ကရဏိယနှင့်ဆွမ်းစား အံသွား ဗထက်ချိုက်လိုက်ပြီ
“လက်ရှိအတိုင်းနေလာသည်မှာကြာပြီ၊ အထူးအထွေအားထုတ်ဖွယ်ရာမရှိ”ဟု ဆိုလို
သည်။ “မိမိနည်းနှင့်မိမိအောင်မြင်မှုအတွေ့ အကြုံများလှပြီ။ အခြားနည်း
ရှာကြံလက်ခံဖွယ်...
င
ငါးပိဖြစ်ပြီးမှ အမြီးမနှံ့ချင်နှင့်တော့
ငါးသည်သေရုံသာမက ဆားနှင့်သိပ်နယ်ထောင်းထုခံရ၍ ငါးပိဖြစ်ပြီးသည့်
နောက်တွင် မည်သည့်နည်းနှင့်မျှ လှုပ်ရှားနိုင်တော့မည်မဟုတ်သဖြင့်
အမြီးနှံ့၍မရသည့် အတိုင်းမရနိုင်သည်ကို...
ည
ညောင်ဦးကမ်းပါးပြို စမ္မနဂိုက နွားမပေါင်းကျိုး
ညောင်ဦးမြို့တွင် ကမ်းပါးပြိုကျခြင်းကြောင့် ညောင်ဦးနှင့်
ကွာလှမ်ေးသာ အခြားတစ်ဒေသရှိ စမ္မနဂိုမြို့မှ
နွားမတစ်ကောင်ပေါင်ကျိုးရသည်ဆိုခြင်းမှာ ဘာမျှ...
ဒ
ဒူးနေရားဒူး တော်နေရာတော်
ရှေးအခါတုန်းက နန်းတော်တွင် ခစားကြသူများမှာ မိမိအဆင့်အတန်းအလိုက် ရရှိသောနေရာတွင်သာ ခစားကြရလေရာ တော်၊ ဒူး၊...
ပ
ပျားရည်နှင့် ၀မ်းချသည် (၀န်ချသည်)
ဝမ်းသွားစေရန် အ၀င်ဆိုးသော ဆေးများဖြင့် ၀မ်းမနုတ်ဘဲ ချိုမြသော ပျားရည် ဆေးဖြင့် ၀မ်းပုပ်ချသည်ဟု...
ဘ
ဘူးထဲကရေပါ
လူတစ်ယောက်က ရေဘူးယူလာသည့်အခါ အခြားတစ်ယောက်က မိမိရေကိုပါ ၎င်းဘူးဖြင့်ထည့်၍ ယူခဲ့ရာ ထိုသူက သူ၏ရေကိုတောင်းသဖြင့်...
ရ
ရှေ့တိုးထမ်းပိုး၊ နောက်ဆုတ်လှည်းထုပ်
လှည်းကထားသောနွားသည် မရုန်းမထွက်သာဘဲ ရှေ့သို့တိုးလျှင်လည်း ထမ်းပိုးက တားဆီးထားပြီး နောက်သို့ဆုတ်လျှင်လည်း လှည်းထုပ်က တားဆီးထား...
သ
သူဌေးကြေးပသည် (ကြေးပံသည်)
ငွေကြေးချမ်းသာ ကြွယ်ဝသော သူဌေးသည် အခွန်ထုတ်အခကြေးငွေကို
ပေးနိုင်သူဖြစ်ပါလျက် ထိုသူဌေးကိုမှ အခွန်အတုတ်မကောက်ခံဘဲ
ပလပ်ကင်းလွတ်ခွင့်...
ဂ
ဂါထာလူတိုင်းပေး တေးဖြစ်သည်
အစွမ်းအာနိသင် ထက်မြတ်သောဂါထာကို နေရာဌာနအားလျော်စွာ စည်းစနစ်တကျ ရွတ်ဆိုရန် ပေးခြင်းမဟုတ်ဘဲ လူအားလုံးကို ဖြန့်ပေးခြင်းဖြင့်...
ဆ
ဆန်ပေးမှ ဆေးရသည်
ဆန်နှင့်ဆေးကို လဲလှယ်၍ယူရာတွင် ဆေးကို အခမဲ့ရသည်မဟုတ် ဆန်ပေး၍ သာ ဆေးကိုရခြင်းဖြစ်သည်။ ကျေးဇူးတင်စရာ...
ထ
ထမင်းကြမ်းက အငွေ့ထွက်ချင်
အပူငွေ့စဲ၍ အေးနေသော ထမင်းကြမ်းခဲကပင်လျှင် သဘာဝမဟုတ်ဘဲ အငွေ့ ထွက်ချင်ခြေင်းမှာမသင့်ဟု ဆိုလိုသည်။ မိမိသဘာဝမဟုတ်ဘဲ...
န
နူရာဝဲစွဲ လဲရာသူခိုးထောင်း
နူနာရောဂါစွဲနေသည့်သူမှာ ထပ်၍၀ဲနာစွဲသည်။ ပြေး၍လဲကျရာတွင် သူခိုးက ထပ်မံ၍ ထောင်းသည်ဟုဆိုလိုသည်။ ဒုကတစ်ခုပေါ်တွင် နောက်ထပ်...
ဗ
ဗျိုင်းမှန်လျှင် ခြေစိမ်းသည်
ငှက်အမျိုးမျိုးတွင် ခြေတံရှည်၍ ငါးဖမ်းတတ်သော ငှက်မျိုးများစွာ ရှိသော်လည်း ဥဗျိုင်းမျိုးမှာ ခြေမနီဘဲ စိမ်းသဖြင့်...
ယ
ယုန်တောင်ပြေး၊ ခွေးမြောက်လိုက်
ယုန်ကို ခွေးနှင့်လိုက်စေရာ ယုန်ကတောင်ဘက်သို့ ပြေးသော်လည်း ထူအ သောခွေးသည် ယုန်ကို မျက်ခြေပြတ်သွားသဖြင့်...
ဝ
ဝမ်းတစ်လုံးကောင်း ခေါင်းမခဲဘူး
အစာအိမ်က အစာကောင်းစွာ ချေချက်နိုင်ခြင်းမရှိခဲ့သော် ရောဂါဘယ အမျိုးမျိုး အထွေထွေ ဖြစ်ပွားတတ်ပေရာ အစာအိမ်...
အ
အတတ်ကျူး၍ ဘီလူးဖြစ်သည်
တွေ့မြင်ရာကို သင်ကြား၍ အသစ်နည်းနာမှန်သမျှ စမ်းသပ်ကာ သူတစ်ပါးထက် ထူးကဲလျှင် ပြီးတမ်းသဘောဖြင့် သူတစ်ပါးထက်ပို၍...
ခ
ခွေးလှေးခုန်၍ ဖုန်မထ
အထုအထည်နှင့် အလေးချိန်နည်းပါးသေးငယ်သော ခွေးလှေး၊ ခွေးသန်းတစ်ကောင် သည် မည်မျှပင် ခုန်စေကာမူ ဖုန်တထောင်းထောင်း...
စ
စူဠလိပ်ရေထဲလွှတ်သည်
လိပ်သည် ရေထဲတွင်နေသော သတ္တ၀ါဖြစ်သော်လည်း ရေကိုကြောက်ရွံ့ ဟန်ဆောင်သဖြင့် နှိပ်စက်သည့်သဘောဖြင့် ရေထဲသို့ လွှတ်ချကြည့်သောအခါ...
တ
တစ်ခါသေဖူး ပျဉ်ဖိုးနားလည်သည်
အိမ်တစ်အိမ်၌ တစ်စုံတစ်ယောက် သေဆုံးဖူးသောအခါ အခေါင်းပြုလုပ်ရန်
သစ်ပျဉ်မည်မျှ သစ်ဖိုးမည်မျှကျမည်ကို လက်တွေ့သိရှိနားလည်ဖူးသွားသည်ဟု
ဆိုလိုသည်။...
ဓ
ဓားခုတ်ရာတွင် လက်လျှိုမှားသည်
သူတစ်ပါးက ဓားနှင့်ခုတ်စင်းနေရာသို့ မိမိက တမင်္ဂလာဝင်၍ လက်လျှိုခံ သောအခါ အကြောင်းမဲ့လက်ပြတ်ရသည်ဟု ဆိုလိုသည်။...
ဖ
ဖွဲကိုထောင်း၍ ဆန်ကောင်းမရ
စပါးကိုကြိတ်ထိုး၍ ဆန်လုံးတီးစေ့ကို ထောင်းမှ ဆန်ဖြူဆန်ကောင်း ရရှိနိုင်သည်ဖြစ်ရာ ဆန်စေ့မပါတော့သည့် ဖွဲကြမ်းခွံကို မည်မျှပင်...
မ
မျက်နှာကြီးရာ ဟင်းဖတ်ပါ (ဇွန်းခွက်ကြီးရာ ဟင်းဖတ်ပါ)
ထမင်းဝိုင်းတွင် ဟင်းလိုက်ပေးရာ၌ မျက်နှာကြီးငယ်မရွေးတတ်၍ ကြွယ်ဝချမ်း
သာသူ၊ လိုလားသူ၏မျက်နှာကိုငဲ့၍ ထိုသူအား
ဟင်းဖတ်များစွာထည့်ပေးပြီးလျှင်...
လ
လင်းတလောက်တော့ ငှက်တိုင်းလှသည်
လင်းတသည် ငှက်အမျိုးမျိုးအနက်တွင် အရုပ်ဆိုးသော ငှက်ဖြစ်သဖြင့် အခြား ငှက်များသည် အရုပ်ဆိုးသည်ဟု ဆိုရစေကာမူ...
ဟ
ဟောင်လွန်းသည့်ခွေး လူမလေး
ခွေးဟောင်သောအခါ ကိုက်တော့မည်အထင်ဖြင့် လူကထိတ်လန့်တတ်သော် လည်း ခွေးသည်ဟောင်ခြင်းကိုသာ အားကိုး၍ တဟောင်တည်း ဟောင်နေသောအခါ...
No comments:
Post a Comment