလိုင်းတစ်ခုပါရှိ။

တံခါးပေါက်
ရှစ်လက်မထူသောကျည်ကာတံခါး၊နှင့်လေယာဉ်ဘိုးအင်း၇၅၇တွင်အသုံးပြုသောသတ္တုအမျိုးအစား

ယာဉ်မောင်း
အမေရိကန်လျှို့ဝှက်အေဂျင်စီမှအထူးလေ့ကျင့်သင်ကြားပေးထားသောယာဉ်မောင်း

ကားရှေ့မှန်
အားပြင်းသေနတ်ကျည်ဆန်များမထိုးဖောက်နိုင်၊အရေးကြီးစကားပြောရန်သုံးလက်မခန့်သာဖွင့်နိုင်။

ယာဉ်မောင်းရှေ့ခန်း
Dashboard တွင်ဆက်သွယ်ရေးဌာနချိတ်ဆက်မှုနှင့်ဂျီပီအက်စ်လမ်းကြောင်း ရှာဖွေရေးစနစ်တို့ပါဝင်

ကာကွယ်ရေးပစ္စည်းများ
ညဖက်မြင်ကင်မရာ၊ပစ်စတိုသေနတ်၊မျက်ရည်ယိုဗုံး၊သမ္မတအတွက်အရေးပေါ်အသက်ကယ်သွေးအိတ်၊

ကားအောက်ခြေ
ဗုံးပေါက်ကွဲမှုဒဏ်ကိုခံနိုင်သောအဆင့်မြင့်စတီးတပ်ဆင်ထား။

တာယာ
စတီးကွင်းအောက်ခြေခံ၊ကျည်နှင့်သံဆူးများမဖောက်နိုင်သော Kevlar ဓာတုဖြင့်ပြုလုပ်ထားသော Run-flat တာယာအမျိုးအစား။

ဈေးနှုန်း
ဗြိတိန်ပေါင်တစ်သန်းနှင့်အထက်

အရှည်။ ။ ၁၈ပေ
အမြင့် ။ ။ ၅ ပေ၁၀လက်မ
အလေးချိန်။ ။ ၈ တန်
အင်ဂျင်။ ။ ၆.၅လီတာ၊ဒီဇယ်
အမြင့်ဆုံးပြေးနှုန်း။ ။ တစ်နာရီမိုင်၆၀
ဆီစားနှုန်း။ ။ 8mpg
ထိုင်ခုံ ။ ။ ၇ဦးစာ

လက်ရှိအချိန်ကမ္ဘာလုံခြုံရေးအဆင့်အမြင့်ဆုံးလို့သတ်မှတ်ထားတဲ့အမေရိကန်သမ္မတအိုဘားမားသုံးကားကို၂၀၀၉ခုနှစ်ကလူစိတ်ဝင်စားမှုများပြားခဲ့ပါတယ်။နှစ်တွေပြောင်းလဲလာတာနဲ့အမျှနည်းပညာပေါင်းစပ်မှုပိုမိုမြင့်တင်ထားပြီးယခင်ကဖော်ပြထားတာထက်လျှို့ဝှက်နည်းပညာတွေပါဝင်နေအုံးမယ်လို့နည်းပညာရှင်များကဆိုပါတယ်။

Ref; officeusa

ColayOnline:@[100003359212044:2048:Cherrymyay Automobilerental]

အမေရိကန်သမ္ပတအဖြစ်ရွေးချယ်တင်ြေ
မာက်ခံရပြီးနောက်ဘာရက်အိုဘားမားရဲ့လုံခြုံရေးအတွက် အိမ်ဖြူတော်မှငွေကြေးအြေ
မာက်အများအသုံးပြုခဲ့ပါတယ်။
ပုံမှာမြင်တွေ့ရတဲ့အတိုင်းအမေရိကန်သမ္မတတစ်ဦးအတွက်ထောက်ပံ့ပေးထားတဲ့ကားကတော့ ဂျိမ်းစဘွန်းကားထက်တောင်သာတယ်လို့ဂုဏ်တင်ပြောဆိုကြပါတယ်။ အမေရိကန် General Motor ကုမ္မဏီထုတ် Cadillac ဇိမ်ခံကား Brand ကနေခွဲထွက်တဲ့ ခါးရှည် ကားအမျိုးအစား  ဖြစ်ပါတယ်။ မဖတ်ရှု ရသေးသူများအတွက် နောက်တစ်ခါ ထပ်မံ တင်ပြ လိုက်ရပါတယ်။

Monday, November 12, 2012

စကားပြောနည်း ၁၀-မျိုး


စကားပြောဆိုရာ၌ ကျွမ်းကျင်လိမ္မာစေရန် စကားပြောနည်း ၁၀-မျိုးကို ခွဲခြားသတ်မှတ်ထားသည်။ မြန်မာလူမျိုး တို့က စကားကြီး ၁၀-မျိုးဟုခေါ်ဆိုကြသည်။ ယင်းစကားကြီး ၁၀-မျိုး၏ အမည်ကို မုန်တိုင်ပင်ဆရာတော်က မှတ်သားရလွယ်ကူစေရန် သုံးပုံတချူကျမ်း၌ အောက်ပါအတိုင်း လင်္ကာစီထားပါသည်။

၁။ ရေကူးညာတင်
၂။ ကောက်ပင်ရိတ်လှီး
၃။ ရေစီးဖောင်ဆန်
၎။ အိုးတန်ဆန်ခပ်
၅။ ဆီပွတ်ကျည်ပွေ့
၆။ ဆင်ဝှေ့ရန်ရှောင်
၇။ တောင်သူယာခုတ်
၈။ ကြက်ဆုတ်ခွပ်ပစ်
၉။ ရေစစ်သည့်အင်
၁၀။ ခက်တင်မောင်းနင်း
အခြင်းဆယ်ပါး ဤစကားကို မှတ်သားဝမ်းတွင်း လေ့စေမင်း။

သမ္မတဦးသိန်းစိန်ရေးသားထားသော " စီးဆင်းနေသော ဧရာဝတီ "


 

စစ်ဆေးရုံ ကားဂိတ်သို့ အမှတ် (၉) ကား ထိုးရပ် လိုက်ချိန်တွင်
ညနေ ၃ နာရီ၊ ၄၅ မိနစ်သာရှိသေးသည်။ လူနာ တွေ့ချိန်သည် ညနေ
၎ နာရီမှ ၆ နာရီ အထိဖြစ်၍ ၁၅ မိနစ် စောင့်ရပေဦးမည်။ အမှတ် (၂) ဂိတ်ပေါက်ဝရှိ အုတ်ခုံတန်း ပေါ်တွင်ထိုင်ရင်း ထောက်ကြန့်ကား ဂိတ်က ဝယ်လာခဲ့သည့် ၃၅ ပြားတန် ဒူးယား စီးကရက် တစ်လိပ်ကို အင်္ကျီအိတ် ကပ် အတွင်းမှ ဆွဲထုတ်လိုက်သည်။

မီး ညှိရန်အတွက် ဘေး ဘယ်၊ ညာသို့လှမ်း
ကြည့်လိုက်သည်တွင် အုတ်ခုံအစွန်း၌ ဆေးလိပ် ထိုင်သောက်နေသည့် ဦးကြီး တစ်ဦးကို တွေ့၍ အနီးသို့ တိုးကပ်လိုက် မိသည်။

Sunday, November 11, 2012

ခရမ်းချဉ်သီးအသုံးဝင်ပုံ




Photo: ကျန်းမာရေးလည်းကောင်း ဈေးလည်းပေါသည့်  ခရမ်းချဉ်သီးအသုံးဝင်ပုံ ခရမ်းချဉ်သီးမှာ ဗီတာမင်စီ၊ အမျှင်ဓာတ်၊ ဖောလိတ်ဓာတ်၊ ဗီတာမင်ဘီနဲ့ ပု
ိတက်စီယမ် သတ္တုဓာတ်တွေ ပါရှိပါတယ်။ ဒီလို အာဟာရဓာတ်တွေ ပါရှိတဲ့အပြင် လူကိုလည်း မဝစေပါဘူး။ ခရမ်းချဉ်သီး တစ်လုံးမှာ ကယ်လိုရီ ၇၂ ကီလိုဂျူးလောက်သာ ပါရှိတာကြောင့်ပါ။ Antioxidant ပါရှိမှု ခရမ်းချဉ်သီးမှာ Lycopene လို့ခေါ်တဲ့ ရောဂါ တိုက်ဖျက်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) ပါရှိပြီး ကင်ဆာရောဂါကို ကာကွယ် ပေးနိုင်တယ်လို့ ဆိုပါတယ်။ Lycopene ဓာတ်က ခရမ်းချဉ်သီးကို အနီရောင် ဖြစ်စေတဲ့ ဓာတ်ပါ။ ခရမ်းချဉ်သီး အရောင်ရင့်လေ Lycopene ဓာတ်များလေပါပဲ။ ရောဂါတိုက်ဖျက်မှု ဆီးအိတ်ကင်ဆာ လေ့လာချက်တွေအရ ခရမ်းချဉ်သီးကနေ Lycopene ဓာတ် အများဆုံး ရရှိတဲ့ အမျိုးသားတွေဟာ ဆီးအိတ်ကင်ဆာရောဂါ ဖြစ်နိုင်ခြေ လျော့နည်းတာကို တွေ့ရပါတယ်။ ခရမ်းချဉ်သီးဆော့စ် ပါရှိတဲ့ အစာ ဒါမှမဟုတ် ခရမ်းချဉ်သီးကို တစ်ပတ် နှစ်ကြိမ်လောက် စားပေးရုံနဲ့တင် ဆီးအိတ် ကင်ဆာ ဖြစ်နိုင်ခြေ ၂၅ ရာခိုင်နှုန်းထိ လျော့ကျနိုင်တာကို တွေ့ရပါတယ်။

Wednesday, October 24, 2012

တိုယားမား ကမ်းခြေက အပြာရောင်ည

http://blog-aunghtut.blogspot.com


          ဂျပန်နိုင်ငံ တိုယားမား ကမ်းခြေမှာတော့ နှစ်စဉ်နှစ်တိုင်း မတ်လကနေ ဇွန်လပိုင်းလောက်ဆိုရင် ညပိုင်းဆိုရင် ပင်လယ်ကမ်းခြေတစ်လျှောက်မှာ အပြာရောင်တောက်နေတဲ့ အလင်းရောင်လေးတွေကို မြင်တွေ့ရမှာပါ။  ဒီလို ပြာလဲ့လဲ့အလင်းရောင်လေးတွေဟာ Firefly squid လို့ခေါ်တဲ့ ကင်းမွန် (ပြည်ကြီးငါး)တစ်မျိုးကနေ ထွက်လာတဲ့ အလင်းရောင်လေးတွေဖြစ်ပါသတဲ့။ ၃လက်မလောက်သာ ရှည်တဲ့  ဒီလိုငါးတွေဟာ ပုံမှန်အားဖြင့် ပင်လယ်အောက် ပေ ၁၂၀၀ အနက်လောက်မှာ ရှင်သန်နေကြတဲ့ ငါးတွေဖြစ်ပါတယ်။  ဒါပေမယ့် တိုယားမား ပင်လယ်အော်က V ပုံသဏ္ဏန်ပင်လယ်ကြမ်းပြင် ကျောက်ဆောင်တွေကြောင့် ပင်လယ်ရေစီးလှိုင်းတွေဟာ ထိုငါးတွေကို ကမ်းခြေဆီကို တွန်းထုတ်လိုက်သလိုဖြစ်ပြီးတော့ ဒီငါးတွေရဲ့ ဇီဝ သဘာဝ အရ photophores လို့ခေါ်တဲ့ ပြာလဲ့လဲ့ အရောင်လေးတွေကို ထုတ်ပေးပါတယ်။  ဒီလိုနဲ့ ကမ်းရိုးတမ်းတစ်လျှောက်မှာ ညဆိုရင် အပြာရောင်လွှမ်းနေတယ်လို့ ဆိုပါတယ်။  ဒီလိုအချိန်မှာဆိုရင် တန်ပေါင်းများစွာသော အဆိုပါ ကင်းမွန်တွေကို လွယ်လင့်တစ်ကူပဲ ငါးဖမ်းသင်္ဘောတွေဟာ ဖမ်းယူနိုင်ကြပါတယ်။  ဒီလိုမြင်ကွင်းလေးကို ကြည့်ချင်တယ်ဆိုရင်တော့ နာမီရိကာဝါ ငါးဖမ်းဆိပ်ကမ်းမှာ မနက် ၃နာရီလောက်ဆိုရင် ကမ်းခြေတစ်လျှောက် အပြာရောင်သန်းနေတဲ့ မြင်ကွင်းလေးကို ကြည့်ရှု့နိုင်ဖို့ အပျော်စီး သင်္ဘောတွေလည်း စီစဉ်ပေးထားပါသတဲ့။ 

Sunday, October 14, 2012

Miss Myanmar နန်းခင်ဇေယျာ ရဲ့ မေတ္တာရပ်ခံချက်

http://uzawyankin.blogspot.com...........မှ

 

အားပေးပံ့ပိုးကူညီကြသူများအား မေတ္တာရပ်ခံခြင်း

အခုဆိုရင် ညီမကို အစဉ်တစ်စိုက်စောင့်ရှောက်အားပေးပြီး vote လုပ်ပေးနေတဲ့ ညီမကိုပံ့ပိုးသူ ပရိတ်သတ်များဟာ လုံးဝ မမျှော်လင့်ထားအောင် များပြားလာပါတယ်။ ညီမကိုယ်တိုင်တောင်မှ ညီမကို ပံ့ပိုးအားပေးမည့် Supporter အင်အား ဒီလောက်ရလာမယ်လို့ မမျှော်လင့်ရဲခဲ့ပါဘူး။
အဲ့ဒီအတွက် ညီမအပေါ်မှာထားရှိကြတဲ့ အားလုံးရဲ့ပံ့ပိုးမှု နဲ့ မျှော်လင့်ချက်တွေအတွက် မဖော်ပြတတ်လောက်အောင် ကျေး ဇူးတင်ရှိသလို၊ အခုလို ညီမ ရေခြားမြေခြားမှာ ယှဉ်ပြိုင်နေချိန်မှာ ညီမတို့မြန်မာနိုင်ငံသားအားလုံးရဲ့ ကိုယ့်နိုင်ငံသားအခြင်းခြင်း စောင့်ရှောက်ကူညီမှု၊ အားပေးမှုနဲ့ ညီမအပေါ်မှာ နွေးထွေးမှုတွေရရှိတာကိုလည်း ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ပါဘူး။

Saturday, October 13, 2012

အသံကြောင့်ဖားသေ

www.lubo601.com..............မှ
ကိုယ့်မြန်မာကို အားပေးတာ အားပေးတာပေါ့။ သူများမျက်စိ ပမွှေးစူးလောက်အောင်တော့မလုပ်သင့်ဘူးလို့ ကျွန်မထင်ပါတယ်။ အထူးသဖြင့် Miss international Facebook Public page မှာ သူများတွေက Virus လို့ ထင်ရလောက်အောင်" မြန်မာ  မြန်မာ  မြန်မာ" ဆိုတာကို အခါ ၁၀၀ ရေးတာမျိုး။
(အခု ဖယ်ရှား ခြင်းခံရလို့မရှိတော့ပါဘူး) ပြီးတော့ မြန်မာမပါတဲ့ ဓာတ်ပုံမှာ " မြန်မာ  မြန်မာ  မြန်မာ" လို့အော်ချင်ရာ အော်တာမျိုးတွေကြောင့်  မြန်မာတွေ မျက်စိမပါဘူးလား။ စာမတတ်ဘူးလား လို့ထင်သွားပါလိမ့်မယ်။ ကျွန်မတို့တွေ ကပ္ပလီတွေကို ရိုင်းတယ် သွေးဆိုးတယ်ဆိုပြီး ကြည့်မရ အထင်သေး သလိုပေါ့။ ဘယ်သူမပြု မိမိမှုပါ။ မြန်မာတယောက်လာ ဒီအချိုး နှစ်ယောက်လာ ဒီအချိုးဆို  ကြာရင် နိုင်ငံတကာက မြန်မာဆိုတာ ဒီလို ပေါကြောင်ကြောင်လူမျိုးတွေပါလားလို့ မှတ်ယူသွားပါလိမ့်မယ်။ ကိုယ့်လူမျိုးကို အဲ့ဒီလိုအထင်မခံစေချင်ပါဘူး။ Miss international Facebook Public page ဆိုတာ တစ်ကမ္ဘာလုံးက လူတွေလာကြည့်ကြတဲ့နေရာပါ။

Tuesday, September 18, 2012

အရေးပေါ် ဖုန်းအားသွင်းဖို့ လိုအပ်နေရင်



ဖုန်းသုံးနေတဲ့ သူတွေအတွက်ပေါ့အားကုန်နေတဲ့ အချိန်မှာ အားသွင်းဖို့အခက်အခဲရှိရင်လေ
အင်တာနတ်ထဲကရတဲ့ သတင်းလေးပါအားကုန်နေတဲ့ ဘက်ထရီကိုထုတ်လိုက်ပါ
ပြီးရင်ဆေးလိပ်ဘူးခွံ့ မှာပါတဲ့  ငွေရောင်စက္ကူနဲ့ ပတ်လိုက်ပါနေရာမလွတ်စေနဲ့ နော်ပြီးရင်

၂ မိနစ်လောက်မီးအပူပေးလိုက်ပါနေရာအနှံ့ကိုပေါ့ပြီးရင်၁၀ မိနစ်လောက် အအေးခံထား ပြီးပြန်သုံးရင်အရေးပေါ်ဖုန်းခေါ်ဆိုမှုတွေအတွအတွက်ဘက်ထရီအားဟာအဆင်သင့်ဖြစ်နေတာကိုတွေ့ ရပါလိမ်မယ်အားရဲ့ ၅ ပုံ ၂ ပုံဟာပြန်ပြည့်နေတာကိုတွေ့ ရမှာပါ .

ကိုယ့်ရဲ့ကောင်မလေးကိုယ့်ကိုပိုချစ်စေဖို့


ချစ်သူရှိတဲ့ကောင်လေးတိုင်း ကိုယ့်ရဲ့ကောင်မလေးကိုယ့်ကို ပိုချစ်လာတာခံချင်ရင်
အောက်မှာပေးထားတဲ့ အချက်လေးတွေအတိုင်း ဂရုတစိုက်နေထိုင်ပြုမူကြည့်ပါတဲ့ ကျွန်နော့သူငယ်ချင်းတယောက်
ပြော်ပြတဲ့အချက်အလက်လေးတွေပါတော်တော်များများသောကောင်မလေးတွေလိုချင်တဲ့အပြု
အမူနဲ့တော့တိုက်ဆိုင်မယ်ထင်ပါတယ်။

သူမက အရမ်းလှတယ် အရမ်းဆွဲဆောင်အားကောင်းတယ် ဆိုတာ မကြာခဏ ပြောပေးပါ။

သူမရဲ နဖူးလေးကို မကြာခဏ ညင်ညင်သာသာ နမ်းပေးပါ။

Thursday, September 6, 2012

ရှေးဟောင်းအံ့ဖွယ်ခုနစ်ပါး


ရှေးဟောင်းအံ့ဖွယ်ခုနစ်ပါး မှတ်တမ်းကိုပြုစုရေးသားခဲ့သူများမှာ သမိုင်းပညာရှင် ဟီရိုဒိုးတပ်(စ်)Herodotus ဘီစီ(၄၈၄-၄၅၂) နှင့် တက္ကသိုလ်ကျောင်းသား Callimachus ဘီစီ(၃၀၅-၂၄၀) တို့ အလက်ဇန်းဒီးယား(Alexandria) ပြတိုက်တွင် ပြုစုခဲ့ကြခြင်းဖြစ်သည်။ သူတို့ပြုစုခဲ့သော အဆောက်အဦးများမှာ မှတ်တမ်းများမှလွဲ၍ ယခုခေတ်၌ မရှိကြတော့ပေ။ အီဂျစ်ပြည်ရှိ ဂီဇာပိရမစ်သာ ယခုခေတ်တွင်တွေ့ရှိနိုင်တော့သည်။ ရှေးဟောင်းကမ္ဘာမှ အံ့ဖွယ် ခုနစ်ပါးမှာ အောက်ပါအတိုင်းဖြစ်သည်။
1. ဂီဇာ ပိရမစ်ကြီး(Great Pyramid of Giza)
2. ဘေဘီလုံမှ မိုးပျံဥယာဉ်(Hanging Gardens of Babylon)
3. အိုလံပီယာရှိ ဇု(ရပ်)နတ်ဘုရားရုပ်တု(Statue of Zeus at Olympia)
4. Ephesus ရှိ အာသီးမိ(စ) နတ်ဘုရားကျောင်း (Temple of Artemis at Ephesus)
5. Maussollos ၏ င်္သချိုင်းဂူအဆောက်အဦး (Mausoleum of Maussollos at Halicarnassus)
6. ရိုဒတ်(စ်)၏ကျောက်ရုပ်တုကြီး (Colossus of Rhodes)
7. အလက်ဇန်းဒီးယားမြို့ မီးပြတိုက် (Lighthouse of Alexandria)
သမိုင်းကြောင်းအကျဉ်း
ဂီဇာ ပိရမစ်ကြီး(Great Pyramid of Giza)

ဂီဇာပိရမစ်ကြီးအား အီဂျစ်ဖာရို(ဘုရင်) ခူဖူး(khufu) က သူ၏ င်္သချိုင်းဂူအဖြစ် ဘီစီ၂၅၆၀တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ထိုပိရမစ်ကြီးသည် ရှေးဟောင်းကမ္ဘာမှ အံ့ဖွယ်ခုနစ်ပါးတွင် အစောဆုံးတည်ဆောက်ခဲ့သော အဆောက်အဦဖြစ်သည်။ ရှေးဟောင်းအံ့ဖွယ်ခုနစ်ပါးတွင် ယနေ့အထိကျန်ခဲ့သော တစ်ခုတည်းသောအဆောက်အဦးလည်းဖြစ်သည်။ မဟာပိရမစ်ကြီးသည် ဂီဇာအရပ်တွင်ရှိသော ပိရမစ်ကြီးသုံးခုအနက်အကြီးဆုံးဖြစ်၍ ယခုခေတ် ကိုင်ရို(Cairo) မြို့အနီးတွင် ရှိသည်။ စတင်တည်ဆောက်ကာစက ပေပေါင်း၄၈၀ ခန့်ရှိသောလည်း ယခုအခါရာသီဥတုဒါဏ်ကြောင့် ပေအနည်းငယ်နိမ့်ဆင်း သွားခဲ့သည်။ လူသားတို့တည်ဆောက်ခဲ့သော အဆောက်အဦးများတွင် အမြင့်ဆုံးအဖြစ် နှစ်ပေါင်းလေးထောင်ကျော် ဗိုလ်စွဲခဲ့သည်။ ခေတ်သစ်ကမ္ဘာ့အံ့ဖွယ်ခုနစ်ပါးစာရင်းအတွက် မူလက အင်တာနက်၊ဖုန်းများမှတဆင့် မဲပေးခံခဲ့ရသော်လည်း အီဂျစ်အာဏာပိုင်များက ထိုကဲ့သို့မလုပ်သင့်ကြောင်းတားမြစ်ခဲ့သည့်အတွက် ခေတ်သစ်အံ့ဖွယ်ခုနစ်ပါးတွင် မပါဝင်ခဲ့ပေ။
ဘေဘီလုံမှမိုးပျံဥယျာဉ် (Hanging Gardens of Babylon)

အငြင်းပွားဖွယ်ရာများရှိသော်လည်း မိုးပျံဥယာဉ်နေရာသည် ယခုခေတ်အီရတ်(Iraq) နိုင်ငံရှိ ယူဖရေးတီး (Euphrates) မြစ်ကမ်းပါးတွင်တည်ရှိခဲ့သည်ဟု ဆိုကြသည်။ ဘေဘီလွန်းနီးယန်းဘုရင် Nebuchadnezzar II မှသူ၏ နန်းတော်အတွင်းတွင် ဘီစီ၆၀၀ ခန့်ကတည်ဆောက်ခဲ့သည်ဟု ယူဆရသည်။ ထိုဥယျာဉ်မှာ ဘုရင်က သူ၏ မိဖုရားကျေနပ်စေရန်အတွက် ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။ မိဖုရားသည် စိမ်းလန်းသော နယ်မြေဒေသမှလာသူဖြစ်၍ သူ၏နယ်မြေကိုလွမ်းဆွတ်နေသောကြောင့်ဘုရင်က တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်ဟု ပြောကြသည်။ မိဖုရား၏ ဇာတိနယ်မြေမှာ Medes ဒေသဖြစ်၍ ယခုခေတ်နှင့် ဆိုလျင် အီရန်နိုင်ငံမြောက်ပိုင်းကို ဆိုလိုခြင်းဖြစ်သည်။ ဘေဘီလုံမိုးပျံဥယျာဉ်နှင့် ပတ်သတ်သော အသေးစိတ်အချက်အလက်များသည် ဂရိရာဇဝင်များ၌သာ အများဆုံး တွေ့ရသည်။ ဘေဘီလုံမှတ်တမ်းများတွင်မူ မည့်သည့်အသေးစိတ်မှတ်တမ်းမှ မတွေ့ရှိရပေ။

မြန်မာပြည်၏ ထိပ်သီးခရိုနီတဦးအကြောင်း တစေ့တစောင်း (ဦးတေဇ)




by FNG on November 7, 2011
DK၊    ၊ဦးတေဇသည် ဤကမ္ဘာတွင် သင်းကွဲကဲ့သို့ ဖြစ်နေသည့်နိုင်ငံရှိ အရင်းရှင်စနစ်၏ ပြင်ပဆက်ဆံ ရေးမျက်နှာစာတခုသဖွယ်ဖြစ်သည်။ သို့သော် သူလုပ်ပေးနေသည်မှာ ဘယ်သူ့အတွက်ဖြစ်ပါသလဲ။
 မြန်မာပြည်မြောက်ပိုင်းရှိ ရေခဲနေသောကန်တခုသို့ ခရီးထွက်ရန် ဦးတေဇမှ ၄င်း၏ကိုယ်ပိုင်ရဟတ်ယာဉ်ပေါ် သို့တက်ပြီးချိန်တွင် ရာသီဥတုမှာကြည်ကြည်လင်လင် ရှိနေ၏။ ထိုအရပ်တွင်တည်းခိုရန်အတွက် သူပိုင်ဆိုင်သော တောင်ပေါ်ဇိမ်ခံအိမ်တလုံးလည်း ရှိနှင့်ပြီးသားဖြစ်သည်။

သူ၏အသက်သည်လည်း (၄၇) နှစ်ထဲသို့ဝင်ရောက်လာပြီဖြစ်သလို သူစပွန်ဆာလုပ်ပေးခဲ့ပြီးယမန်နေ့ည၌ကျင်းပခဲ့သော ရော့ခ်ရှိုးပွဲတခုမှတေးသံများကလည်း သူ၏နားထဲတွင်ကြားယောင်နေဆဲဖြစ်သည်။ ရဟတ်ယာဉ်သည် တဖြည်းဖြည်းနှင့် အမြင့်ပေ (၁၅၀၀၀) ခန့်ရောက်လာသောအခါ မညီမညာဖြစ်နေသော ရေကန်၏မျက်နှာပြင်ကို သူ့စိတ်ကြိုက်ဓါတ်ပုံများရိုက်ယူခဲ့သည်။
ကံမကောင်းလှစွာပင် ထိုမှမိနစ်ပိုင်းအတွင်းတွင် ရဟတ်ယာဉ်ပိုင်းလော့မှ ရဟတ်ယာဉ်အားဝေဟင်တွင်ဆက်လက်ထိန်းမထားနိုင်တော့ပဲ တောင်ပေါ်တနေရာသို့ပျက်ကျသည့်အနေအထားနှင့်ဆင်းသက်မှု (Crash-landing) ပြုခဲ့ရသည်။
ဦးတေဇနှင့်အခြားသူများအားလုံးသည် ရဟတ်ယာဉ်ပျက်အတွင်းမှ တိုးထွက်ခဲ့ကြရပြီး ၄င်းတို့တွင်ပါရှိသည့်တရုတ်နိုင်ငံလုပ်ဖုန်းတလုံးမှတဆင့် အရေးပေါ်အကူအညီတောင်းခံမှု (Distress Call)အားပေးပို့ခဲ့ကြသည်။ ၄င်းတို့၌ ရိက္ခာအနေနှင့်လည်း သကြားလုံး လက်တဆုပ်စာနှင့် သောက်ရေနှစ်ပုလင်းသာရှိနေခဲ့ပြီး ခြေကျင်းဝတ်မြုပ်သောနှင်းထုထဲတွင် နေနေကြရသည်။

ဖေ့စ်ဘွတ်ကာဟောလစ်စ် ( Facebookaholics ) - ဖေ့စ်ဘုတ်စွဲလမ်းသူများ




      လူ့လောကသဘာဝကြီးသည် ထူးဆန်းအံသြဖွယ်ကောင်းလှသည် ။ အရာအားလုံးမှာ အပူ နဲ့ အအေး ၊ အကြီးနဲ့ အငယ် ၊ အဖိုနဲ့ အစ်မ ၊ အကောင်းနဲ့ အဆိုး တို့ဟာ ဆန့်ကျင်ဖက်တို့ နဲ့ တွဲဖက်ပြီး အခြင်းအရာ တစ်ခုကို ဖြစ်ပေါ်ခိုင်မြဲအောင် ထောက်ပံ့ပေးထားကြသည် ။ ၂၁ ရာစုရဲ့ နည်းပညာပေါက်ကွဲ မှုနဲ့ အတူ ပေါ်ထွက်လာခဲ့ တဲ့ အင်တာနက်မြန်နှုန်းမြင့် ခေတ်ကြီးမှာ လည်း အကောင်း အဆိုး အကြောင်းအကျိုးတွေ ဟာ မျှမျှတတ သဟဇာတ ဖြစ်လျှက် ရှိပေသည် ။

             အင်တာနက်ရဲ့ ကောင်းကျိုးတွေ ကြောင့် သတင်းချက်လက်တွေ အချိန်နှင့် တပြေးညီ သိရှိလာကြပြီး အသိဥာဏ်တွေဟာမြန်မြန်ဆန်ဆန်ပွင့်လင်းလာခဲ့ကြသည် ။ နည်းပညာပေါင်းကူးမှု ၊ ယဉ်ကျေးမှုးစီးဆင်းမှုတို့သည်လည်းအရှေ့အနောက်တောင်မြောက်မကွဲပဲကမ္ဘာကြီးနှင့်တပါတည်းတွဲလျှက်ပါလာနိုင်ကြသည်။ကမ္ဘာကြီးဟာတကယ်ကိုရွာကြီးဖြစ်ခဲ့ပါပြီ ။ ရွာတောင်ပိုင်းက ကိစ္စ တွေကို ရွာမြောက်ပိုင်းက ချက်ချင်းမသိနိုင်သည့်တိုင် ကမ္ဘာအရှေ့ခြမ်းက ကိစ္စတွေကိုတော့ ကမ္ဘာ့အနောက်ခြမ်းက အချိန်နဲ့တပြေးညီသိရှိနိုင်နေပေပြီ။သိပ္ပံဆိုင်ရာ၊အတွေးခေါ်ဆိုင်ရာတွေမှာလည်းပင်ဟိုးယခင်ခေတ်များကလိုပညာရှင်နှင့်သာမန်လူသားများအဖြစ်ခွဲခြားတဲ့အသွင်မဆောင်တော့ပါ။
အင်တာနက်ရဲ့ပေါင်းစည်းမှုနဲ့ အတူ သိပ္ပံပညာရှင်တွေ ရဲ့ ဖြေရှင်းဖို့ ခက်ခဲနေတဲ့ ပြသနာတွေကို သာမန်အင်တာနက်အသုံးပြုသူတစ်ယောက်က သာမန်အမြင်နဲ့ ဝင်ထောက်ပြပြီး ပြေလည်သွားနိုင်တဲ့ အခြေနေတွေရှိသလို ကျွမ်းကျင်သူတွေ ရဲ့ ပညာရပ်တွေကိုလည်း သာမန်လူတွေက အလွယ်တကူ ဆည်းပူးလေ့လာခွင့်တွေလည်းရရှိနေကြပြီဖြစ်သည်။
         ထို့ အတူ နိုင်ငံရေးနယ်ပယ်မှာလည်း လူထုခေါင်းဆောင် ၊ နိုင်ငံခေါင်းဆောင်တွေဟာ အင်တာနက်ရဲ့ ဆိုရှယ်နက်ဝေါ့ခ်များမှာလူထုအသံကို အလွယ်တကူ နားထောင်လို့ရနိုင်သလို ၊ မိမိရဲ့ လုပ်ဆောင်မှုတွေ နှင့် အတူ ပြည်သူလူထုကို အချိန်နဲ့ တပြေးညီ ချပြစည်းရုံးမှုတွေ ပြုလုပ်နိုင်နေပြီဖြစ်သည် ။ ပြည်သူလူထုအနေနဲ့လည်း မိမိတို့ ရင်တွင်းကဆန္ဒ များကို ပွင့်ပွင့်လင်းလင်းထုတ်ဖော်ခွင့် ၊ ခေါင်းဆောင်များရဲ့ ဆောင်ရွက်မှုတွေကိုလည်း မနှစ်သက်တဲ့ခါ သက်ဆိုင်ရင် တရားဝင်ဝဘ်ဆိုဒ်တွေ ၊ တရားဝင်ပေ့ခ်ျ တွေမှာ သွားရောက်ကန့်ကွက်မှုတွေ ၊ ဝေဖန်မှုတွေ ပြုလုပ်နိုင်ပြီ ဖြစ်သည် ။

Thursday, August 30, 2012

နိုင်ငံတော်သမ္မတကြီးသမ္မတ အဂ္ဂမဟာသရေစည်သူ ဦးသိန်းစိန်၏ အတ္တုပတ္တိ




သမ္မတကြီး ဦးသိန်းစိန်သည်လက်အောက်ငယ်သားတွေအပေါ်မှာ တကယ်ပဲ သနားကျင်နာတဲ့သူ တစ်ဦးပါ သမ္မတကြီးကို ၁၉၄၅ ခုနှစ် ဧပြီလ ၂၀ ရက် နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ်တွင် အဘ ဦးမောင်ဖြိုး၊ အမိ ဒေါ်ခင်ညွန့် တို့မှဖွားမြင်ခဲ့သူဖြစ်သည်။

အခြေခံပညာကို ပုသိမ်ခရိုင် ငပုတောမြို့ နယ် ကျုံကူးရွာ မူလတန်းကျောင်း၊ ချောင်းဝရွာ အလယ်တန်းကျောင်း န
ှင့် ပုသိမ်မြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း တို့၌ ပညာသင်ကြားခဲ့သည်။

ထို့နောက် စစ်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ရာ ၀ိဇ္ဇာဘွဲ့(စစ်တက္ကသိုလ်)ရရှိခဲ့ပြီး ၁၉၆၇ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ ရှမ်း(၁)တွင် ဗိုလ်ကြီးအဆင့်ဖြင့် လည်းကောင်း၊

၁၉၈၂ ခုနှစ်အထိ ရမခ၊ ခမရ(၁၀၉) နှင့်ခလရ(၈၉)တို့တွင် ဗိုလ်မှူးအဆင့် ဖြင့်လည်းကောင်း၊

၁၉၈၉ ခုနှစ် တွင် ဒုဗိုလ်မှူးကြီးအဖြစ် ခလရ(၈၉)၊ နတခနှင့် ကက(ကြည်း)တို့တွင် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၉၃ ခုနှစ်တွင် ဗိုလ်မှူးကြီး အဖြစ် ကက(ကြည်း)နှင့် စကခ(၄)၊

၁၉၉၆ ခုနှစ်တွင် ဗိုလ်မှူးချုပ်အဖြစ် စကခ(၄)နှင့်တသခ၊

၁၉၉၇ခုနှစ်တွင် ဗိုလ်ချုပ်အဖြစ် တသခနှင့်ကကရေး၊

၂၀၀၇ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအဖြစ် ကက(ကြည်း)တွင်တာဝန်ဆက်လက် ထမ်းဆောင်ခဲ့သည်။

ဦးသိန်းစိန်သည် ၂၀၀၆ ခုနှစ် မှစတင်၍ နယကအဖွဲ့ နယကအဖွဲ့ ၀င်အဖြစ်လည်းကောင်း၊

အတွင်းရေး မှူး(၂)အဖြစ်လည်းကောင်း၊ အတွင်း ရေးမှူး(၁)အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ကာ

၂၀၀၈ ခုနှစ် တွင် ခေတ္တ၀န်ကြီးချုပ်၊

၂၀၀၈ ခုနှစ် အောက်တိုဘာလမှ စတင်၍ နိုင်ငံတော် ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၈၈ ခုနှစ်တွင် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ကို ရရှိခဲ့သည်။

Wednesday, August 29, 2012

စမတ်ဖုန်းကင်မရာ megapixels မြင့်တိုင်း ဘာကြောင့် ပုံထွက်မကောင်းတာလဲ



ယနေ့ခေတ်မှာ စမတ်ဖုန်းရဲ့ ကင်မရာစွမ်းဆောင်ရည်ကို megapixels နဲ့ တိုင်းတာနေမှုကို မေ့လိုက်သင့်ပါပြီ။ ဘာကြောင့်လဲဆိုတော့ အရောင်းရဆုံး စမတ်ဖုန်းဖြစ်တဲ့ Galaxy S II ရဲ့ မျိုးဆက်သစ် စမတ်ဖုန်းဖြစ်ပြီး quad-core နဲ့ Android Ice Cream Sandwich အသုံးပြုထားတဲ့ Samsung Galaxy S III မှာ 8-megapixel ကင်မရာပါဝင်ပေမယ့် ထင်သလောက် ပုံထွက်ကောင်းမွန်ခြင်းမရှိတာကြောင့် ဖြစ်ပါတယ်။.

  
ဒါ့အပြင် ယနေ့ခေတ် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းကင်မရာတွေအတွက် 8-megapixel ကို စံသတ်မှတ်ချက် တစ်ခုအနေနဲ့ အသုံးပြုကြပေမယ့်လည်း Samsung Galaxy S III ရဲ့ ကင်မရာဟာ Samsung Galaxy Nexus ရဲ့ 5-megapixel ကင်မရာလောက် အသုံးပြုသူများရဲ့ အမွှမ်းတင်မှုကို ရရှိခဲ့ခြင်း မရှိပါဘူး။ 5-megapixel ကင်မရာတွေဟာ အလွန်ကောင်းမွန်တယ်လို့ မဆိုနိုင်ပေမယ့်လည်း 8-megapixel မှန်ဘီလူးပါဝင်တဲ့ ဖုန်းတွေထက် ပိုမိုကောင်းမွန်နိုင်ပါတယ်။ Samsung Focus ရဲ့ 5-megapixel ကင်မရာဟာ Motorola Droid Razr ရဲ့ 8-megapixel မှန်ဘီလူးထက် ပိုမိုလှပတဲ့ ဓာတ်ပုံများကို ရိုက်ကူးပေးနိုင်ပြီး 5-megapixel ကင်မရာပါဝင်တဲ့ Apple iPhone 4 ကလည်း အချို့သော 8-megapixel ကင်မရာတွေထက်  ပိုမိုကောင်းမွန်တဲ့ ပုံများကို ရိုက်ကူးပေးနိုင်ပါတယ်။

Monday, August 27, 2012

သြဇာအရှိဆုံးအမျိုးသမီး ၁၀၀




ကမ္ဘာကျော် စီးပွားရေး မဂ္ဂဇင်း Forbes က ဒီနှစ်အတွင်း သြဇာအရှိဆုံးအမျိုးသမီး ၁၀၀ စာရင်းကို မနေ့က ထုတ်လိုက်ပါပြီ။ အဲဒီထဲမှာ ဒေါ်အောင်ဆန်းစုကြည် (အဆင့် ၁၉)လည်း ပါပါတယ်။
သြဇာအရှိဆုံးကတော့ ဂျာမန်ဝန်ကြီးချုပ် အင်ဂျလာမာခဲ (အဆင့် ၁) နဲ့ အမေရိကန်က ဟီလာရီကလင်တန် (အဆင့် ၂)တို့ ဖြစ်ပါတယ်။

ဂျာမန်ဝန်ကြီးချုပ် အင်ဂျလာမာခဲ

နိုင်ငံရေး၊ စီးပွားရေးနယ်ပယ်တွေက အမျိုးသမီးများ၊ မီဒီယာမှာ အထင်ကရ ဖြစ်နေတဲ့ အမျိုးသမီးများကို နယူးယောက်အခြေစိုက် Forbes က ရွေးချယ်ထားတာပါ။

http://www.forbes.com/power-women/list/


ထိုင်းရဲ့ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် ဒေါ်ရင်လတ်ရှင်နာဝပ် (အဆင့် ၃၀)၊ အိန္ဒိယနိုင်ငံရေးခေါင်းဆောင်တယောက်ဖြစ်သူ ဆိုနီယာဂန္ဒီ (အဆင့် ၆) တို့လည်း ပါပါတယ်။

အထင်ကရများ
ဂျနီဖာလိုပက်ဇ် (အဆင့် ၃၈)

ဂျနီဖာလိုပက်ဇ်ကို ရွေးထားတာကတော့ သရုပ်ဆောင်မှုအားကောင်းချက်ကြောင့်တော့ ဟုတ်ဟန်မတူပါဘူး။
ဂီတ၊ ရုပ်ရှင်၊ ရုပ်မြင်သံကြား ထုတ်လုပ်ရေး လုပ်ငန်းရှင်ဖြစ်တဲ့အတွက် စီးပွားရေးမဂ္ဂဇင်းကြီးက ရွေးလိုက်တာ ဖြစ်နိုင်ပါတယ်။

Wednesday, August 15, 2012

ဆလုံလူမျိုးတွေအကြောင်း လေ့လာကြရအောင်နော်...



ဆလုံလူမျိုးသည် မြိတ်ကျွန်းစု၏ အဖိုးမဖြတ်နိုင်သော ပြယုဒ်တစ်ခုဖြစ်သည်။ သူတို့၏ ဓလေ့စရိုက်၊ ရိုးသား ဖြောင့် မတ်မှုကို တုနှိုင်းရန်အရာ မရှိပါ။ ထို့ကြောင့် ၎င်းလူမျိုးတို့မှာ လူသိများထင်ရှားနေခြင်းဖြစ်သည်။
ဆလုံလူမျိုးတို့သည် နေရာအတိအကျမရှိ၊ ပင်လယ်ပြင်တစ်ခွင် ၀မ်းစာအတွက် လှည့်လည်ကျက်စား ကြသည်။

ရေကူး၊ ရေငုပ်ရာတွင် ကျွမ်းကျင်သည်။ ထို့ကြောင့် Sea Gypsy or Men of the Sea အဖြစ် အမည်တွင်ခြင်းဖြစ်သည်။

သမိုင်းကြောင်း အရ ရှေးယခင်က မလေးကျွန်းဆွယ်တွင် နေထိုင်ကြပြီး စီးနှင်းတိုက်ခိုက်လုယက်မှု များကြောင့် မြိတ်ကျွန်း စု ဘက်သို့ ရွေှ့ပြောင်းလာကြခြင်းဖြစ်သည်။ ယနေ့အခါ ဆလုံလူမျိုးများ ကို ကော့သောင်းမြို့အနီး ကျွန်းများတွင် မြင်တွေ့ နိုင်သည်။


ဆလုံလူမျိုးများသည် စိုက်ပျိုးရေး၊ မွေးမြူရေးတို့ဖြင့် အသက်မမွေး ရေလုပ်ငန်း၊ ပုလဲငုပ်ခြင်းလုပ်ငန်းတို့ဖြင့် အသက်မွေး ကြသည်။ ပင်လယ်ကမ်းခြေတစ်လျှောက် လှေလှော်ခတ်ရင်း တစ်ကျွန်းမှ တစ်ကျွန်းကူး ကာ နေထိုင်လေ့ရှိသည်။ လှေလေး များကို ပေါ့ပါးသော သစ်လုံးများဖြင့် ထွင်းယူကြသည်။
Related Posts Plugin for WordPress, Blogger...