ကျွန်တော့်ဆီလာလည်ကြသော သူငယ်ချင်းမိတ်ဆွေများကို အမြဲကြိုဆိုလျက်ပါ...ကျွန်တော်မှားတာလေးတွေ တွေ့ရင်လည်းခွင့်လွတ်ကြပါ..ကျေးဇူးတင်ပါတယ်...(စိုင်းလေး)

Friday, September 14, 2012

WinUSB Maker v1.7





ဒီကောင်လေးကတော့ ကျနော်တို့ Windows တွေကို USB ပေါက်ကနေ ဝင်းဒိုးတင်လို့ရအောင်... USB Pendrive ထဲကို Windows ခွေတခွေလုံး Boot တက်အောင် copy ကူးထည့်တဲ့ နေရာမှာ အသုံးဝင်ပါတယ်..။ Windows XP, Windows Vista, Windows7, Windows8 ဝင်းဒိုးအားလုံးကို Support လုပ်ပါတယ်..။ ဖိုင်ဆိုဒ်ကလည်း သေးသေးလေးပါ..။ 1.3 MB ပဲရှိပါတယ်..။ အသုံးပြုရတာ လွယ်လို့ ကျနော်အမြဲသုံးဖြစ်တဲ့ ကောင်လေးပါ..။ အခုဒီကောင်လေးကို ဘာအတွက် အဓိက တင်ပေးလိုက်တာလဲဆိုတော့.. ကွန်ပျူတာတော့ ရှိပြီး CD/DVD Drive မရှိတဲ့သူများနဲ့.. CD/DVD Drive တော့ပါပြီး အခွေကူးဖို့ ROM မကောင်းတဲ့သူများအတွက် အဓိက တင်ပေးလိုက်တာပါ..။ အသုံးပြုနည်းကို အောက်မှာပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများ အရင် ဒေါင်းယူထားလိုက်ပါဗျာ..


ဒီပုံမှာ လုပ်ပြထားတာကတော့ နောက်တင်မယ့် ပိုစ့်ဖြစ်တဲ့ Windows Repair Disc 32-bit (64-bit) ကို ISO ဖိုင် ပြောင်းပြီး လုပ်ပြထားခြင်းပဲဖြစ်ပါတယ်.. ဒီ ISO ဖိုင်ကို ကျနော် ဖုန်းမန်မိုရီကတ်ထဲမှာ Card Reader နဲ့ ဂျိုင်းပြီး လုပ်ပြထားပါတယ်..။ အောက်ကပုံအတိုင်း 1.9 GB လို့မြင်နေရပါတယ်..။ ဒီနည်းနဲ့ အသုံးပြုမယ့်သူများကတော့ မိမိတို့ပြုလုပ်ချင်တဲ့ USB မန်မိုရီ ကတ်တွေကို USB ပေါက်တွေမှာ အရင်ထိုးတပ်ထားပြီးမှ ဒီ WinUSB Maker လေးကို ဖွင့်ပါ.. ပြီးရင်တော့ အောက်ကပုံအတိုင်း ဆက်လုပ်ပေးလိုက်ပါ..။ တကယ်လို့ CD/DVD ထဲကနေ USB ထဲကို ထည့်မယ်ဆိုရင်တော့ အေက်ကပုံမှာ မြင်နေရတဲ့ Setup Folder Bootable Disk စားသားနေရာမှာ တချက်ကလစ်ပြီး.. Browse ISO Image (ဒီအောက်ကပုံမှာ မြင်နေရတဲ့ နေရာအတိုင်း) စာသားနေရာကနေ CD/DVD ရှိတဲ့ နေရာကို သွားရွေးပေးလိုက်ပါ..။ ပြီးရင်တော့ G နေရာကို ကလစ်ပြီး လုပ်ခိုင်းလို့ ရပါပြီ..




Success ဘောက်စ်လေးပေါ်လာရင်တော့ ကျနော်လုပ်လိုက်တဲ့ Boot တက်တဲ့ USB မန်မိုရီကတ်လေးကို ရရှိသွားပါပြီ..။  Windows Repair Disc 32-bit (64-bit) Image ISO ဖိုင်တွေကို ကျနော်ဒီနေ့ တင်နေပါတယ်..။ ဒါပေမယ့် လိုင်းပြန်ကျနေလို့ တညလုံး တင်တာတောင် တင်လို့ မရပါဘူး..။ နောက်ပြီး Nero 8 ကိုလည်း Connection ပြန် ကောင်းတာနဲ့ တင်ပေးသွားပါ့မယ်..။ အခုတော့ ဒီကောင်လေးကို အသုံးပြုလောက်ပြီလို့ ထင်ပါတယ်.. ဒေါင်းယူသိမ်းထားလိုက်ပါဗျာ..

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...