ချစ်နေရလည်းကျေနပ်နေမှာ
တစ်ရက်တစ်ရက်
အသက်ထွက်မတတ်
တစ်လှပ်လှပ်ခုံတဲ့ ရင်
ယုံခြင်မှယုံပါတော့ 
ဆုံခြင်တဲ့ နင့် ပုံရိပ်
စိတ်လှုပ်ရှားစွာ
ငါစောင့် မျှော်နေကျဟာ
နင်သိပါလျက်နဲ့ 
အသိခက်တဲ့ အပြုအမူတွေနဲ့ 
ပူလောင်မှုတွေတမင်ပေးပြီး
နင်ရှောင်ပြေးခြင်နေသလား
ချစ်သူရယ်...
တကယ်ပဲ
ထားခဲ့ တော့ မယ်ဆိုရင်လည်း
ရဲရဲသာပြောပါ
မောလှတဲ့ ငါ့ ရဲ့ ရင်
သောကတွေနဲ့ မရွှင်ပျနိုင်တောင်
နင်ကျေနပ်မယ်ဆို
ငါလေဘယ်လိုပဲဖြစ်ဖြစ်
နားလည်ပေးရစ်မှာပါဟယ်..
အခုတော့ 
ဘာဖြစ်နေသလည်းမသိရ
ခနခနပျောက်နေတဲ့ နင့် အတွက်
chat ခြင်တိုင်းလည်းမ chat ရ
ညညဆိုလည်းအိပ်မပျော်
နင်ခေါ်လေမလားအတွေးများနဲ့ 
com ရှေ့ ကမှန်သားမျက်နှာပြင်
နင်ပုံရိပ်ထင်လာလေမလား
ချောက်ချားရတဲ့ အသိစိတ်နဲ့ 
တထိတ်ထိတ်စောင့် စားရတဲ့ 
ငါ့ ရဲ့ အဖြစ်
အသစ်မြင်လို့ 
မချစ်ခြင်တော့ ဘူးဆိုရင်လည်း
ခွဲပြီးသာထားခဲ့ ပါ
ဒါပေမဲ့ မျှော်နေမိသူငါ့ အတွက်
နှိပ်စက်သလိုတော့ မလုပ်ပါနဲ့ 
အိပ်စက်မရနိုင်တဲ့ ညတွေမှာ
စိတ်ပျက်ရတဲ့ ဝေဒနာတွေနဲ့ 
မသေချမရေရာတဲ့ အနာဂါတ်မှာ
ငါနင့် ကိုချစ်နေရလည်း
အမြဲကျေနပ်နေမှာပါ.....ချစ်သူရယ်
kyawshein
No comments:
Post a Comment