ကျွန်တော့်ဆီလာလည်ကြသော သူငယ်ချင်းမိတ်ဆွေများကို အမြဲကြိုဆိုလျက်ပါ...ကျွန်တော်မှားတာလေးတွေ တွေ့ရင်လည်းခွင့်လွတ်ကြပါ..ကျေးဇူးတင်ပါတယ်...(စိုင်းလေး)

Tuesday, September 25, 2012

ကျေနပ်ပါတော့ကွယ် ….



မနက်ဖြန်ဆိုတာ
ဘာဖြစ်မယ် မသိဘူး။
ဝေေ၀၀ါးဝါး အလွမ်းတွေ
ကျန်နေသေးပေမယ့်
အဝေးကနေဘဲ ငါ
ကန့်လန့်ကာ ချထားတယ် .. ။
မလိမ်ပါနဲ့တော့ ။
စိတ်ထဲမရှိဘဲ လွမ်းတယ်
မပြောပါနဲ့တော့ .. ။
လျှော့လိုက် တင်းလိုက်
မကစားပါနဲ့တော့ ..။
ဆွဲလိုက် နှင်လိုက်
မကျီစယ်ပါနဲ့တော့ ..။
ကြောက်ပါတယ် ။
တစ်ခေါက်တစ်ခါ အလွမ်းနဲ့တင်
အသက်ပါပျောက်ဘူးတယ် ။
အပ်တစ်ချောင်းစာ
ဒဏ်ရာဆိုပေမယ့်
ငါမှာ ဘ၀တစ်ခုလုံးပါ
မေ့သွားခဲ့ဖူးပါတယ် ..။
နင် ကျေနပ်ပါတော့ကွယ် ..

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...