နင်မပြုံးပါနဲ့လားချစ်သူရယ်
တစ်ပါးသူအတွက်
နင်အပြုံးတွေ ခြွေလိုက်တိုင်း
ငါ့ရှုံးသွားသလိုပဲ …
ငါစိတ်က အသုံးမကျဘူး ဆိုဆို
သ၀န်တိုစိတ် တွေ နဲ့
ငါစိတ်ညိုတယ်
အချစ်ပိုလို့ မျက်ဝန်းစိုတယ် ထင်ပ
ဒီရင်က ရှုံးပြီးရင်ရှုံး
မင်း အပြုံးလေးတွေ
ရင်မှာ ဝေ နေတုန်းပဲ
တစ်ပါးသူလက်ထဲ မပေးရက်ပါဘူးကွယ်.......။
No comments:
Post a Comment