ကျွန်တော့်ဆီလာလည်ကြသော သူငယ်ချင်းမိတ်ဆွေများကို အမြဲကြိုဆိုလျက်ပါ...ကျွန်တော်မှားတာလေးတွေ တွေ့ရင်လည်းခွင့်လွတ်ကြပါ..ကျေးဇူးတင်ပါတယ်...(စိုင်းလေး)

Tuesday, September 18, 2012

တကယ်မသိတာလား ချစ်သူ

အမြဲတမ်းရယ်နေတာပဲလို့ နင်ပြောတယ်နော်
လူနွမ်းတာ ခံနိုင်တယ်
စိတ်နွမ်းတာ မခံနိုင်ဘူး ပြောနေကြ
နင့်စကားကြောင့်မှန်း လုံးဝမသိတာလား
အမြဲတမ်း တစ်ယောက်တည်း ဆုံးဖြတ်တယ်နော်လို့
နင်ပြောတိုင်း ငါ့စိတ်ထဲမှာတော့
တိုင်ပင်မယ်လုပ်တိုင်း ဖုန်းမကိုင်တာ
အဝေးရောက်နေတဲ့ နင့်ကို
မေးလ်ပို့တိုင်း အလုပ်ကြောင့်
မဖတ်တာတွေကြောင့်မှန်း နင်မေ့သွားပြီလား
အမြဲတမ်း တစ်ယောက်တည်း နေတယ်နော်တဲ့
ကွန်ပျူတာရှေ့မှာ အချိန်ကုန်ပြီး
နင့်ကိုပဲ ရှေ့တန်းတင်လို့
သူတို့နဲ့ ဝေးသွားတာကို
နင်နည်းနည်းလေးမှ မရိပ်မိတာလား

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...