ကျွန်တော့်ဆီလာလည်ကြသော သူငယ်ချင်းမိတ်ဆွေများကို အမြဲကြိုဆိုလျက်ပါ...ကျွန်တော်မှားတာလေးတွေ တွေ့ရင်လည်းခွင့်လွတ်ကြပါ..ကျေးဇူးတင်ပါတယ်...(စိုင်းလေး)

Sunday, September 9, 2012

စိတ်ကျ ဝေဒနာ

ကဗျာ တွေ စာ တွေလဲ
မတိုးတော့ဘူး
ရင်ဘတ်ကြီးလဲ ဆို့နင့်နင့်
ဘာမှန်းလဲ မသိချင်တော့ဘူး
ဘာမှလဲ မရှိတော့ဘူး….
လုပ်စရာတွေ တပုံတပင်
အားလုံးကို ငေးကြည့်ရင်း
အသက်ရူနေသလားတောင် သတိမရ….
လေးလံနေတဲ့ ခြေလက်တွေ
ရိုက်ချိုး ပြစ်လိုက်ချင်တယ်လို့
တခါမှ မကြွေးကြော်ဘူး
ပိုးလိုးပက်လက် လှဲချချင်တာလေး တခုပဲ…
တင်းကြပ်နေတဲ့ ဒီရင်ဘတ်
ခွဲထုတ် လိုက်ချင်တယ်လို့
တွေးတော့ မတွေးရဲဘူး…..
အားလုံးကို မမြင်ချင်ဘူး
ဘာမှလဲ မကြားချင်ဘူး
အရာအားလုံး ….အရှုံးပေးပါတယ်
ငါ….နှင့်…….ဝေး…ဝေး….နေပေးကြပါ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...