မဟုတ်ဘူး ..မဟုတ်ခဲ့ဘူး …
အဲ့ဒါထက် ပိုခဲ့ရတာ ………….။
လွမ်းတာ ..
မဟုတ်ဘူး ..အဲ့ဒါလည်း မဟုတ်ခဲ့ပြန်ဘူး
လွမ်းတာထက်ပိုခဲ့တာ ………..။
အတူနေချင်မိတယ် …
မဟုတ်ဘူး .. လုံးဝ မတမ်းတခဲ့ဘူး
အတူရှင်သန်နေခဲ့တာ ……….။
ကဗျာရေးနေတာ…
မဟုတ်ဘူး ..လုံးဝ မဟုတ်ခဲ့ဘူး
နှလုံးသားရဲ့ စကားသံ တိုးတိုး ရွတ်ဆိုခဲ့တာ ……..။
No comments:
Post a Comment