မတိုးတော့ဘူး
ရင်ဘတ်ကြီးလဲ ဆို့နင့်နင့်
ဘာမှန်းလဲ မသိချင်တော့ဘူး
ဘာမှလဲ မရှိတော့ဘူး….
လုပ်စရာတွေ တပုံတပင်
အားလုံးကို ငေးကြည့်ရင်း
အသက်ရူနေသလားတောင် သတိမရ….
လေးလံနေတဲ့ ခြေလက်တွေ
ရိုက်ချိုး ပြစ်လိုက်ချင်တယ်လို့
တခါမှ မကြွေးကြော်ဘူး
ပိုးလိုးပက်လက် လှဲချချင်တာလေး တခုပဲ…
တင်းကြပ်နေတဲ့ ဒီရင်ဘတ်
ခွဲထုတ် လိုက်ချင်တယ်လို့
တွေးတော့ မတွေးရဲဘူး…..
အားလုံးကို မမြင်ချင်ဘူး
ဘာမှလဲ မကြားချင်ဘူး
အရာအားလုံး ….အရှုံးပေးပါတယ်
ငါ….နှင့်…….ဝေး…ဝေး….နေပေးကြပါ။
No comments:
Post a Comment