Saturday, September 29, 2012
နောင်တ
စိတ်ကူးတွေ ဝေ့၀ဲ ..
အတိတ်တွေကိုသာ
အစက ပြန်ရစ်လို့ရရင်
ငါ ဒီလို
လွဲချော်နေမှုတွေအတွက်
တစ်ခန်းရပ်ပစ်ချင်တယ် ..
ချစ်သူ
နင့်ကို မချစ်သလို
ရင်နာနာနှင့်
ဟန်ဆောင်ခဲ့ရခြင်းတွေ …
အသဲပေါက်ထွက်မတတ်
လွမ်းနေရက်နှင့်
မသိသလို မမြင်သလို
တန်ဖိုးမထားတတ်ခဲ့ခြင်းတွေ …
နောက်ဆုံး
အချစ်တွေ နင်
ယူငင်လာပေးတာတောင်
မာနကို ရှေ့ထား
နင့်ချစ်ခြင်းတွေကို
ငါ ခါးစေခဲ့ခြင်းတွေ ..
ထားခဲ့တဲ့နောက်မှာ
ငါ့နှလုံးသားမြေပြင်က
သွေ့ခြောက်
နင် ပြန်မလာမှန်းသိနေရက်နှင့်တောင်
ငါ မနက်လင်းတိုင်း
မျှော်နေမိသေးတယ် … ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment