ကျွန်တော့်ဆီလာလည်ကြသော သူငယ်ချင်းမိတ်ဆွေများကို အမြဲကြိုဆိုလျက်ပါ...ကျွန်တော်မှားတာလေးတွေ တွေ့ရင်လည်းခွင့်လွတ်ကြပါ..ကျေးဇူးတင်ပါတယ်...(စိုင်းလေး)

Tuesday, September 25, 2012

နင်မမြင်နိုင်တဲ့ ငါ့ရဲ့ မျက်ရည်


ဘာလုပ်တော့မှာလဲ
တဆစ်ဆစ်နဲ့   နာနေတဲ့ရင်
နင့်ကိုမှ မတွေ့  ရတာ
ပိုပိုဆိုးလာလဲ
နင်ရောက်လာမှာမှ မဟုတ်ပဲ

ဟုတ်ပါတယ်
နင့်သူငယ်ချင်းပြောတာ
Anniversary ထက် အရေးကြီးတဲ့ အရာတွေ
နင်လုပ်နေတာပဲတဲ့
လွမ်းတယ်လို့   အော်နေတဲ့ ငါပဲ
တစ်ကောင်ထဲ မိုးကွက်ချုပ်နေတာ

ငါရွေးချယ်ခဲ့တဲ့ လမ်းမဟုတ်ပေမဲ့
ငါရွေးချယ်ခွင့်မရှိခဲ့ပဲလေ
ကိုယ့်အပြစ်နဲ့   ကိုယ်ဝေးနေတာဆိုပေမဲ့
ဒီလူက နင့်ကို သည်းထန်စွာလွမ်းနေတာမဟုတ်ဘူးလို့
နင်တွက်ထားရင် နင်မှားမှာပေါ့


ပိုပါတယ် နင့်ထက်
ချစ်တာရော
မေတ္တာရော
သစ္စာရော
အလွမ်းတွေပါ ထပ်ပေါင်းထည့်လိုက်ဦး

သတိသိပ်ရတဲ့ အခါ ငါဘာလုပ်မလဲ
ငါပြချင်တယ်နင့်ကို
နင့်ကို ရူးသွပ်စွာနဲ့   ရေးထားတဲ့
ငါ့ရဲ့   မျက်ရည်တွေနဲ့    ရေးတဲ့ ကဗျာတွေ
ဒါပေမဲ့
နင်ဖတ်လို့ပဲ ရမယ်
ဘယ်ခံစားလို့   ရပါ့မလဲ
နင်မှ ကဗျာတွေကိုမသိပဲ

အဲဒီတော့
ငါ့ရဲ့   ကဗျာတွေက
နင်မမြင်နိုင်တဲ့ ငါ့ရဲ့ မျက်ရည်တွေ
အပြင်မှာတော့ ငါက
သိပ်အသည်းမာတဲ့ သူပေါ့ဟာ
(နင့်ရဲ့   တစ်ဖက်သတ် အမြင်)


ဖွင့်ထားတဲ့ သီချင်းတွေလဲ
သံစဉ်မဲ့ကုန်ပြီ
မြင်နေတဲ့ အရာတွေလဲ
အဓိပါယ် မဲ့ကုန်ပြီ
ဘာမှ မရှိတော့ဘူး
ငါ့ရင်ဘတ်လဲဟောင်းလောင်း
ငါ့ အသိဥာဏ်လဲ လွင့်ထွက်
ငါ့ ညတွေလဲ ခြောက်ကပ်
ငါ့ ကဗျာတွေလဲ အေးစက်
ငါ့ အချစ်တွေလဲ သွေးပျက်ကုန်ပြီ
ချစ်သူ
နင်မရှိတဲ့ ကမ္ဘာက ငါ့အတွက်
နေချင်စဖွယ်ကိုမရှိတာ
နင်မရှိရင် ငါအသက်မရှင်ချင်ဘူး
အရူးတစ်ယောက်လိုပဲ ဆက်တိုက်အော်ဟစ်နေချင်တယ်
ငါနင့်ကို သိပ်ချစ်တယ်
ငါနင့်ကို သိပ်ချစ်တယ်
ငါ……………..
………..
..

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...