ကျွန်တော့်ဆီလာလည်ကြသော သူငယ်ချင်းမိတ်ဆွေများကို အမြဲကြိုဆိုလျက်ပါ...ကျွန်တော်မှားတာလေးတွေ တွေ့ရင်လည်းခွင့်လွတ်ကြပါ..ကျေးဇူးတင်ပါတယ်...(စိုင်းလေး)

Sunday, September 9, 2012

မချစ်တတ်ဘူး

သူများတွေရေးတှဲု့နုနုရွရွအချစ်ကဗျာလေးတွေဖတ်ရတိုင်း
ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်မိတယ်
တကယ်တော့
ငါ ဆိုတဲ့သူက
အချစ်ဆိုတာကိုရေရေရာရာသိတဲ့သူမဟုတ်သေးပါလားဆိုတာကိုလေ
အဲဒီ့အချစ်ဆိုတာကိုလည်း
ထိတွေ့ချင်စိတ်မ၇ှိမိဘူး
လောကမှာ ကိုယ့်ကိုကိုယ်ထက်ပိုချစ်တယ်ဆိုတာမျိုး
၇ှိနိုင်ပါ့မလား……..
ငါကတော့
ကမ္ဘာပေါ်မှာ ကိုယ့်ကိုကိုယ်ကိုအချစ်ဆုံးပဲ
သူတပါးရဲ့စိတ်နဲ့ အချိန်တိုင်းကိုအသက်ရှင်ရတာ
စိတ်ပျက်စရာကောင်းမှာပေါ့
ကိုယ့်အချိန်ကိုယ်ပိုင်
ကိုယ့်အယူအဆနဲ့ကိုယ်
တယောက်နဲ့ပဲနေချင်တယ်
ကဲ…….
ငါ့ကို လူမိုက်လို့ပြောလည်းပြောကြတော့
အချစ်ဆိုတဲ့ အစမလုပ်သင့်တဲ့အရာကိုတော့
ကိုယ့်ကိုကိုယ်အနာခံပြီး
မရှာဖွေချင်တာအမှန်ပဲ
ငါ ၀န်ခံပါတယ်
သူများတွေလို ပြောင်ပြောင်မြောက်မြောက်မပြောနဲ့
မဖြစ်စလောက်ကလေးတောင်
မချစ်တတ်ဘူး….။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...